- Downloadတရားတော် (6)
- mp3 (11)
- mp3တရားတော်များ (18)
- ကရုဏာတရား (1)
- ဂါထာတော်များ (1)
- ဆုံးမစကား (11)
- တရားတော်များ (25)
- ဓမ္မပုံပြင် (3)
- ဓမ္မရသ (9)
- ဓမ္မဆောင်းပါးများ (15)
- ဓမ္မဆောင်းများ (2)
- ပဋ္ဌာန်း (3)
- ဗုဒ္ဓ၀င် (2)
- ဘာသာရေး (1)
- အခမဲ့ ကြော်ငြာကဏ္ဍ (4)
- အဘိဓမ္မာ (2)
- အထွေထွေ (16)
Showing posts with label ဓမ္မရသ. Show all posts
Showing posts with label ဓမ္မရသ. Show all posts
Friday, August 9, 2013
ထေရဝါဒ ဗုဒ္ဓဘာသာ လမ်းစဉ်
***********
ထေရဝါဒဆိုသည်မှာ အရှင်မဟာ
ကဿပ အရှင်ဗာကုလ အရှင်အနု
ရုဒ္ဓာ အရှင်ဥပါလိ အရှင်အာနန္ဒာ
အစရှိသော လက်ထက်တော်သာဝ
ကကြီးများ ဘုရားပရိနိဗ္ဗာန်စံဝင်
တော်မူပြီးစ ၃လလောက်က ရဟန္တာ
ငါးရာပါဝင်၍ သံဃာယနာတင်
သံပြိုင်ရွတ်ဆို အတည်ပြုခဲ့ပြီး သံဂါ
ယနာ ၆တန်တင်ခဲ့ပြီး ဖြည့်စွက်နှုတ်
ပယ်ပြင်ဆင်ချက်မရှိ ဘုရားရှင်
ဟောခဲ့ရင်း သုတ်တန်၊ ဝိနည်း၊
အဘိဓမ္မာ၊ နိကာယ်ငါးရပ်ဝင် တရား
ဓမ္မ ကျင့်စဉ်ဝါဒ ဖြစ်၏ ။
၎င်းထေ ဝါဒကျင့်စဉ်ကား ဗုဒ္ဓော
မေ သရဏံ အညံ နတ္ထိ ၊ ဓမ္မော မေ
သရဏံ ၊အညံ နတ္ထိ ၊ သံဃော မေ
သရဏံ ၊ အညံ နတ္ထိ ဟုဆိုသည့်
အတိုင်း ဤကမ္ဘာတွင် ဤဘုရား
ဤတရား ဤသံဃာ ရတနာ ၃ပါး
သာအမြတ်ဆုံး အစစ်မှန်ဆုံး ဤ
ရတနာ ၃ပါးကို ကိုးကွယ်မှသာ
ဘဝသံသရာ ဒုက္ခခပင်းမှ အမှန်လွတ်ကင်း၍ နိဗ္ဗာန်သို့ရောက်နိုင်
သည်။ ငါ့အား ရတနာ ၃ပါးမှတပါး
အခြား ကိုးကွယ်ရာမရှိတော့ဟု
မမှိတ်မသုန် ယုံကြည်သောသဒ္ဓာ
ဖြင့် ဂုဏ်တော်သက်ဝင် ကိုယ်ပိုင်
ဉာဏ်ပညာဖြင့် ကိုးကွယ်ဆည်း
ကပ်ရခြင်း (သရဏဂုံ)ပင်ဖြစ်၏ ။
မိရိုးဖလာအရ ကိုယ်ပိုင်သဒ္ဓာ
ပညာမရှိ၍ မယုံမကြည်ကိုးကွယ်
ခြင်း၊ ဂုဏ်တော်ကိုမသိဘဲ မျက်စိ
မှိတ်ကိုးကွယ်ခြင်း ၊ ဘေးကင်း
လာဘ်ရွှင် သိဒ္ဓိအောင်ချင်၍ ဒက္ခိဏ
သာခါဘုရား၊ညာတင်ဂုတ်ဘုရား
နှင့် ရှင်သီဝလိ၊ရှင်ဥပဂုတ်၊ ဘိုးတော်
မယ်တော်ကိုးကွယ်ခြင်းမျိုးများကား
တော်ဝင်စံပြဂုဏ်မြောက်သော
သရဏဂုံ မဟုတ်။ ထို့ကြောင့် မိရိုး
ဖလာ အရသာမဟုတ်ဘဲ ဘာသာ
ဝါဒစစ်တမ်း ကိုယ်ပိုင်ဉာဏ်ဖြင့်
စုံစမ်း၍ ရတနာ့ဂုဏ်ရည်ကို ကိုယ်
ပိုင်သဒ္ဓာဖြင့် မမှိတ်မသုံ အသက်ပုံ
ယုံကြည်စွာကိုးကွယ်ခြင်းမျိုးသာ
တော်ဝင်စံပြ ဂုဏ်မြောက်သန့်စင်
မွန်မြတ်သော သရဏဂုံဟု ဆိုရ
ပါမည်။ အသက်ပုံ ဆိုသော်လည်း
တစ်ဘဝမဟုတ် နိဗ္ဗန်ရောက်သည်
အထိ ကိုးကွယ်ရမည်ဖြစ်၏ ။
မဟာကံ့ကော်မြိုင် ဆရာတော်ဦးသြသဓ
Thursday, May 16, 2013
အားလုံးကို ယနေ့ Thursday, 16 May, 2013 မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..
မြတ်စွာဘုရား၏ ဂုဏ်တော်(၉) ပါး
၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘ;ုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစမကျန် သယမ္ဘူ ဥာဏ်ဖြင့် အမှန်တိုင်းသိ တော်မူသော မြတ်စွာဘုရား ။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။ (ဝါ) ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး ၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။
၎။ သုဂတော = ကျိုးရှိ ဟုတ်မှန် နှစ်တန်သောစကား ကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား ။ (ဝါ) ကျိုးရှိ ဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား ။
၅။ လောကဝိဒူ = သတ္တလောက ၊ သြကာသလောက ၊ သင်္ခါရ လောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား ။
၆။ အနုတ္တရော + ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက် ကင်းတော်မူသော မြတ်စွာဘုရား ။
ရ။ သတ္တာ ဒေဝမနုဿာနံ = လူ နတ် ဗြဟ္မာသတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား ။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား ။ (ဝါ) သစ္စာ လေးအင် ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား ။
၉။ ဘဂဝါ = ဣဿရိယ စသည် ဘုန်းခြောက်လီ နှင့်စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား ။
(က) ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင်နိုင်နင်းတော်မူခြင်း တည်းဟူသော ဣဿရိယ ဘုန်းတော် ၊
(ခ) မင်္ဂ ဖိုလ် နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတည်းဟူသော ဓမ္မ ဘုန်းတော် ၊
(ဂ) ဟုတ်တိုင်းမှန်စွာ သုံးဖြာသောလောကတွင် ပျံနှံ ကျော်စောရခြင်း တည်းဟူသော ယသ ဘုန်းတော် ၊
(ဃ) အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဖြိုး အချိုးတကျ သပ္ပါယ်တော်မူလှခြင်း တည်းဟူသော သိရီ ဘုန်းတော်၊
(င) အလိုရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမ ဘုန်းတော် ၊
(စ) အရဟတ္တမင်္ဂဥာဏ် ၊ သဗ္ဗေညုတဥာဏ် တိုင်အောင်ရစေနိုင်သည့် ကြံ့ခိုင်ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော် ၊
ဤဘုန်းတော်ခြောက်စုံနှင့် ကုံလုံပြည့်ဝတော် မူသောမြတ်စွာဘုရား ။
ဤသို့လျှင် သွာက္ခာတစသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ ၏ အရှင်ဘုရား ။
_/\_ _/\_ _/\_
တရားဂုဏ်တော် (၆) ပါး
၁။ ဘဂဝတာ ဓမ္မော = ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် ၊
သွာက္ခာတော = နာစဉ် ချမ်းသာ ကျင့် ချမ်းသာ၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ဟု သုံးတန် ကောင်းခြင်း ပြည့်စုံလျှင်းအောင် ရှင်းလင်းဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း ။
၂။ သန္ဒိဋ္ဌိကော = သူများပြောကြား စကားနှင့်မျှ မယုံရဘဲ ကျနကိုယ်တိုင် သိမြင်နိုင်သော တရားတော်မြတ်ပါပေတည်း ။
၃။ အကာလိကော = အချိန်မလင့် မဖင့်မနှေး ချက်ချင်း အကျိုးပေးသော တရားတော်မြတ်ပါ ပေတည်း။
၎။ ဧဟိပဿိကော = လာခဲ့စမ်းပါ ရှုစမ်းပါဟု ဝမ်းသာရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော် မြတ်ပါပေတည်း ။
၅။ သြပနေယျိကော = အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ဘဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားတော် မြတ်ပါပေတည်း ။
၆။ ဝိညူဟိ = သစ္စာသိမြင် ပညာရှင်ရှစ်ပါး အရိယာများ သည်သာလျင်
ပစ္စတ္တံ ဝေဒိတဗ္ဗော = ကိုယ်စီ ကိုယ်ငှသိရခံစားရသော တရားတော်မြတ်ပါပေတည်း ။
ဤသို့လျှင် သွာက္ခာတစသား ဂုဏ်ခြောက်ပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော တရားတော်မြတ်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ ၏ အရှင်ဘုရား ။
_/\_ _/\_ _/\_
သံဃာဂုဏ်တော် (၉)ပါး
ဘာဂဝတော သာဝကသံဃော = ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်-
၁။ သုပ္ပဋိပန္နော = ကိလေသာ ငြိမ်းကြောင်း ကောင်းစွာ ကျင့်ကြံတော်မူပါပေ၏ ။
၂။ ဥဇုပ္ပဋိပန္နော = သာဌေ မာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူပါပေ၏ ။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်အကျိုး မျှော်ကိုးရည်သန် ကျင့်ကြံတော် မူပါပေ၏ ။
၎။ သာမိစိပ္ပဋိပန္နော = မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော် မူပါပေ၏ ။
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော = အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်-
၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူ ပစ္စည်းကို မူလည်း ပေးလှူခြင်းငှာ ထိုက်တော် မူပါပေ၏ ။
၆။ ပါဟုနေယျော = ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏ ။
၇။ ဒက္ခိဏေယျော = တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူ ဒါန်းခြင်းငှာ ထိုက်တော်မူပါပေ၏ ။
ဂ။ အဉ္ဇလီကရဏီယော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူပါပေ၏ ။
၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = နတ်လူအများ ကောင်းမှု ပွါးဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှလယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏ ။
ဤသို့လျှင် သုပ္ပဋိပန္န စသည်အပြား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော အရိယာရှစ်ဖော် သံဃာတော်နှင့် အရိယာ နွယ်ဝင် သမ္မုတိထေရ်အရှင် တို့ကိုတပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား ။
_/\_ _/\_ _/\_
ဘေးအန္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူ၊ နတ်၊ သတ္တဝါတွေ၊
ဘေးဒုက္ခအန္တရယ်များကို ကျော်လွှားနိုင်ကြပါစေ...
ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
ကျန်းမာ..ချမ်းသာ ကြပါစေ...
မေတ္တာသုတ္တံ
၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။
*****************************
အနက် အဓိပ္ပါယ်(ပထမ ၂ ပိုဒ် သည် ဘုရားဟောထဲ မပါ .ပါ) - မေတ္တာသုတ် အညွှန်း
******************************
၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
*************************************************
မေတ္တာသုတ္တံ (ဒုတိယ ၂ ပိုဒ်) - မေတ္တာ ဘာဝနာ ပွားများ သူများ ပြည့်စုံရမည့် အင်္ဂါ ၁၄ ချက်
*************************************************
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ - နိဗ္ဗာန်ကို လိုချင်သော လိမ္မာပါးနပ်သော ပုဂ္ဂိုလ်တဦးသည် တကယ်ကို အလုပ် လုပ်ရပါမည်။ နိဗ္ဗာန်ကို လိုချင်သော ပုဂ္ဂိုလ်တဦးသည် အင်္ဂါ ၁၄ ချက်နှင့် ပြည့်စုံအောင် ကြိုးစားရပါမည်။
၁) သက္က - စွမ်းနိုင်သူ (လုံလ ဝိရိယနှင့် ပြည့်စုံခြင်း၊ ယုံကြည်ချက် ပြင်းထန်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်ခြင်း၊) သူ ဖြစ်ရပါမည်။
၂) ဥဇူစ - ကိုယ်စိတ် နှစ်ပါး သည် ရိုးသား ဖြောင့် မတ် သူ ဖြစ်ရပါမည်။
၃) သုဟုဇူ - မနော ဒွါရသည်လဲ ရိုးသား ဖြောင့် စင်းသူ ဖြစ်ရပါမည်။
၎) သုဝစ - အကြံပေးသည့်အခါ ပြောလို့ ဆိုလို့ လွယ်သူ ဖြစ်ရမည်။
၅) မုဒု - ကိုယ် နှုတ် စိတ် ၃ ပါး ယဉ်ကျေး သိမ်မွေ့နေသူ ဖြစ်ရမည်။
၆) အနတိမာနီ - အလွန်မောက်မာသော မာန်မာနတွေ မရှိရပါ။
၇) သန္တုဿကော - ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်နေသော ပုဂ္ဂိုလ် ဖြစ်ရပါမည်။ ဇီဇာကြောင်သော ဂျီးများသော ပုဂ္ဂိုလ် မဖြစ်ရပါ။ (ဥပမာ - အချို၊ အငံ မစားချင်၊ စသည်)
၈) သုဘရော - မွေးမြူလွယ်သူဖြစ်ရမည်။
၉) အပ္ပကိစ္စော - ကိစ္စ နည်းပါးသူ ဖြစ်ရပါမည်။
၁၀) သလ္လဟုကဝုတ္တိ - Simple Life ဝန်ထုပ် ဝန်ပိုး မများသော ပေါ့ပါး နေထိုင် သွားလာနိုင်သူ ဖြစ်ရပါမည်။
၁၁) သန္တိန္ဒြိယော - ငြိမ်သက်သော အိနြေ္ဒ ရှိသူ ဖြစ်ရပါမည်။
၁၂) နိပကော - အသိပညာ ဥာဏ်ပညာ ရင့်ကျက်နေရပါမည်။ ကမ္မဋ္ဌာန်း ၄ဝ မှ တမျိုးမျိုးကို နားလည် သဘောပေါက်ထားရပါမည်။
၁၃) အပ္ပဂဗ္ဘော - ကိုယ်ရော စိတ်ရော နှုတ်ရော ကြမ်းတမ်းသော ပုဂ္ဂိုလ် မဖြစ်ရပါ။
၁၄) ကုလေသွ န နုဂိဒ္ဓေါ - ရဟန်းတော်များသည် ဒါယိကာ၊ ဒါယိကာမတွေ အပေါ်မှာ တွယ်တာနေမှု၊ မရှိရပါ၊
***************************************************
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
ဘုရား အမှုးပြုသော ရဟန္တာ အရိယာပုဂ္ဂိုလ်ကြီးတွေက မကြိုက်မနှစ်သက်သော အရာတွေ၊ ဒီအမှုကိစ္စတွေဟာ မကောင်းဘူးလို့ သတ်မှတ်ထားတာတွေကို ဘယ်တော့မှ မလုပ်ပါဘူးဟု စိတ်ကို ဒုံးဒုံးချရပါမည်။
****************************************************
မေတ္တာပွားနည်း (၁၁) မျိုး
သတ္တဝါတို့ အကျိုး စီးပွား ကို လိုလား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၈) မျိုး
===== ၃၁ ဘုံ ရှိသတ္တဝါတွေကို ဘာမှ မခွဲခြားဘဲ အကုန်ပေါင်းပြီး ပို့သသောမေတ္တာ (၁)မျိုး
===== ၂ မျိုး တစုစီ ၄စု ခွဲပြီး ပို့သသောမေတ္တာ (၄)မျိုး
===== ၃ မျိုး တစုစီ ၃စု ခွဲပြီး ပို့သသော မေတ္တာ (၃)မျိုး
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၂) မျိုး
သတ္တဝါတို့ အကျိုး စီးပွား ရှိခြင်းကို ဆောင်လိုသော အနေနဲ့ ပို့သသောမေတ္တာ (၁) မျိုး
**********************************************
မေတ္တာပို့ အစ….
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
************************************************
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။
(ဒေါသကိလေသာကို မပါယ်သတ် ရသေးသဖြင့် ကြောက်တတ်သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂါမ်) ၊
(ဒေါသကိလေသာကို ပါယ်သတ် ပြီးသဖြင့် မကြောက်တတ်သော အနာဂါတ်၊ရဟန္တာ)
ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
*************************************************
ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
ဒီဃာ - ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မဟန္တာ - ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ထူလာ - ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
*************************************************
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ - မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ - ဝေးနေ၊ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘူတာဝ သမ္ဘဝေသီဝ - ( ဘဝဇာတ်ဆုံး ပြီဖြစ်သော ဘုရား၊ ရဟန္တာ ပုဂ္ဂိုလ်)၊ (ဘဝဇာတ် မဆုံးသေးသော ဘုရား၊ ရဟန္တာ မဟုတ်သော များလှစွာ သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂမ်၊ အနာဂါမ်များ) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
***************************************************
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသော မေတ္တာ (၂) မျိုး
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
န ပရော ပရံ နိကုဗ္ဗေထ၊ - လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
နာတိမညေထ ကတ္ထစိ န ကဉ္စိ။ - အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။ - ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
***************************************************
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
ငါသည် လောကကြီးတခုလုံးရဲ့ မိခင်တဦးဖြစ်သည်။ လောကကြီးမှာ ရှိသော သတ္တဝါတိုင်းကို မိမိ၏ ရင်မှ မွေးဖွားလာသော တဦးတည်းသော သား သမီးငယ် ကို မေတ္တာဖြင့် အသက်ပေး စောက်ရှောက်သကဲ့သို့ သတ္တဝါတိုင်းအပေါ် မေတ္တာစိတ် ထားရှိ ရပါမည်။
***************************************************
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
ငါသည် ငါနှင့်သက်ဆိုင်သော ဘုံ တမျိုးကိုသာ မေတ္တာပို့မည်၊ အမျိုးတူ၊ ဘာသာတူတွေကိုဘဲ မေတ္တာပို့မည်ဟု စိတ်မထားဘဲ အထက်ဆုံးဖြစ်သော အရူပ လေးဘုံ၊ အောက်ဆုံးဖြစ်သော အပါယ်လေးဘုံ အလယ်အလတ် ဖြစ်သော ရူပ ၁၆ ဘုံ၊ အစရှိသော ၃၁-ဘုံတွင် ရှိရှိသမျှသော သတ္တဝါအားလုံးတို့အား ရန်ငြိုးလုံးဝမရှိသော မေတ္တာစိတ် ထားရပါမည်။
***************************************************
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။
မေတ္တာဘာဝနာ ကမ္မဋ္ဌာန ဘာဝနာ ပွားများသူသည် တိဋ္ဌံ (ရပ်ခြင်း) စရံ (သွားခြင်း) နိသိန္နော (ထိုင်ခြင်း) သယာနော (လျှောင်းခြင်း) အရိယာပုတ်မရွေး ပွားများ အားထုတ်နိုင်ပါသည်။
မေတ္တာဘာဝနာ ပွားများနေသူသည် ဗြဟ္မကြီးတွေရဲ့ နေခြင်းနှင့် တူသော မြတ်သော နေထိုင်ခြင်းဖြင့် နေထိုင်နေသော ပုဂ္ဂိုလ် ဖြစ်ပါသည်။
***************************************************
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။
မေတ္တာဘာဝနာဖြင့် သမာဓိ ထူထောင်လာသော ပုဂ္ဂိုလ်သည် ဥပဇာန သမာဓိ အဆင့်ရောက်ရှိလာသည့်အခါ သတ္တဝါတွေကို အခြေခံပြီး ပွားနေရသဖြင့် မတော်တဆ အတ္တဒိဋ္ဌိ၊ ပုဂ္ဂလဒိဋ္ဌိတွေနဲ့ မယိုင်သွားရအောင် အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း အတိတ်၊ ပ္ပုစ္စုပ္ပါန်၊ အနာဂါတ် (၁၁)မျိုး ပြရှိသော ရုပ်တွေ မှန်သမျှ အပေါ်မှာ ငါ၊ ငါ့ ဥစ္စာ မဟုတ်ပါဟု ရှုမှတ်ပွားများ အားထုတ်ရပါမည်။
မေတ္တာဘာဝနာမှ သမာဓိဘာဝနာထူထောင်ပြီး၍ အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း လက္ခာရေး ၃ ချက် အတိုင်း ဝိပဿနာ တရားတွေ အာထုတ်နေသော ပုဂ္ဂိုလ်သည် သောတာပန်၊ သဒ္ဒါဂါမ်၊ အနာဂါမ် အထိ အရိယာတွေ ဖြစ်လာကြပါမည်။
***************************************************
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဘာသာပြန် ဖွဲ့ဆိုထားသော မေတ္တာသုတ် (မှတ်ချက်။ ကြောက်တတ်၊ မကြောက်တတ်နှင့် ဘဝဇာတ်ဆုံး မဆုံးများစွာ ကိုရွတ်ဆိုရာတွင် အရိယာတို့၏ စိတ်ထားကို မူတည်၍ ၂ စု ခွဲထားကြောင်း မှန်းဆရပါမည်။)
လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
**************************************
ပါချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ၏ မေတ္တာ သုတ်အနှစ်ချုပ် တရားတော်
http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/DVD-02/267-Dr-Nandamalabhivamsa-DVD-Mp3.mp3
http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MyitTarThotAhNitChoke.pdf
**************************************
ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၏
၁၄-၄-၂၀၁၂ (ညနေ) မေတ္တာ မန္တာန် (၁) (မေတ္တာသုတ္တန်) တရားတော်
http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/05-Bhaddanta-ThuseilthaBhivamsa-14-4-2012-evening.mp3
http://www.ustream.tv/recorded/21830189
၁၅-၄-၂၀၁၂ (နံနက်) မေတ္တာ မန္တာန် (၂) (မေတ္တာသုတ္တန် အဆက်)
http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/06-Bhaddanta-ThuseilthaBhivamsa-15-4-2012-morning.mp3
http://www.ustream.tv/recorded/21851184
Dr
dhammadownload.com
ဒေါသနည်းအောင်နေနည်း
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။
လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*မှတ်ချက် ။ ဆရာတော်ဦးဇောတိကစာပေမှရေးသားတင်ပြပါသည်
Monday, May 6, 2013
ဓမ္မဂျာနယ်

Dhamma Vira Journal Vol 23, No.03 2011 Feb 22
Dhamma Vira Journal Vol 23, No.02 2011 Feb 15
Dhamma Vira Journal Vol 23, No.01 2011 Feb 08
Dhamma Vira Journal Vol 22, No.12 2011 Feb 01
Dhamma Vira Journal Vol 22, No.11 2011 Jan 25
Dhamma Vira Journal Vol 22, No.10 2011 Jan 18
Dhamma Vira Journal Vol 22, No.09 2011 Jan 11
Dhamma Vira Journal Vol 22, No.08 2011 Jan 04
Dhamma Vira Journal Vol 22, No.07 2010 Dec 28
Dhamma Vira Journal Vol 22, No.06 2010 Dec 21
Dhamma Vira Journal Vol 22, No.05 2010 Dec 14
Dhamma Vira Journal Vol 22, No.04 2010 Dec 07
Dhamma Vira Journal Vol 22, No.03 2010 Nov 30
Dhamma Vira Journal Vol 22, No.02 2010 Nov 23
Dhamma Vira Journal Vol 22, No.01 2010 Nov 16
Dhamma Vira Journal Vol 21, No.12 2010 Nov 09
Dhamma Vira Journal Vol 21, No.11 2010 Nov 02
Dhamma Vira Journal Vol 21, No.10 2010 Oct 26
Dhamma Vira Journal Vol 21, No.09 2010 Oct 19
Dhamma Vira Journal Vol 21, No.08 2010 Oct 12
Dhamma Vira Journal Vol 21, No.07 2010 Oct 05
Dhamma Vira Journal Vol 21, No.06 2010 Sep 28
Dhamma Vira Journal Vol 21, No.05 2010 Sep 21
Dhamma Vira Journal Vol 21, No.04 2010 Sep 14
Dhamma Vira Journal Vol 21, No.03 2010 Sep 07
Dhamma Vira Journal Vol 21, No.02 2010 Aug 31
Dhamma Vira Journal Vol 21, No.01 2010 Aug 24
Dhamma Vira Journal Vol 20, No.12 2010 Aug 17
Dhamma Vira Journal Vol 20, No.11 2010 Aug 10
Dhamma Vira Journal Vol 20, No.10 2010 Aug 03
Dhamma Vira Journal Vol 20, No.09 2010 Jul 27
Dhamma Vira Journal Vol 20, No.08 2010 Jul 20
Dhamma Vira Journal Vol 20, No.07 2010 Jul 13
Dhamma Vira Journal Vol 20, No.06 2010 Jul 06
Dhamma Vira Journal Vol 20, No.05 2010 Jun 29
Dhamma Vira Journal Vol 20, No.04 2010 Jun 22
Dhamma Vira Journal Vol 20, No.03 2010 Jun 15
Dhamma Vira Journal Vol 20, No.02 2010 Jun 08
Dhamma Vira Journal Vol 20, No.01 2010 Jun 01
Dhamma Vira Journal Vol 19, No.12 2010 May 25
Dhamma Vira Journal Vol 19, No.11 2010 May 18
Dhamma Vira Journal Vol 19, No.10 2010 May 11
Dhamma Vira Journal Vol 19, No.09 2010 May 04
Dhamma Vira Journal Vol 19, No.08 2010 Apr 27
Dhamma Vira Journal Vol 19, No.07 2010 Apr 06
Dhamma Vira Journal Vol 19, No.06 2010 Mar 30
Dhamma Vira Journal Vol 19, No.05 2010 Mar 23
Dhamma Vira Journal Vol 19, No.04 2010 Mar 16
Dhamma Vira Journal Vol 19, No.03 2010 Mar 09
Dhamma Vira Journal Vol 19, No.02 2010 Mar 02
Dhamma Vira Journal Vol 19, No.01 2010 Feb 23
Dhamma Vira Journal Vol 18, No.12 2010 Feb 16
Dhamma Vira Journal Vol 18, No.11 2010 Feb 09
Dhamma Vira Journal Vol 18, No.10 2010 Feb 02
Dhamma Vira Journal Vol 18, No.9 2010 Jan 26
Dhamma Vira Journal Vol 18, No.8 2010 Jan 19
Dhamma Vira Journal Vol 18, No.7 2010 Jan 12
Dhamma Vira Journal Vol 18, No.6 2010 Jan 01
Dhamma Vira Journal Vol 18, No.5 2009 Dec 29
Dhamma Vira Journal Vol 18, No.4 2009 Dec 22
Dhamma Vira Journal Vol 18, No.3 2009 Dec 15
Dhamma Vira Journal Vol 18, No.2 2009 Dec 8
Dhamma Vira Journal Vol 18, No.1 2009 Dec 1
Dhamma Vira Journal Vol 17, No.12 2009 Nov 24
Dhamma Vira Journal Vol 17, No.11 2009 Nov 17
Dhamma Vira Journal Vol 17, No.10 2009 Nov 10
Dhamma Vira Journal Vol 17, No.9 2009 Nov 3
Dhamma Vira Journal Vol 17, No.8 2009 Oct 27
Dhamma Vira Journal Vol 17, No.7 2009 Oct 20
Dhamma Vira Journal Vol 17, No.6 2009 Oct 13
Dhamma Vira Journal Vol 17, No.5 2009 Oct 06
Dhamma Vira Journal Vol 17, No.4 2009 Sep 29
Dhamma Vira Journal Vol 17, No.3 2009 Sep 22
Dhamma Vira Journal Vol 17 , No.2 2009 Sep 15
Dhamma Vira Journal Vol 17, No.1 2009 Sep 8
Dhamma Vira Journal Vol 16, No.12 2009 Sep 1
Dhamma Vira Journal Vol 16, No.11 2009 Aug 25
Dhamma Vira Journal Vol 16, No.10 2009 Aug 18
Dhamma Vira Journal Vol 16, No. 9 2009 Aug 11
Dhamma Vira Journal Vol 16, No. 8 2009 Aug 04
Dhamma Vira Journal Vol 16, No. 7 2009 July 28
Dhamma Vira Journal Vol 16, No. 6 2009 July 21
Dhamma Vira Journal Vol 16, No. 5 2009 July 14
Dhamma Vira Journal Vol 16, No. 4 2009 July 7
Dhamma Vira Journal Vol 16, No. 3 2009 June 30
Dhamma Vira Journal Vol 16, No. 2 2009 June 23
Dhamma Vira Journal Vol 16, No. 1 2009 June 16
Dhamma Vira Journal Vol 15, No. 12 2009 June 09
Dhamma Vira Journal Vol 15, No. 11 2009 June 02
Dhamma Vira Journal Vol 15, No. 10 2009 May 26
Dhamma Vira Journal Vol 15, No. 9 2009 May 19
Dhamma Vira Journal Vol 15, No. 8 2009 May 12
Dhamma Vira Journal Vol 15, No. 7 2009 May 05
Dhamma Vira Journal Vol 15, No. 6 2009 April 28
Dhamma Vira Journal Vol 15, No. 5 2009 April 07
Dhamma Vira Journal Vol 15, No. 4 2009 March 31
Dhamma Vira Journal Vol 15, No. 3 2009 March 24
နိဗ္ဗာန်အာရုံသို့ကူးသွားပုံ

ဤသို့ တက်လိုက် ကျလိုက်နဲ့ ဖြစ်နေသော ၀ိပသနာဥာဏ် သည် ပင်လယ်ကူး သဘောင်္မှ လွှတ်လိုက်သော ငှက်နှင့်တူ၏။ တူပုံကား ရှေးခေတ် ကာလက ပင်လယ် ခရီးသည်တို့သည် ကမ်းစကျွန်း နီးရာအရပ်ကို မမှန်းဆ နိုင်သောအခါ၌ အသင့် ယူဆောင်ခဲ့သော ကျီးငှက်ကို လွှတ်လိုက်၍ စူးစမ်းကြ သတဲ့။ ထိုငှက်သည် သဘောင်္မှ ပျံသွား၍ အရပ်လေးမျက်နှာ၌ ကမ်းစကို ရှာသတဲ့။ ကမ်းကို မတွေ့ရ သေးလျင် သဘောင်္သို့သာ ပြန်၍ ပြန်၍ နားရသတဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် မဂ်ဥာဏ် ဖြစ်လောက်အောင် ဥာဏ်အား မပြည့်သေး၍ တဖန် ကျဲကျဲ သွားခြင်းသည် ကမ်းစကို မတွေ့ရသော ထိုငှက်၏ သဘောင်္ကို ပြန်ပြန် ကပ်နားခြင်းနှင့် တူ၏။ ကမ်းအရပ်ကို မြင်လျင်ကား ထိုငှက်သည် သဘောင်္ဆီသို့ မပြန်လာ တော့ဘဲ ထိုကမ်းဆီ သို့သာလျင် တဟုန်တည်း ပျံသွားသတဲ့။ ဤအတူပင် ဤမှတ်သိမှု ၀ိပဿနာ ဥာဏ်သည်လည်း က္ကနြေ္ဒငါးပါး ရင့်သန်သော ခဏ၌ အမှတ် အထူး ကောင်းနေစဉ် အတွင်းမှာပင် တစ်ကြိမ်ထက် တစ်ကြိမ် သာ၍ သွက်လက် ရှင်းလင်းစွာ အနည်းဆုံး သုံးလေးခါမျှ သိမြင်ပြီးလျင် ထိမှု သိမှု ကြားမှု မြင်မှု စားမှု နံမှု စသော ဤသင်္ခါရ ၆ မျိုးတို့တွင် (တွေ့ကြုံ လွယ်ရာကို ရှေးထား၍ စဉ်သည်) ထိုခဏ၌ ထင်ရှား ဖြစ်ပျက်သော သင်္ခါရ တစ်မျိုးမျိုးကို မှတ်သိပြီး သည်နှင့် တစ်ပြိုင်နက် မှတ်တဲ့ အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်လျက် မဂ်ဖိုလ် အဆင့်သို့ သာလျှင် ဆိုက်ရောက်သွား လေတော့၏။
ဤသို့ ဆိုက်ရောက် သွားသော သူအား ဆိုက်ရောက် ခါနီးတွင် ရှေးအဖို့က တစ်ကြိမ်ထက် တစ်ကြိမ် သွက်လက် ကောင်းမွန်သော မှတ်ချက်များလည်း ကောင်းစွာ ထင်ရှားပေ၏။ နောက်ဆုံး မှတ်ချက်၏ အခြားမဲ့၌ သင်္ခါရ အာရုံ အလုံးစုံကို စွန့်လွှတ်ပြီးလျင် သင်္ခါရ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန် အာရုံသို့ ကူးပြောင်း သွားပုံလဲ ကောင်းစွာထင်ရှား၏။ ထို့ကြောင့်ပင်လျှင် ထိုသို့ရောက်ပြီးသော သူတို့သည် ဤသို့ ပြောပြတတ်ကုန်၏။ “အာရုံနဲ့ အမှတ်တွေ အကုန်လုံးတိကနဲ ပြတ်ပြီး ရပ်စဲသွားသည်" ဟူ၍လည်းကောင်း၊ "အာရုံနဲ့ အမှတ်တွေ အကုန်လုံး ပြုတ်ကျသွားသည်” ဟူ၍ လည်းကောင်း၊ “ဆွဲကိုင်ထားရာမှ လွတ်ကျ သွားသလိုပင် အာရုံနှင့် အမှတ်တွေမှ ကျွတ်လွတ်သွားသည်” ဟူ၍လည်းကောင်း၊ “အာရုံနဲ့ အမှတ်တွေ ချုပ်ပြတ်သွားပုံက မီးတောက်ကလေး ငြိမ်းသွားသလိုပင် သိပ်လျင်မြန်တာပဲ” ဟူ၍လည်းကောင်း၊ “အမှောင်ထဲမှ အလင်းထဲသို့ ရုတ်တရက် ရောက်သွားသလိုပင် အာရုံနှင့် အမှတ်တွေမှ လွတ်သွားသည်” ဟူ၍လည်းကောင်း၊’အရှူပ်ထဲမှ အရှင်းထဲသို့ ဖြုတ်ကနဲ ရောက်သွားသလိုပင် အာရုံနှင့် အမှတ်တွေမှ လွတ်ထွက်သွားသည်” ဟူ၍လည်းကောင်း၊ “ရေထဲမှာ မြုပ်သွားသလိုပင် အာရုံရော မှတ်စိတ်ရော မြုပ်သွားသည်” ဟူ၍လည်းကောင်း၊ “ပြေးလာသော သူကို ဆီး၍ တွန်းလိုက်သလိုပင် အာရုံနှင့် အမှတ် ရပ်တန့် သွားသည်” ဟူ၍လည်းကောင်း၊ “အာရုံရော မှတ်စိတ်ရော ပျောက်သွားသည်” ဟူ၍ လည်းကောင်း ဤသို့ စသည်ဖြင့် ပြောပြတတ်ကြပေသည်။
သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောကို မျက်မှောက် တွေ့ရသော ထိုအချိန် ကာလ သည်လည်း မကြာမြင့် လှချေ။ တစ်ကြိမ် တည်းသော မှတ်သိမှု၏ ကာလကဲ့သို့ တစ်ခဏ ကလေးမျှ သာတည်း။ ထို့နောင် ထိုသို့ ဖြစ်ပုံကို ပြန်၍ ဆင်ခြင်မိ၏။ အာရုံနှင့် အမှတ်တွေ ချုပ်ကင်းလျက် ငြိမ်းသွားတာဟာ တရားထူးပဲ ဟူ၍ ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ပဲ ဟူ၍ဖြစ်စေ၊ ဆင်ခြင်မိ၏။ အချို့သော သုတရှိသူ သည်ကား သင်္ခါရ ချုပ်ကင်းလျက် ငြိမ်းတဲ့ သဘောက နိဗ္ဗာန်ပဲ၊ ငြိမ်းရာသို့ ဆိုက်ရောက်လျက် မျက်မှောက် သိတာက မဂ်ဖိုလ်ပဲ၊ ငါသည် နိဗ္ဗာန်ကို မျက်မှောက်တွေ့ရပြီ၊ သောတပတ္တိမဂ်ဖိုလ် ရပြီ ဟု ဆင်ခြင်မိ၏။
ဤသို့သော ဆင်ခြင်မှုမှာ သင်္ခါရ ချုပ်ငြိမ်းမှုသို့ ဆိုက်ရောက်ပုံကို နာကြား မှတ်သားဖူးသော သူအား ကျန ပြည့်စုံစွာ ဖြစ်တတ်၏။ ထို့ပြင် ပယ်ပြီး ကင်းပြီးသော ကိလေသာ၊ မပယ်ရသေး မကင်းသေးသော ကိလေသာတို့ ကိုလည်း အချို့ ပုဂ္ဂိုလ်တို့သည် ဆင်ခြင် တတ်သေး၏။ ဆင်ခြင်ပြီးလျှင် ဖြစ်ဆဲ ကိုယ်စိတ် အမူအရာများကို မှတ်မြဲပင် မှတ်ပြန်၏။ ထိုအခါ၌ ရုပ်နာမ် အဖြစ်အပျက် များသည် ခပ်ကြမ်းကြမ်း ဖြစ်လျက် ထင်ပေါ်၏။ အစနှင့်အဆုံး အဖြစ်နှင့် အပျက် နှစ်ပါးလုံးပင် ပီပီသသ ထင်ရှား၏။ ထို့ကြောင့် အမှတ် ကျဲသွားသည် လျှောကျ သွားသည် ဟုထင်ရ၏။ အမှန်အားဖြင့်လည်း ဥဒယဗ္ဗယ ဥာဏ်သို့ ပြန်ရောက် နေပြီဖြစ်၍ လျောကျသည် မှန်ပေ၏။ ထိုဥာဏ်သည် ဥဒယဗ္ဗယဥာဏ် ဖြစ်သောကြောင့် အလင်းရောင်နှင့် ပုံသဏ္ဍာန် အာရုံများကိုလည်း တွေ့ရတတ်၏။ အချို့မှာ ဒုက္ခ ဝေဒနာ ကလေးများ ကိုလည်း တစ်ခဏမျှ တွေ့ရတတ်၏။ အများ အားဖြင့်ကား အလွန်ကြည်လင်သော စိတ်များ အဆက်ဆက် ဖြစ်ပေါ်လျက် ရှိတတ်၏။ ထိုအခါမှာ ဟင်းလင်းပြင်၌ စိတ်တကိုယ်တည်း တည်နေရသလိုပင် ဟာတာ ရှင်းတင်းကြီး ဖြစ်လျက် အလွန်ချမ်းသာ၏။ အလွန်နေကောင်း၏။ ထိုစိတ် များကိုလည်း မမှတ်နိုင်။ မှတ်သော်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်၊ တခြားကိုလည်း စိတ်မကူးလို၊ စိတ်ကူး၍လည်း မဖြစ်နိုင်ဘဲ ကြည်လင် ချမ်းသာ လျက်သာ ရှိတတ်သည်။ ကြည်လင်သော ထိုစိတ်များ အားနည်းသွားသော အခါ၌ ဆက်၍ မှတ်လျင် အဖြစ်အပျက်ကို ရှင်းလင်းစွာ သိ၏။ အတန်ကြာလျှင် အသိမ်မွေ့ဆုံး အကောင်းဆုံး မှတ်သိမှုသို့ တဖန် ပြန်၍ရောက်တတ်၏။ ထိုအခါမှာ ဥာဏ်အားကောင်းလျှင် သင်္ခါရငြိမ်းတဲ့ သဘောသို့ ရှေးကလိုပင် ဆိုက်ရောက်သွား တတ်၏။ သမာဓိဥာဏ် ထက်သန်လျှင် ဤနည်းဖြင့် ခဏခဏလည်း ဆိုက်ရောက်တတ်၏။ ယခုကာလ ပုဂ္ဂိုလ်များမှာ ပထမ မဂ်ဖိုလ်ကိုရရန်သာ အဓိက ရည်ရွယ်ချက် ရှိသောကြောင့် ရောက်ပြီးသော ပထမဖိုလ်သို့သာလျှင် ထပ်ကာထပ်ကာ ရောက်ခြင်းပေတည်း။ ဤသည်ကား သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသည့် တိုင်အောင် အားထုတ်ပုံ မှတ်စဉ်နှင့် ဥာဏ်ဖြင့် တွေ့မြင်ပုံပေတည်း။
ကုန်သွယ်မှုချင်း တူပါလျက် အကျိုးရချင်း ခြားနားချက်
အခါတပါး၌ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား ဤသို့ မေးလျှောက်လေ၏။
(၁) မြတ်စွာဘုရား ဤလောက၌ အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရှုံး၏၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
(၂) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရည်မှန်းသလောက် မရ၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
(၃) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက်ရည်မှန်းသည့်အတိုင်း ရ၏၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
(၄) အချို့သောသူ၏ ကြိုးစားအားထုတ် ပြုလုပ်အပ်သော ကုန်သွယ်မှုသည် အခြားသူတို့၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုချင်း တူမျှသည်သာဖြစ်ပါလျက် ရည်မှန်းသည်ထက် ပို၍ ရ၏၊
ယင်းသို့ ဖြစ်ခြင်းကား အဘယ်အကြောင်းကြောင့်ပါနည်း။
ထိုအခါ မြတ်စွာဘုရားက ဤသို့ ဖြေကြား မိန့်တော်မူလေ၏။
(၁) သာရိပုတ္တရာ၊ အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ထိုပစ္စည်းကို မလှူဒါန်းချေ၊
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရှုံးရ၏။
(၂) အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည့်အတိုင်း မပေးလှူဘဲ နည်းနည်းသာ ပေးလှူ၏၊
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသလောက် မရ။
(၃) အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည့်အတိုင်း ပေးလှူ၏၊
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသည့်အတိုင်း ရ၏။
(၄) အချို့သောသူသည် ရဟန်းပုဏ္ဏားတို့အား “အရှင်ဘုရား၊ အလိုရှိသောပစ္စည်းကို ပြောပါ”ဟု ဖိတ်ကြားပြီး ရည်မှန်းထားသည်ထက် ပို၍ ပေးလှူ၏၊
ထိုသူသည် ထိုဘဝမှ စုတေ၍ ဤဘဝသို့ ရောက်လာပြီး ကုန်သွယ်မှု ပြုလုပ်သောအခါ ရည်မှန်းသည်ထက် ပို၍ ရ၏။
သာရိပုတ္တရာ၊ ဤသည်လျှင် ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်လျက် ရှုံးခြင်း၊ ရည်မှန်းသလောက် မရခြင်း၊ ရည်မှန်းသလောက် ရခြင်း၊ ရည်မှန်းသည်ထက် ရခြင်း၏ အကြောင်းပေတည်း။
အံ-စတုက္က၊ ဒု-ပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ ၉-ဝဏိဇ္ဇသုတ်။
Sunday, May 5, 2013
မြတ်ဗုဒ္ဓလက်ထက်တော်က စမ္ပာမြို့တော်
မြတ်ဗုဒ္ဓလက်ထက်တော်အခါ၌လည်း စမ္ပာမြို့တော်သည် ပိဋကစာပေ၌ အလွန်ထင်ရှား၏။ မြတ်ဗုဒ္ဓသည် ဝိနယပိဋက မဟာဝါပါဠိတော် စမ္ပေယျက္ခန္ဓက၌ ဝိနည်းပညတ်တော် မြောက်များစွာ ပညာတော်မူခဲ့သဖြင့် ဤစမ္ပာမြို့သည် အလွန်ထင်ရှားသော မြို့ဖြစ်ကြောင်း သိနိုင်၏။
စမ္ပာမြို့က ဂဂ္ဂရာရေကန်
ယင်း စမ္ပေယျက္ခန္ဓက၌ တေနခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ စမ္ပာယံ ဝိဟရတိ ဂဂ္ဂရာယ ပေါက္ခရဏိယာ တီရေ၊ တေန ခေါ ပန သမယေန ကာသီသု ဇနပဒေသု ဝါသဘ-ဂါမော ဟောတိ စသည်ဖြင့် ပါဠိတော်လာရှိ၏။
စမ္ပာမြို့ ဂဂ္ဂရာရေကန်မှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ကာသိတိုင်း ဝါသဘရွာ၌ သီတင်းသုံးတော်မူသော ကျောင်းအမြဲနေ အာဝါသိကရဟန်းဖြစ်သည့် ကဿပဂေါတ္တ မထေရ်ကို အာဂန္တုက ရဟန်းတော်များက တရားနှင့်မလျှော်ညီသော အဓမ္မကံ ဥက္ခေပနိယကံ(ကျောင်းမှနှင်ထုတ်သည့်ကံ) ဖြင့် ပြုကြသည်ကို သံသယ ရှိ၍ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူရာ စမ္ပာမြို့က ဂဂ္ဂရာရေကန်သို့ လာရောက်ပြီး မြတ်ဗုဒ္ဓအား အကြောင်းစုံလျှောက်ထားကြောင်း၊ ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ ဝိနည်းကံများစွာကို ဤစမ္ပာမြို့တော်မှာ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ပညတ်တော်မူခဲ့ကြောင်းကို ဝိနည်း မဟာဝါပါဠိတော် စမ္ပေယျက္ခန္ဒကို လေ့လာက သိရှိနိုင်ပါသည်။ ။
စမ္ပာမြို့သား ကောဠိဝိသ အရှင်သောဏမထေရ်အကြောင်း တစေ့တစောင်း
ထို့ပြင် ဤစမ္ပာမြို့တော်၌ ကောဠိဝိသ သောဏသူဌေးသား အကြောင်းကလည်း အလွန်စိတ်ဝင်စားစရာကောင်းလှ၏။ ထိုသူဌေသားလေးအကြောင်းကို ဝိနည်းမဟာဝါပါဠိတော် စမ္မက္ခန္ဓက၌ မှတ်တမ်းတင်ထား၏။ ယင်းပါဠိတော်မှာ တေန ခေါ ပန သမယေန ဗုဒ္ဓေါ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။ တေနခေါ ပန သမယေန ရာဇာ မာဂဓော သေနိယော ဗိမ္ဗိသာရော အသီတိယာ ဂါမသဟေဿသု ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေတိ။
တေနခေါ ပန သမယေန စမ္ပာယံ သောဏောနာမ ကောဠိဝိသော သေဌိပုတ္တော သုခုမာလော ဟောတိ၊ တဿ ပါဒတလေသု လောမာနိ ဇာတာနိ ဟောန္တိ။ စသည်ဖြင့် လာရှိ၏ ။
မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် စစ်တပ်ကြီးမားစွာရှိသော မဂဓဘုရင် ဗိမ္ဗိသာရမင်းကြီးသည် သူ၏အင်္ဂတိုင်းနှင့်မဂဓ တိုင်း၌အတွင်းရှိ ရွာပေါင်း ရှစ်သောင်းတို့ကို အစိုးရ၏ ။ ထိုအချိန်ခါတုန်းက စမ္ပာမြို့တော်၌ ကောဠိဝိသမျိုးနွယ် သောဏမည်သော သူဌေးသားလေးသည် အလွန်နုညံ့သိမ်မွေ့လှ၏။ သူ၏ ခြေဖဝါးအပြင်တို့၌ မွှေးညှင်းတို့သည်ပင် ပေါက်ရောက်နေ၏။
ဗိမ္ဗိသာရမင်းကြီးသည် အင်္ဂတိုင်း မဂဓတိုင်းမှ ရွာပေါင်း ရှစ်သောင်းတို့ကို အသီးသီး ရွာသူကြီးခန့်အပ်အုပ်ချုပ်၏။ မင်းကြီးသည် ထိုရွာသူကြီး ရှစ်သောင်းတို့ကို တစ်စုံတစ်ခုသောကိစ္စဖြင့် စည်းဝေးစေကာ သောဏသူဌေးသားလေးကိုလည်း သူ၏ နန်းတော် ရှေ့မှောက်သို့ လာရောက်ခစားစေလိုကြောင်း တမန်တော်စေလွတ်ခဲ့၏။ သောဏသူဌေးသားလေး မင်းကြီးရှေ့မှောက်ရောက်လာ၍ မင်းကြီးရှေ့တွင် တင်ပလ္လင်ခွေထိုင်လျှင် မင်းကြီးသည် သောဏသူဌေးသားလေး၏ ခြေဖဝါး၌ ပေါက်ရောက်နေကုန်သော မွှေးညှင်းလေးများကို ကိုယ်တိုင်မြင်ပြီးနောက် ယင်း ရွာသူကြီး ရှစ်သောင်းတို့၏ ညီလာခံသဘင် အစည်းအဝေး၌ မင်းကြီးသည် ပစ္စုပ္ပန်အကျိုးတရားနှင့် စပ်သော လမ်းညွှန်ဆုံးမချက်များကို မိန့်ကြားပြီး တမလွန်ဘဝအကျိုးနှင့်စပ်သော ဆုံးမစကားများကို မြတ်ဗုဒ္ဓက သင်တို့အား ဟောလိမ့်မည်ဟု ဆိုကာ ရာဇဂြိုဟ်မြို့က ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးတော်မူသည့် မတ်ဗုဒ္ဓထံတော်သို့ စေလွှတ်လိုက်၏ ။
ထိုအချိန်တုန်းက ဘုရားရှင်အား အနီးနေ ဥပဌာကအဖြစ် အရှင်သာဂတမထေရ်က ပြုစုလုပ်ကျွေးနေ၏။ မှန်၏။ မြတ်ဗုဒ္ဓသည် ပထမဗောဓိ ဝါတော် (၂၀) အတွင်းမှာ အလုပ်အကျွေးရဟန်း အမြဲအတည်တကျ မရှိခဲ့ပေ။ (၈၀) သော မထေရ်ကြီးတွေထဲမှာ မြတ်ဗုဒ္ဓ၏ အလုပ်အကျွေး ဖြစ်ခဲ့ဖူးသူလည်း တပါးမျှ မရှိခဲ့ပေ။ (ယနေ့ခေတ်တွင် ရာထူးအဆင့်အတန်းအသီးသီး ရှိသော်လည်း သက်ဆိုင်ရာ ဆရာရှင်တို့အား လူတိုင်း လုပ်ကျွေးပြုစုတတ်သည့် အရည်ချင်းမျိုးတော့ မရှိတတ်ကြသည်ကို သတိပြုသင့်၏)။
ဝါတော်(၂၀) အတွင်းမှာ မြတ်ဗုဒ္ဓအား နာဂသမာလမထေရ်၊ နာဂိတမထေရ်၊ ဥပဝါဏမထေရ်၊ သုနက္ခတ္တမထေရ်၊ စုန္ဒမထေရ်၊ သာဂတမထေရ်၊ ရာဓမထေရ်၊ ဗောဓိမထေရ်၊ မေဃိယမထေရ်တို့က အဆင်သင့်သလို လုပ်ကျွေးပြုစုကြကြောင်းကိုလည်းကောင်း၊ အရှင်အာနန္ဒာမထေရ်သည် ပယ်ဆုလေးပါးနှင့် တောင်းဆုလေးပါးကို တောင်းပြီးမှ အမြဲတမ်း အလုပ်အကျွေး ဖြစ်သွားကြောင်းကို ပါဠိစာပေမှာ တွေ့ရ၏။ (အံ-ဌ၊ ပ၊ ၂၂၈-၂၃၀။ သဂါထာဝဂ္ဂသံယုတ် ဌ- ၂၃၇)။
ယခု ဗိမ္ဗိသာရမင်းကြီး၏ ရွာသူကြီး ရှစ်သောင်းတို့ ဘုရားရှင်ထံ သွားရောက်စဉ်က အရှင်သာဂတ မထေရ်သည် ဘုရားရှင်အား လုပ်ကျွေးနေခိုက် ဖြစ်၏။ ပရိတ်သတ်က မြတ်စွာဘုရားရှင်အား ဖူးတွေ့ချင်ကြောင်း လျှောက်ထားသောအခါ အရှင်သာဂတမထေရ်သည် မိမိတန်ခိုးဖြင့် ပရိတ်သတ်များ ကြည့်နေစဉ်အတွင်း စောင်းတန်းလှေခါးရင်းမှ ငုတ်လျှိုးပြီး ဘုရားရှင် သီတင်းသုံးတော်မူရာ သွားရောက်လျှောက်ထားလေ၏။ ယင်းအချင်းအရာကို မြင်သော ပရိတ်သတ်များသည် အရှင်သာဂတမထေရ်အား ပိုမိုကြည်ညိုသွားတော့၏။ ။
မြတ်စွာဘုရားကြွတော်မူလာပြီး ကျောင်းရိပ် သစ်ပင်အောက်မှာ ခင်းထားအပ်သော နေရာလေးမှာ သီတင်းသုံးတော်မူပြီး ပရိတ်သတ် ရွာသူကြီး ရှစ်သောင်းတို့အား တရားဟောစဉ် ပရိတ်သတ်များက မြတ်ဗုဒ္ဓတရားတော်၌ စိတ်အာရုံမရောက်ဘဲ အရှင်သာဂတမထေရ် တန်ခိုးဖြင့် မြတ်စွာဘုရားထံလာရောက်လျှောက်ထားသည့် အသွင်အပြင်ကိုပင် စိတ်အာရုံရောက်နေကြကြောင်း သိတော်မူသဖြင့် မြတ်ဗုဒ္ဓက အရှင်သာဂတမထေရ်အား ဆက်လက်ပြီး ပရိတ်ကြီးအား တန်ခိုးပြရန် အမိန့်ရှိသောအခါ အရှင်သာဂတမထေရ် တန်ခိုးအမျိုးမျိုးပြပြီးသည့်အဆုံး၌ အရှင်သာဂတမထေရ်က… တပည့်တော် သာဝကပါဘုရား---ဟု ဖြေကြားလျှောက်ထားမှ ရှစ်သောင်းသော ရွာသူကြီးများက "သာဝကသည်ပင် ဤမျှလောက်တန်ခိုးကြီးပါပေ၏။ ဆရာဘုရင်းဆိုလျှင် ပြောဖွယ်ပင်မရှိတော့ဟု" နှလုံးမူကာ မြတ်စွာဘုရားအား ပိုမိုကြည်ညိုသွားကြ၏ ။
ထိုရှစ်သောင်းသော ပရိတ်သတ်များလည်း တရားနာကြားရသဖြင့် တရားထူး ရကြကုန်၏။ ထိုစဉ် ကောဠိဝိသ သူဌေးသားလေးလည်း မြတ်ဗုဒ္ဓ၏ တရားတော်ကို နာကြားရဖြင့် ဘုရားရှင်ထံမှ အခြားသော ပရိတ်သတ်ထပြန်သွားကြသောအခါ ဘုရားရှင်ထံချဉ်းကပ်ပြီး ရဟန်းအဖြစ်ကို လျှောက်ထားတောင်းပန်ခဲ့၏။
အရှင်သောဏသည် ရဟန်းဖြစ်ပြီး စင်္ကြံလျှောက် တရားအားထုတ်တော်မူသောအခါ အလွန်နုညံ့သော ခြေဖဝါးပိုင်ရှင် အရှင်သောဏ၏ ခြေဖဝါးများ ပေါက်ပြဲကာ သွေးတို့ဖြင့် စင်္ကြံတစ်ခုလုံး သွေးအလိမ်းအလိမ်းကပ်လျက် သွားသတ်ရုံပမာဖြစ်နေသည့် အကြောင်းကို မြတ်ဗုဒ္ဓအား လျှောက်ထားသဖြင့် ဘုရားရှင်က အရှင်သောဏမထေရ်အား သနားတော်မူသောကြောင့် တစ်ထပ်လွှာ(ဧကပလာသိက) ဘိနပ်ကို ခွင့်ပြုတော်မူသောအခါ
အခြားရဟန်းတော်များက မြတ်စွာဘုရား…သောဏသည် လှည်းအစီး (၈၀) တိုက်မျှ ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်ကာ ရဟန်းဘဝရောက်မှ အလွှာဘိနပ်တို့၌ တပ်မက်နေသေးသည်ဟု စွပ်စွဲပြောဆိုကြသောကြောင့်
အရှင်သောဏမထေရ်က မြတ်စွာဘုရား သံဃာအားလုံးအား ခွင့်ပြုသည်ဖြစ်အံ့…တပည့်တော် သုံးဆောင်ပါအံ့၊ အကယ်၍ သံဃာအား ခွင့်မပြုတော်မူအံ့…တပည့်တော်လည်း မသုံးဆောင်ပါဟု လျှောက်ထားသဖြင့် မြတ်စွာဘုရားက အကြောင်းအားလျှော်စွာ သံဃာအား လွှာဖိနပ်ခွင့်ပြုတော်မူခဲ့။ ။
မှတ်ချက်။ ။ ဤသောဏမထေရ်အကြောင်းကို လေ့လာပါက အင်္ဂတိုင်း စမ္ပာမြို့တော်သည် မဂဓဘုရင် ဗိမ္ဗိသာရမင်းကြီး၏ လက်အောက်ခံနိုင်ငံဖြစ်၍ ယင်းအင်္ဂတိုင်း၏ ကျေးရွာများသည်လည်း မဂဓဘုရင်ဗိမ္ဗိသာရမင်းကြီးက ရွာအိမ်မှူးများကို အသီးသီးခန့်အပ်ကာ အုပ်ချုပ်ကြောင်း သိနိုင်၏။ ။
ဒေါက်တာသုတာစာရာလင်္ကာရ(မေ့သားလှ-ဇလဂ္ဂ)
မြတ်ဗုဒ္ဓသာသနာတော်
သာသနာ မည်ပုံ ...
သာသနာသည် သီလ၊ သမာဓိ၊ ပညာ -အားဖြင့် သုံးရပ်ရှိရာ …
« ကိုယ်ကျင့်သီလ ပြည့်စုံအောင် နေထိုင်ခြင်းသည် သီလသာသနာ မည်ပါသည်။
« စိတ်တည်ငြိမ် အေးချမ်းအောင် သမထဘာဝနာ ပွားများခြင်းသည် သမာဓိသာသနာ ဖြစ်ပါသည်။
« ရုပ်၊ နာမ် ဓမ္မ သင်္ခါရ - တို့ကို အမှန်အတိုင်း သိအောင် ရှုပွား အားထုတ်၍ ရုပ်၊ နာမ်တို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည် ပညာသာသနာ ဖြစ်သည်။
- သီလသာသနာက ဝိနည်းဥပဒေသ ကိုယ်ကျင့်တရားကို ပြပါသည်။
- သမာဓိသာသနာက ရပ်တည်နေထိုင်မှု နည်းစနစ်ကို ပြ၍
- ပညာသာသာနာက ဝေဖန်ဆင်ခြင် သုံးသပ်ခြင်းကို ပြပါသည်။
- သီလသာသနာက ကိုယ်၊ နှုတ်ကို ငြိမ်းချမ်းစေ၍
- သမာဓိသာသနာက စိတ်ကို ငြိမ်းချမ်းစေသည်။
- ပညာသာသနာက စိတ်ကို ဖြူစင်စေသည်။
တစ်နည်းအားဖြင့် …
၁။ စာပေ-ဟူသော ပရိယတ္တိ သာသနာ၊
၂။ လေ့ကျင့်အားထုတ်မှု-ဟူသော ပဋိပတ္တိ သာသနာ၊
၃။ မျက်မှောက်ပြုခြင်း-ဟူသော ပဋိဝေဓ သာသနာ … ဟူ၍ သုံးမျိုး ရှိ၏။ သာသနာတော် သုံးရပ်တွင် ပရိယတ်သည် သာသနာတော် တည်ခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ ပရိယတ်ကို သင်ကြားပြီးမှ ပဋိပတ်၊ ပဋိဝေဓ နှစ်ပါးကို ပြည့်အောင် ဖြည့်နိုင်ကြလေသည်။
{အင်္ဂုတ္တိုရ်မှာ အဋ္ဌကထာ ဆရာကြီးများက မှာထားတာ ရှိပါတယ်။ ကျောက်ဖျာကြီးပေါ်မှာ
စာရေးပြီး ကျောက်ဖျာ အောက်မှာ (သိုက်) ရွှေအိုး မြှပ်ထားလိုက်တယ်၊ ကျောက်ဖျာပေါ်မှာ ရေးထားတဲ့စာ မပျက်သမျှ ကာလပတ်လုံး အောက်က (သိုက်) ရွှေအိုးကို အလွယ်တကူ ထုတ်ယူနိုင်သလို သံဃာတော်များ ပို့ချလေ့လာ သင်ယူနေတဲ့ ပရိယတ္တိ စာပေကျမ်းဂန်တွေ မပျောက်ပျက်ဘဲ တည်ရှိနေသမျှ ကာလပတ်လုံး ကျမ်းဂန်တွေက ညွှန်ပြတဲ့အတိုင်း လိုက်နာကျင့်သုံး ပွားများ အားထုတ်မယ်ဆိုလျှင် (သိုက်) ရွှေအိုးနဲ့တူတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရကြမှာ သေချာပါတယ်။}
--------------------------------------
** ဓမ္မ ဝိနယ **
မြတ်ဗုဒ္ဓ၏ စကားသည် ဝိမုတ္တိရသအားဖြင့် တစ်ပါးသာ ရှိ၏။ ဓမ္မ, ဝိနယအားဖြင့်ကား နှစ်ပါးအပြား ရှိ၏။
၁။ ဝိနယ ပိဋကတ်သည် ဝိနယ မည်၏။
၂။ ထိုမှတစ်ပါးသော ဗုဒ္ဓဝစန တို့သည် ဓမ္မ မည်၏။
ပထမသင်္ဂါယနာတင် အရှင်တို့သည် ‘ငါတို့သည် ဗုဒ္ဓ - ဝစန ဖြစ်သော ဓမ္မ - ဝိနယကို သင်္ဂါယနာတင်ကြရမူ ကောင်းလေစွ’ဟု အချင်းချင်း တိုင်ပင်ကြ၏။ သူတို့သည် သုတ္တန်နှင့် အဘိဓမ္မာ ကို ရောပြီး ဓမ္မဟု သိမ်းရုံးခေါ်လိုက်ကြ၏။ ဓမ္မဝိနယ ဆိုလျှင်လည်း ဗုဒ္ဓဝစန အလုံးစုံကို အကုန်ခြုံမိ၏။
-------------------------------------
*** ဗုဒ္ဓ ဝစန ***
မြတ်ဗုဒ္ဓ စကားသည် ပထမ၊ မဇ္ဈိမ၊ ပစ္ဆိမ အစွမ်းအားဖြင့်ကား သုံးပါးအပြား ရှိ၏။
(၁) ပထမ ဗုဒ္ဓ ဝစန - ရှေးဦးစွာ ဘုရားစကား၊
- (ဘုရားအဖြစ်သို့ ရောက်သောအခါ ဝမ်းမြောက်ရွှင်မြူး ကြည်နူးလှသဖြင့် ရင့်ကျူးလိုက်သော မင်္ဂလာအတိပြီးသော ဥဒါန်းစကား။ “အနေကဇာတိ …. ခယမဇ္ဈဂါ” )
- (ပထမ ဗုဒ္ဓဝစနမှ နောက်ဆုံး ဗုဒ္ဓဝစန တိုင်အောင် အလယ်စပ်ကြား၌ မြတ်ဗုဒ္ဓ မြွတ်ကြားသမျှသော စကား။)
- (မဟာပရိနိဗ္ဗာန်ပြုခါနီး ဘုရားရှင်တိုင် မိန့်ကြားတော် မူခဲ့သော နောက်ဆုံး စကား။ “ဟန္ဒ ဒါနိ ….. သမ္ပဒေထ” )
*** ဗုဒ္ဓဓမ္မ ၏ မူလသဘာဝ ***
(၁) သဗ္ဗံ အနိစ္စံ - အလုံးစုံ အမြဲ မရှိ။
(၂) သဗ္ဗံ အနတ္တံ - အလုံးစုံ အတ္တ ကင်း၏။
(၃) နိဗ္ဗာနံ သန္တံ - နိဗ္ဗာန်သည် အေးမြ၏။
--------------------------------------
** ဒေသနာတော် **
သာသနာသည် မြတ်ဗုဒ္ဓ ဟောကြားတော်မူသော ဒေသနာများ ဖြစ်သဖြင့် ဒေသနာတော်-ဟုလည်း ခေါ်ဆိုပါသည်။ ဒေသနာသည်ကား သဒ္ဒပညတ် တည်း။ သဘောအလျောက် သဘောကို ဟောခြင်း-ဟု အဓိပ္ပါယ်ရ၏။
(၁) ယထာနုလောမ ဒေသနာတော် - သတ္တဝါတို့ တရားအလင်း ရရှိစေရန် တစ်ဦးချင်းစီ၏ အကြိုက် စရိုက်နှင့် အညီ ဥပမာအမျိုးမျိုးဖြင့် ဟောကြားတော်မူခြင်း။
(၂) ယထာဓမ္မ ဒေသနာတော် - နက်နဲ၍ လူသာမန်တို့ နားလည်ဖို့ ခက်ခဲသော သဘာဝ ဓမ္မတို့ကို အယူအဆ မှန်ကန်စေရေးအတွက် ဟောကြားတော်မူခြင်း။
(၃) ယထာပရာဓ ဒေသနာတော် - တပည့်ရဟန်းတို့ကို အကြောင်းအပြစ်အားလျော်စွာ ခွင့်ပြု ပညတ်တော်မူခြင်း။ …
ဟူ၍ သုံးမျိုး ရှိပါသည်။
------------------------------------
*** ပိဋက သုံးပုံ ***
ပိဋက အားဖြင့် …
၁။ ယထာနုလောမ ဒေသနာတော် သည် သုတ္တန္တ ပိဋက၊
၂။ ယထာဓမ္မ ဒေသနာတော် သည် အဘိဓမ္မာ ပိဋက၊
၃။ ယထာပရာဓ ဒေသနာတော် သည် ဝိနယ ပိဋက၊ … ဟူ၍ ပိဋက (၃)ပုံ ရှိပါသည်။
* သုတ္တန် ပိဋက (၃) ကျမ်း
၁။ သီလက္ခန္ဓဝဂ္ဂ (သုတ် သီလက္ခန် - ၁၃ သုတ်)၂။ မဟာဝဂ္ဂ ( သုတ် မဟာဝါ (ဝါ) မဟာဝဂ္ဂ - ၁၁ သုတ်)
၃။ ပါထိကဝဂ္ဂ ( သုတ် ပါထေယျ (ဝါ) ပါထိကဝဂ္ဂ )
* အဘိဓမ္မာ ပိဋက (၇) ကျမ်း
၁။ ဓမ္မသင်္ဂဏီ (စိတ်ဖြစ်ခြင်းတို့ကို ရေတွက်ပြသော အဘိဓမ္မာ၏ မာတိကာ ဖြစ်သောကျမ်း)၂။ ဝိဘင်္ဂ = ဝိဘင်း (ခွဲခြမ်း ဝေဖန်ခြင်း)
၃။ ဓာတုကထာ (ခန္ဓာ၊ အာယတန၊ ဓာတ်၊ သတိပဋ္ဌာန်၊ ဗိုလ်၊ ဣနြေ္ဒ စသည်တို့ကို ဖွင့်ဆိုထားသောကျမ်း)
၎။ ပုဂ္ဂလပညတ္တိ (အမျိုးမျိုးသော ဇီဝတို့၏ ဥဒါဟရုဏ်ပုံစံနှင့် အကျယ် ဝေဖန်သောကျမ်း)
၅။ ကထာဝတ္ထု (၁၈-ပါးသော သမ္ပဒါ (ခေါ်) နိကာယ(ဂိုဏ်း)တို့တွင် ဝိဝါဒ ဖြစ်သော အချက်အလက်တို့ကို လှပသော အစီအစဉ်ဖြင့် ရှင်းလင်းပြသော၊ ဗုဒ္ဓ ဓမ္မသမိုင်းကို လေ့လာရန်အတွက် အကောင်းဆုံးကျမ်း)
၆။ ယမက (ယုံမှားသံသယ ဖြစ်နေသည်များကို ပယ်ဖျောက်ရန်အတွက် ပြဿနာ နှစ်မျိုးနှင့် အဖြေနှစ်မျိုးကို တင်ပြထားသော ကျမ်း)
ရ။ ပဋ္ဌာန (ဧက၊ ဒုက၊ တိကဟု ၃-မျိုး၊ ဟေတု စသော ၂၄-ပါးသော ဆက်စပ်ခြင်းဖြင့် ကြောင်းကျိုးဆက်စပ်ပြသော ကျမ်း)
* ဝိနယ ပိဋက (၅) ကျမ်း
၁။ ပါရာဇိက = ပါရာဇိကကဏ္ဍ = ပါရာဇိကဏ်ပါဠိ၂။ ပါစိတ္တိယ = ပါစိတ် ပါဠိ
၃။ မဟာဝဂ္ဂ = ဝိနည်းမဟာဝါ ပါဠိ
၎။ စူဠဝဂ္ဂ = စူဠဝါ ပါဠိ
၅။ ပရိဝါရ = ပရိဝါ ပါဠိ
* နက်နဲခြင်း ဂမ္ဘီရ
ပိဋကတ် သုံးပုံတွင် တစ်ပုံ တစ်ပုံသော ပိဋက၌ နက်နဲခြင်း ဂမ္ဘီရ အပြား (၄)ပါးစီ အသီးသီး ရှိကုန်၏။(၁) ဓမ္မ - ပါဠိ (အကြောင်း ဟေတု)
(၂) အတ္ထ - အနက် (အကျိုး ဟေတုဖလ - အတ္ထပဋိသမ္ဘိဒါ)
(၃) ဒေသနာ - ဟောခြင်း (သဒ္ဒပညတ်) နှင့်
(၄) ပဋိဝေဓ - လောကီ, လောကုတ္တရာ-သိတတ်သောဉာဏ် (ဓမ္မ ပဋိသမ္ဘိဒါ)… တို့ ဖြစ်ကြသည်။
-------------------------------
*** နိကာယ် ငါးရပ် ***
ဒေသနာတော်များအား အမျိုးအစားတူမျှရာ ပေါင်းစု ဖွဲ့စည်းထားခြင်းကို “နိကာယ်” ဟု ခေါ်သည်။ နိကာယ်-ဟူသော စကားမှာ နိကာယ ဟူသော ပါဠိစကားပင် ဖြစ်၏။ အဓိပ္ပါယ်မှာ အပေါင်းအစု ဖြစ်၏။
၁။ ဒီဃနိကာယ် (ရှည်လျားသော အကြောင်းအတ္ထုပ္ပတ်တို့ဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာတော်များ)
၂။ မဇ္ဈိမနိကာယ် (အလယ်အလတ်ဖြစ်သော အကြောင်းအတ္ထုပ္ပတ်တို့ဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာတော်များ)
၃။ သံယုတ္တနိကာယ် (အကြောင်း အတ္ထုပ္ပတ် စပ်ယှဉ်သောအားဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာများ)
၎။ အင်္ဂုတ္တရနိကာယ် (တစ်ပါး၊ နှစ်ပါး စသော အင်္ဂါ အရေအတွက်အားဖြင့် တိုး၍၊ လွန်၍ ဟောကြားတော်မူသော သုတ္တန်ဒေသနာများ)
၅။ ခုဒ္ဒကနိကာယ် (အကြောင်းအတ္ထုပ္ပတ် တိုတိုဖြင့် ဟောကြားတော်မူသော သုတ္တန်ဒေသနာတော်နှင့် ဝိနည်း၊ အဘိဓမ္မာတရားတော်များ)
(၁) ဒီဃ နိကာယ
ဤတွင်
ရှည်လျားသော သုတ်တို့၏ အပေါင်းအစုများ ပါဝင်၏။ ဤနိကာယ်ကို တစ်ဖန် သုံးစု
ထပ်၍ ခွဲလေသည်။ ယင်းကို ဝဂ္ဂ ဟုခေါ်သည်။ ဝဂ္ဂ၏ အဓိပ္ပါယ်မှာလည်း အစု ပင်ဖြစ်၍
မြန်မာတို့ကို ဝဂ်-ဟု ခေါ်ဆိုကြသည်။ ထိုဝဂ္ဂ သုံးခုမှာ သုတ္တန္တ ပိဋက ဖြစ်သော
သုတ်သုံးကျမ်းပင် ဖြစ်သည်။
(၂) မဇ္ဈိမ နိကာယ
အလယ်အလတ်ဖြစ်သော ၁၅၂-သုတ်တို့၏ အပေါင်းအစု ဖြစ်၏။ ယင်းတွင် သစ္စာ၊ ကံ၊
ဈာန်၊ သမာဓိနှင့် အတ္တဝါဒ အကြောင်းတို့ကို ကောင်းစွာ ဖွင့်ဆိုထားလေသည်။
စကားပြေအသွင်ဖြင့် ဟောပြသော သုတ်တို့ ဖြစ်၍ အလွန် စိတ်ဝင်စားဖွယ်
ဖြစ်လေသည်။ယင်းနိကာယ်၌ ပါရှိသော သုတ်များကို သုတ် ၅၀လျှင် တစ်ကျမ်း ပြုကာ ၃ကျမ်း ခွဲခြား သတ်မှတ်ထား၏။ ရှေးဦး အစဖြစ်သော သုတ် ၅၀ကို မူလပဏ္ဏာသ၊ အလယ်ဖြစ်သော သုတ် ၅၀ကို မဇ္ဈိမပဏ္ဏာသ၊ နောက်ဆုံးသုတ် ၅၂-သုတ်ကို ဥပရိပဏ္ဏာသ ဟု အသီးသီးအမည်ပေးကာ ခွဲခြားထား၏။ ပဏ္ဏာသ ဆိုသည်မှာ ၅၀ ဖြစ်သော်လည်း နောက်ဆုံး ပဏ္ဏာသမှာ သုတ်ပေါင်း ၅၂ သုတ် ပါဝင်နေသည်။
(၃) သံယုတ္တ နိကာယ
ယင်းတွင်
ပုဂ္ဂိုလ်အားဖြင့် လည်းကောင်း၊ ဓမ္မအားဖြင့် လည်းကောင်း၊ သဘာဝအားဖြင့်
လည်းကောင်း တူသော သုတ်တို့ကို ပူးပေါင်း ဖော်ပြထား၏။
ပူးတွဲဖက်စပ်ခြင်းကိုပင် သံယုတ္တ၊ သံယုတ်-ဟု ခေါ်၏။ ယင်းသံယုတ်ကိုပင် တစ်ဖန်
သဂါထာဝဂ္ဂသံယုတ်၊ နိဒါနဝဂ္ဂသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်နှင့်
မဟာဝဂ္ဂသံယုတ်-ဟူ၍ ၅ ကျမ်း ခွဲထားပြန်လေသည်။ ဤတွင် ဟောကြားသော
ဓမ္မတရားတို့ကို ကျမ်းအမည်ဖြင့်ပင် မှန်းဆနိုင်၏။ ဤသံယုတ် ၅-ကျမ်းတွင်
သုတ်ပေါင်း ၇၇၆၂ သုတ်မျှ ပါဝင်၏။ ဗုဒ္ဓဓမ္မကို လေ့လာရာ၌ ဤနိကာယ်မှာ
အဘိဓာန်သဖွယ် ဖြစ်၍ လွန်စွာလည်း ကြည်နူးဖွယ် ကောင်းလှပေသည်။
(၄) အဂုၤတၱရ နိကာယ
တစ္ပါးက
စ၍ ၁၁-ပါးအထိ အင်္ဂါတစ်စုစီ ကျော်လွန် ပိုမို ဖော်ပြထားရာ ဗုဒ္ဓဝစန
၁၁-မျိုးတို့ကို အဂုင်္တ္တရ နိကာယ်ဟု ခေါ်လေသည်။ ဤနိကာယ်သည် ဗုဒ္ဓဝါဒစွယ်စုံလည်း
ဖြစ်၏။ ဗဟုသုတပဒေသာဟုလည်း ဆိုနိုင်၏။ မြန်မာ့ယဉ်ကျေးမှု၏ ရေစီးကြောင်းလည်း
ဖြစ်၏။ ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေး-စသော အရေးမျိုးစုံ၊ အင်အားဗလ
အဖုံဖုံတို့ကို စနစ်တကျ နည်းမှန်လမ်းမှန် သဘာဝကျကျ ညွှန်ပြသော နိကာယ် ဖြစ်၏။
(၅) ခုဒ္ဒက နိကာယ
အတိုင်းအရှည် ပမာဏအားဖြင့် တိုသော သုတ်များကို စုပေါင်းထားသောကြောင့်
ခုဒ္ဒကနိကာယဟု ခေါ်ခြင်း ဖြစ်၏။ အမည်မှာ ငယ်သော်လည်း ကျမ်းအရေအတွက်
အများဆုံးနှင့် တရားသဘော အစုံဆုံး ပါရှိသော နိကာယ် ဖြစ်၏။ ယင်းတွင် ဝိနည်း
၅-ကျမ်းနှင့် အဘိဓမ္မာ ၇-ကျမ်းလုံး ပါဝင်ပြီး သုတ္တန်မှ ကျမ်းပေါင်း
၁၅-ကျမ်း ပါဝင်၏။ မိလိန္ဒပဥှာ၊ နေတ္တိ နှင့် ပေဋကောပဒေသ-ကို ထည့်ပါမူ
၁၈-ကျမ်း ဖြစ်၏။ သို့ရာတွင် အနောက်တိုင်း ဗုဒ္ဓဝါဒီတို့သည် ဤ ၃-ကျမ်းကို
ပင်မဗုဒ္ဓဝစန အနေဖြင့် ရေတွက်ခြင်း မပြုကြချေ။ခုဒ္ဒက နိကာယ်၏ သင်ခန်းစာနှင့် အဖွင့် (၁၅) ကျမ်း ရှိ၏။
ယင်းတို့မှာ …
(၁) ခုဒ္ဓကပါဌ - ဗုဒ္ဓ အခြေခံကျမ်း (၉) ခု ပါဝင်၏။
(၂) ဓမ္မပဒ - နီတိနှင့် အကျင့်စရိုက် ကောင်းမွန်ရေး သင်ခန်းစာ ဂါထာပေါင်း (၄၂၃) ပုဒ် ပါဝင်၏။
(၃) ဒါန - မြတ်ဗုဒ္ဓ၏ ဥဒါန်းစကား အစုဝဂ်ပေါင်း (၈) ခု ပါဝင်၏။
(၄) ဣတိဝုတ္တ - ဥပမာတို့ဖြင့် သင်ခန်းစာကို နှလုံးသားရောက်အောင် ပို့သော အင်္ဂါငယ်ပေါင်း (၁၁၂) ခု ပါဝင်၏။
(၅) သုတ္တနိပါတ - ဗုဒ္ဓဓမ္မအယူဝါဒနှင့် ပတ်သက်သော ဝဂ် (၅)-ခု၊ သုတ် (၇၂)-သုတ် ပါဝင်၏။
(၆) ဝိမာနဝတ္ထု၊ (၇) ပေတဝတ္ထု - ဗုဒ္ဓ၏ တမလွန်လောကနှင့် ပတ်သက်သော အယူအဆများ ပါဝင်၏။
(၈) ထေရဂါထာ - အမျိုးသားရဟန်း(ဘိက္ခု)နှင့် ပတ်သက်သော ကဗျာပေါင်း (၁၀၇)ပုဒ် ရှိ၍ ဂါထာပေါင်း (၁၂၇၉) ခု ပါဝင်၏။
(၉) ထေရီဂါထာ - အမျိုးသမီးရဟန်း (ဘိက္ခုနီ) နှင့် ပတ်သက်သော ကဗျာပေါင်း (၇၃)ပုဒ် ရှိ၍ ဂါထာပေါင်း (၅၂၂) ခု ပါဝင်၏။
(၁၀) ဇာတက - ဗုဒ္ဓ၏ ရှေးဘဝနှင့် ဆက်စပ်သော ဇာတ်လမ်း (၅၅၀)ခန့် ပါဝင်၏။
(၁၁) နိဒ္ဒေသ - ဗုဒ္ဓ၏ ကိုယ်စား အရှင်သာရိပုတ္တရာ ဟောသော အဖြေရေးနည်း နိသျည်း (ဋီကာဗျာချာ) ဖြစ်၏။
(၁၂) ပဋိသဗ္ဘိဒါမဂ္ဂ - ခွဲခြားစိတ်ဖြာ ဝေဖန်သော လမ်းစဉ်ဉာဏ် ပြသော အပိုင်းကြီး (၃) ပိုင်း ပါဝင်၏။
(၁၃) အပဒါန - အကြောင်းအတ္တုပတ္တိ အကောင်းအဆိုး အဖြစ်အပျက်ကို ဆိုသော အပဒါန် ဖြစ်၏။
(၁၄) ဗုဒ္ဓဝံသ - ပွင့်တော်မူကုန်သော ဗုဒ္ဓတို့၏ အတ္ထုပတ္တိတို့ကို ဂါထာဖြင့် ဟောထားသော ဗုဒ္ဓဝင် ဖြစ်၏။
(၁၅) စရိယာပိဋက - ဘုရားလောင်း ကျင့်ဆောင်ခဲ့သော ပါရမီတို့ကို ဖွင့်ဆိုခြင်း ဂါထာတို့ကိုပြသော (၃၅)-ဇာတ်ဖြင့် ပါဝင်၏။
-----------------------------------------
** အင်္ဂါ (၉) တန် **
အစိတ်အပိုင်းအားဖြင့် ဝေဖန်အပ်သော ဒေသနာတော်သည် အင်္ဂါ အားဖြင့် ၉ - တန် ရှိလေသည်။
၁။ သုတ်-အမည်အားဖြင့် ဟောကြားအပ်သော သုတ္တ၊
၂။ ဂါထာ-ဖွဲ့ဆိုသောအားဖြင့် ဟောကြားအပ်သော ဂေယျ၊
၃။ အများအားဖြင့် ဂါထာမပါဘဲ စိတ်ဖြာ ခွဲခြမ်း၍ ဟောကြားအပ်သော ဝေယျာကရဏ၊
၎။ ဓမ္မပဒ-စသည်ဖြင့် ဂါထာသက်သက် ဟောကြားအပ်သော ဂါထာ၊
၅။ ဝမ်းမြောက်ခြင်း စသည်နှင့် စပ်လျဉ်း၍ ဥဒါန်းကျူးရင့် ဟောကြားအပ်သော ဥဒါန်း၊
၆။ မြတ်စွာဘုရား စကားတော်မြတ်ကို ကိုးကား၍ ဟောကြားအပ်သော ဣတိဝုတ်၊
၇။ ရှေးဘဝများစွာတို့၌ ဖြစ်ဖူးသော အတ္ထုပ္ပတ်တို့ကို ဟောကြားခြင်း ဇာတက၊
၈။ အံ့သြဖွယ် အကြောင်းအရာများကို ဟောကြားခြင်း အဗ္ဘုတဓမ္မ၊
၉။ နှစ်သက် ဝမ်းမြောက်ခြင်းနှင့် စပ်လျဉ်း၍ မေးအပ်သော ပုစ္ဆာများကို ဖြေကြားခြင်း ဝေဒလ္လ - အားဖြင့် အင်္ဂါ ကိုးတန် ရှိပါသည်။
** အပိုင်းအခြား ***
ထို့ပြင် ရွတ်ဖတ်သရဇ္ဈာယ်သော အပိုင်းအခြား အားဖြင့် …(ဘာဏဝါရ) အားဖြင့် ၁,၁၈၃၊
(တရား) အမျိုးအစုအပေါင်းအားဖြင့် ၈၄,၀၀၀၊
(အက္ခရာ) ခန့်မှန်းခြေအားဖြင့် ၉,၄၆၄,၀၀၀ ရှိကြောင်း သိရပါသည်။
*** ဓမ္မက္ခန္ဓာ ***
ဓမ္မက္ခန္ဓာ
အစွမ်းအားဖြင့် ၈၄,၀၀၀ အပြား ရှိ၏။ အနုသန္ဓေ တစ်ခုရှိသော သုတ်သည် ဓမ္မက္ခန္ဓာ
တစ်ခုမည်၏။ ဓမ္မက္ခန္ဓာ ၈၂,၀၀၀ တို့သည် မြတ်ဗုဒ္ဓမှ လာ၏။ ဓမ္မက္ခန္ဓာ ၂,၀၀၀
တို့သည် အရှင်သာရိပုတ္တရာထံမှ လာ၏။ အနုသန္ဓေများသော သုတ်၌ အနုသန္ဓေ၏
အစွမ်းဖြင့် ဓမ္မက္ခန္ဓာ အရေအတွက် ရှိ၏။ မဟာသတိပဋ္ဌာနသုတ်သည်ကား အနုသန္ဓေ တစ်ခုသာ
ရှိသည်။ မဟာပရိဗ္ဗာနသုတ်ကား အထူးထူးသောအရပ်၊ အထူးထူးသော ဒေသနာတို့ဖြင့်
အနုသန္ဓေ အထူးထူး ရှိသည်။ဂါထာဗန္ဓတို့၌ ပဥှာမေးခြင်းသည် ဓမ္မာက္ခန္ဓာတစ်ခု၊ အဖြေ ဝိဿဇ္ဇနာသည် တစ်ခုမည်၏။ အဘိဓမ္မာ၌ တစ်ပါးတစ်ပါးသော တိက်, ဒုက် တို့ကို ခွဲဝေခြင်း၊ တစ်ပါးတစ်ပါးသော စိတ်၏ ဝါရကို ခွဲဝေခြင်းသည် တစ်ပါးတစ်ပါးသော ဓမ္မက္ခန္ဓာ မည်၏။ ဝိနည်း၌ ဝတ္ထု၊ မာတိကာ၊ ပဒဘာဇနီ၊ အန္တရာပတ္တိ၊ အနာပတ္တိ၊ တိက်၏ အပိုင်းအခြား စသည်တို့တွင် တစ်ပါးတစ်ပါးသော အဖို့သည် တစ်ပါးတစ်ပါးသော ဓမ္မက္ခန္ဓာ မည်၏ဟု သိအပ်၏။
*** အံ့ဖွယ် (၈) ဖြာ ***
သာသနာတော်ကြီးကို မဟာသမုဒ္ဒရာကြီး၏ အံ့ဖွယ် ရှစ်ဖြာနှင့် ခိုင်းနှိုင်းတင်စား ဟောကြားတော်မူခဲ့ပါသည်။ ယင်းတို့မှာ …(၁) အနုပုဗ္ဗသိက္ခာ သာသနာ - မဟာသမုဒ္ဒရာကြီးသည် အစဉ်အတိုင်း နက်ရှိုင်းသကဲ့သို့ သရဏဂုံ မှစ၍ သီလ၊ သမာဓိ၊ ပညာ (တစ်နည်း) ငါးပါးသီလ၊ ဥပုသ်သီလ၊ ဗောဓိပက္ခိယတရား၊ မဂ်, ဖိုလ်, နိဗ္ဗာန် အားဖြင့် အစဉ်အတိုင်း တဖြည်းဖြည်း နက်ရှိုင်းသွားသော သဘော၊
(၂) ဝေလာမတိက္ကမ သာသနာ - မဟာသမုဒ္ဒရာကြီးသည် ကမ်းကို မလွန်သကဲ့သို့ မြတ်ဗုဒ္ဓ ပညတ်ထားတော်မူသည့် သိက္ခာပုဒ် ဝိနည်းတော် ကို တပည့်ကောင်း သာဝကတို့မှာ အသက်-ဟူသော အကြောင်းကြောင့်ပင် လွန်၍ မကျင့်သော သဘော၊
(၃) ဒုဿီလဥက္ခိပန သာသနာ - မဟာသမုဒ္ဒရာကြီးသည် အကောင်ပုပ်ကို လှိုင်းဖြင့် ရိုက်ပုတ်ထုတ်သကဲ့သို့ သာသနာ၏ အမှိုက်သရိုက်, အတွင်းပုပ်, ပါပညစ်ခေါင်, အကျင့်သီလ မကောင်းသူ ရဟန်းယောင်တို့အား ရှည်ကြာလေးမြင့် လက်မခံတတ်သော သဘော၊
(၄) ဧကနာမ သာသနာ - မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ လာလာသမျှ ရေအပေါင်းတို့သည် အမည်ဟောင်းကို စွန့်၍ သမုဒ္ဒရာရေ အမည်သာ ရသကဲ့သို့ အမျိုးလေးပါးတို့ ရဟန်းပြုလျှင် လူတန်းစား ခွဲခြားမှု မရှိ၊ ကိလေသာကို ငြိမ်းစေသူ မြတ်ဘုရား၏ သားတော် အဖြစ်ဖြင့် တစ်သားတည်းရှိသော သဘော၊
(၅) အနုနာပူရ သာသနာ - မိုးခေါင်လွန်းခြင်း၊ မိုးကောင်းလွန်းခြင်းကြောင့် မဟာသမုဒ္ဒရာရေမှာ လျော့နည်းခြင်း၊ လျှံတက်ခြင်းတို့ မရှိသကဲ့သို့ သာဝက များစွာ ပရိနိဗ္ဗာန် ဝင်စံကြခြင်းဖြင့် နိဗ္ဗာန်နဓာတ် ပြည့်လျှံ ယုတ်လျော့ခြင်း မရှိသော သဘော၊
(၆) ဧကရသ သာသနာ - မဟာသမုဒ္ဒရာရေသည် ငန်သော အရသာ တစ်ခုသာ ရှိသကဲ့သို့ ကိလေသာ ဘေးမှ ကင်းဝေးရာ သန္တိသုခ ဝိမုတ္တိရသ အလုပ်တစ်ခုတည်းသာ ရှိသော သဘော၊
(၇) ရတနာကရ သာသနာ - မဟာသမုဒ္ဒရာရေသည် ရတနာဆယ်ပါး၏ တည်ရာ ဖြစ်သကဲ့သို့ သတိပဋ္ဌာန် (၄)ပါး၊ ဣနြေ္ဒ, ဗိုလ် (၅)ပါး၊ ဗောဇ္ဈင် (၇)ပါး၊ မဂ္ဂင် (၈)ပါး တည်းဟူသော ဗောဓိပက္ခိယတရား (၃၇)ပါးစသော ရတနာများ ပြည့်လျှမ်းနေသော သဘော၊
(၈) မဟန္တဝါသ သာသနာ - မဟာသမုဒ္ဒရာသည် တိမိ စသော ကြီးစွာသော ငါးကြီးတို့၏ နေရာ ဖြစ်သကဲ့သို့ သောတာပန် အစရှိသော ကြီးမြတ်သည့် အရိယာ သူတော်စင် ပုဂ္ဂိုလ်ကြီးများ နေထိုင်ရာ ဌာနကြီးဖြစ်သော သဘော …..
တို့ကို လေးနက်စွာ သိမြင်သဘောပေါက် ရပါသည်။
‘လုလင်၊ ဤနေရာ၌ ငါသည် ခွဲခြားဝေဖန်၍ ဟောကြားလေ့ ရှိ၏။ တစ်ဖက်သတ်အားဖြင့် ဟောကြားလေ့ မရှိ’
(မဇ္ဈိမ၊ ပံ(ပြန်) သုဘသုတ်၊ ပိုဒ် - ၃၆၃)
မြတ်ဗုဒ္ဓ၏ ဒေသနာတော်သည် တစ်ဖက်သတ် အမြင်ဖြင့် တရားသေ ယူဆ ဟောကြားထားခြင်း မဟုတ်။ ခွဲခြား ဝေဖန် ပညာဉာဏ်ဖြင့် ဆင်ခြင်၍ ဟောကြားထားသော ဝိဘဇ္ဇဝါဒီ သာသနာတော် ဖြစ်ပါသည်။
-----------------------------------
မြတ်ဗုဒ္ဓစာပေ သင်ကြားနည်း
(၁) မြွေဖမ်း ဥပမာရှိသော သင်ခြင်း၊
(၂) သံသရာဝဋ်မှ ထွက်မြောက်ခြင်း အကျိုးရှိသော သင်ခြင်းနှင့်
(၃) ဘဏ္ဍာစိုးကဲ့သို့ သင်ခြင်း … တို့ ဖြစ်ကြသည်။
----------------------------------
မကြံအပ်သော တရား
(၁) ဗုဒ္ဓ ဝိသယ - မြတ်ဘုရားရှင်တို့၏ အရာ၊
(၂) ဣဒ္ဓိ ဝိသယ - တန်ခိုး၏ အရာ၊
(၃) ကမ္မ ဝိသယ - ကံကြမ္မာ၏ အကျိုး၊
(၄) လောက - သတ္တ, သြကာသ, သင်္ခါရ လောက ... ဤလေးပါးတည်း။
ဤမကြံအပ်, မကြံစည်နိုင်သော တရားတို့ကို ကြံသူသည် နှလုံးပျံ့လွင့်ခြင်း ဟူသော ရူးခြင်းအဖို့ ဖြစ်ရာ၏၊ ပင်ပန်းခြင်းအဖို့ ဖြစ်ရာ၏။
---------------------------------
ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံး ကိုယ်စိတ် နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေ ...
Subscribe to:
Posts (Atom)