၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ
Showing posts with label တရားတော်များ. Show all posts
Showing posts with label တရားတော်များ. Show all posts

Monday, August 12, 2013

ဘုရားဂုဏ်တော် ကိုးပါး ပါဠိ



ဣတိပိသော ဘဂ၀ါ -
၁။ အရဟံ
၂။ သမ္မာသမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ
၇။ သတ္ထာ ဒေ၀မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ ။
ဘုရားဂုဏ်တော်ကိုးပါး အနက်
(၁) အရဟံဂုဏ်တော်။     ။ သော ဘဂ၀ါ၊ သစ္စာလေးဆင့် ခိုင်လုံးရင့်ကာ
ပွင့်လာခေါင်ဖျား ထိုအောင်တော်မူ မြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့ ကိလေသာတို့မှ
ကင်းဝေးတော်မူခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူခြင်း၊ သံသရာစက်၏
အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူခြင်း၊ ပူဇော်အထူးနှင့်တကွ
ပစ္စည်းလေးပါးတို့ကို ခံယူတော်မူထိုက်ခြင်း၊ မကောင်းမှုကို ပြုလုပ်ဖွယ်
ဆိတ်ကွယ်ရာ မရှိခြင်းဟူသော အကြောင်းကြောင့်လည်း။ အရဟံ၊ “အရဟ” ဟူသော
ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၂) သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်။   ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
သယမ္ဘူဥာဏ်တော်မြတ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကြွင်းမဲ့ဥဿုံ
အလုံးစုံသော ဉေ ယျဓံတရားဟူသမျှတို့ကို ကောင်းစွာမဖောက်မပြန် အမှန်ထိုးထွင်း
အလင်းထင်ပေါ် သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ ” သမ္မာသမ္ဗုဒ္ဓ”
ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော်။   ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
ဝိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏတရားတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော
အကြောင်းကြောင့်လည်း။ ၀ိဇ္ဇာစရဏသမ္ပန္နော၊ ” ၀ိဇ္ဇာစရဏသမ္ပန္န” ဟူသော
ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၄) သုဂတဂုဏ်တော်။     ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
ငြိကပ်မှုကင်း သန့်ရှင်းလှစွာ ကြွသွားတော်မူခြင်း၊ ကောင်းသော နိဗ္ဗာန်သို့
ဦးတည်၍ ကြွချီတော်မူခြင်း၊ အစွန်းတရားနှစ်ပါးမှ ကင်းလျက်
အမှန်လမ်းဖြင့်ကြွသွားတော်မူခြင်း၊ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော
စကားတော်ကိုသာ မြွက်ဆိုတော်မူခြင်း ဟူသော အကြောင်းကြောင့်လည်း။ သုဂတော၊ ” သုဂတ”
ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၅) လောက၀ိဒူဂုဏ်တော်။     ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကသုံးပါးတို့ကို လည်းကောင်း၊
လောက၏သဘာဝ လောက၏ဖြစ်ကြောင်းတရား လောက၏ချုပ်ငြိမ်းမှုနှင့် လောက၏ချုပ်ရာ
နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်းကိုလည်းကောင်း အကြွင်းမရှိ
သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ လောက၀ိဒူ၊ ” လောက၀ိဒူ” ဟူသော
ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၆) အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်။     ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။
ဣတိပိ၊ ဤသို့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊
ဝိမုတ္တိဥာဏဒဿနဂုဏ်တော်တို့ဖြင့် မိမိထက်သာလွန်သူ တစ်စုံတစ်ယောက်မျှ မရှိခြင်း၊
မယဉ်ကျေးသော လူနတ် ဗြဟ္မာ သတ္တ၀ါတို့ကို ယဉ်ကျေး လိမ္မာအောင် ဆုံးမတော်မူခြင်း၊
ယင်းသို့ဆုံးမရာ၌ အတုမရှိ အောင်မြင်တော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။
အနုတ္တရော ပုရိသဒမ္မသာရထိ၊ ” အနုတ္တရော ပုရိသဒမ္မသာရထ” ဟူသော ဂုဏ်တော်မြတ်နှင့်
ပြည့်စုံတော်မူပါပေ၏။
(၇) သတ္ထာ ဒေ၀မနုဿာနံဂုဏ်တော်။     ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊
ဤသို့ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အား ပစ္စုပ္ပန်သံသရာ
နှစ်ဖြာအကျိုးဖွင့်ဖြိုးစေခြင်းဌာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အဆုံးအမကို
ပေးတော်မူတတ်ခြင်း၊ ဘ၀ကန္တာရခရီးထဲမှ သတ္တ၀ါတို့ကို ထုတ်ဆောင်
ကယ်တင်တော်မူတတ်ခြင်းဟူသော အကြောင်းကြောင့်လည်း။ သတ္ထာ ဒေ၀မနုဿာနံ၊ ” သတ္ထာ
ဒေ၀မနုဿာန” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၈) ဗုဒ္ဓဂုဏ်တော်။     ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
သစ္စာလေးပါး မြတ်တရားကို ထင်းရှားပိုင်ပိုင် ကိုယ်တော်တိုင်လည်း သိတော်မူခြင်း၊
သူတပါးတို့ကိုလည်း မိမိနည်းတူ သိမြင်စေခြင်းဌာ ဟောကြားပြသ
ဆုံးမတော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ “ဗုဒ္ဓ” ဟူသော
ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။
(၉) ဘဂ၀ါဂုဏ်တော်။     ။ သော ဘဂ၀ါ၊ ထိုမြတ်စွာဘုရားသည်။ ဣတိပိ၊ ဤသို့
အလေးပြုအပ်ခြင်း၊ မာရ်ငါးပါးကို ဖျက်ဆီးအောင်မြင်ပြီး ဖြစ်ခြင်း၊ ဣဿရိယ၊ ဓမ္မ၊
ယသ၊ သိရီ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်းစသော
အကြောင်းကြောင့်လည်း။ ဘဂ၀ါ၊ ” ဘဂ၀ါ” ဟူသော ဂုဏ်တော်မြတ်နှင့်
ပြည့်စုံတော်မူပါပေ၏။

Friday, May 17, 2013

ဆုံးဖြတ်ဖို့အချိန်တန်ပြီ

ကိုယ့်ကိုယ်ကို ဘယ်အထိ ကယ်မှာလဲ

သံသရာ သစ်ငုတ် အမြစ်ဖြုတ်ကြစို့

အပူမှန်သမျှ ငြိမ်းစေဖို့

အားလုံး သာဓုခေါ်ကြမယ်.mp3

ဗုဒ္ဓအလိုကျ ဒါနပြုနည်း

လောကသုံးပါးကိုရှူခြင်း ၃ ၂ ၂၀၀၅

သညာသိနှင့် ပညာသိ ၂၀ ၂ ၂၀၀၅

ဗုဒ္ဓဘာသာ အခြေခံ ၅

ဆင်းရဲကြောင်းတရား၉ပါး တရားတော်

Thursday, May 16, 2013

UNyanissara NatPyiYorkKaungMhootနတ်ပြည်ရောက်ကြောင်း ကောင်းမှု 9

နိဗ္ဗာန်ရှာနည်းတရားတော်

တရားဂုဏ်ရည် ၆-ပါး

တရားဂုဏ်ရည် ၆-ပါး by ariyathitsa

“ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ်

“ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ် by The Vimokkha Online Journal

အာသဝေါတရားေ​လးပါးမှ လွတ်ပါစေခြ​င်း အကျိုးငှာ တရားတော် ( အနိစ္စ ဆရာတော် )

အာသဝေါတရားေ​လးပါးမှ လွတ်ပါစေခြ​င်း အကျိုးငှာ တရားတော် ( အနိစ္စ ဆရာတော် ) by Myomyat Thu

ပန်ချင်သူများခေါင်းဖီးထား တရားတော်