၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ
Showing posts with label ဓမ္မဆောင်းပါးများ. Show all posts
Showing posts with label ဓမ္မဆောင်းပါးများ. Show all posts

Thursday, August 15, 2013

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ





ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ

၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

သာသနာတော်သုံးရပ်

၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး

၁။ ဘုရား
၂။ တရား
၃။ သံဃာ


ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ

မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန

၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး

၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး

၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး

၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး

၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး

၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ

ပစ္စည်းလေးပါး

၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး

၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း


ဆွမ်းအကျိုး ငါးပါး

၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး

၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး

၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး

၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး

၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး

၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

အပယ်လေးပါး

၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

ကပ်သုံးပါး

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး

၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး

၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး

၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

ဗျသနတရား ငါးပါး

၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး

၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး

၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး

၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး

၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး

၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ

၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ

၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်

၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ


လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )

ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

လောက သုံးပါး

၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက

ဗြဟ္မစိုရ်တရား လေးပါး

၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး

၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)

၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန္ဓာ ငါးပါး

၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး

၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၎။ မဂ္ဂသစ္စာ

စေတီ လေးမျိုး

၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၎။ ပရိဘောဂစေတီ

ဥပါယ်တံမျဉ် လေးမျိုး

၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

Thursday, May 16, 2013

အာသဝေါတရားေ​လးပါးမှ လွတ်ပါစေခြ​င်း အကျိုးငှာ တရားတော် ( အနိစ္စ ဆရာတော် )

အာသဝေါတရားေ​လးပါးမှ လွတ်ပါစေခြ​င်း အကျိုးငှာ တရားတော် ( အနိစ္စ ဆရာတော် ) by Myomyat Thu

ဓမ္မစကား(ပါရဂူ)

ဓမ္မစကား(ပါရဂူ) by ရွာသားလေး ကျွန်တော်

မြသန်းစံ - ရှိတဲ့ အတိုင်းလည်းသိဖို့ သိတဲ့ အတိုင်းလည်ရှိနေဖို့

မြသန်းစံ - ရှိတဲ့ အတိုင်းလည်းသိဖို့ သိတဲ့ အတိုင်းလည်ရှိနေဖို့ by Vimuttisukha Bliss

Saturday, May 11, 2013

ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ


*** ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ ***

၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။

၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ်ယူပါ။

၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း ဖြစ်တယ်။

၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။

၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာပျက်ရင်သာ ငိုပါ။

၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကို ကျောခိုင်းပြီး ပြေးရင်တော့
ဘယ်တော့မှ မရောက်ဘူး မှတ်။

၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့ ပြပါ။

၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ..... ဘ၀င်တော့ မမြင့်လေနဲ့။

၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ...... ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။

၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။

၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။

၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။

၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။

၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက် ကိုယ့်နောက်ပါမယ့် အကုသိုလ်တွေနဲ့ မလဲမိပါစေနဲ့။

၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။

၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။

၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာဆိုတဲ့ ၃ တန်း။

၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်း သွားလို့မရနိုင်ဘူး။

၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။

၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင် အခုသေရဲ မသေရဲ ပြန်တွေးကြည့်။

၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ ပို ကြိုးစား။

၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊၁ ကနေ ဆင်း လာတာလား? သတိထား။

၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။

၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။

၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။

၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲ ရွက်လွင့်ပါ။တကယ်အောင်မြင် ချင်ရင် အခုပဲ စလုပ်ပါ။

၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။

၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီး မလုပ်မိဖို့ဘဲ အရေးကြီးတယ်။

၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။

၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။

၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။

Friday, May 10, 2013

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း

ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင် ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီးတွေမှာ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်သာ အသေခံသွားမယ် အလွယ်တကူ စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊ ဘယ်လိုမှတ်ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ ဖြစ်ဖြစ်မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။ ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ သဘောအားဖြင့် ကြည့်ရင် ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ 
ဗုဒ္ဓဘာသာရဲ့ အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး လက်ခံဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟော ဒေသနာတွေကိုကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ ဖြစ်ပါတယ်။ မှန်အောင်တမင်လုပ်ပြီးဟောတော်မူတာ ဘာတစ်ခုမှ မရှိပါဘူး။ လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ဗါဒ်နဲ့ ကမ္မဝါဒတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော်တွေဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက် ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူများအတွက် ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူများ အတွက်ပဲ ဖြစ်ပါတယ်။ 
သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာရှိတယ်လို့ ယူဆခြင်းသက္ကာယဒိဋ္ဌိနှင့် လူသာသေတာ၊ ငါ င့ါလိပ်ပြာက မသေဘူးစသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု အယူရှိခြင်း သဿတဒိဋ္ဌိ
(၆) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။ 
သတ္တဝါ တစ်ဦးဦးဟာ ဒီအယူဝါဒ တစ်ခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့ ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး သစ္စာလေးပါးကို အမှန်အတိုင်း သိရှိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ရာ အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်တဲ့အတွက် သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ သစ္စာကို သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ 
ဆိုလိုတာက လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိစွဲရာကို အမှန်လို့ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့ ယူဆတတ်ကြတဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊ ပညာရှိ သတိရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့ အယူဝါဒကို လက်ခံလိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊ အယူမှန်တစ်ခုဟာ ဘယ်လိုပဲ ဆန်းစစ်ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝ ဓမ္မနဲ့ ချိန်ထိုးကာ စိစစ်ဝေဘန် လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်သစ္စာကို လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ်မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို ငါလို့ထင်ပြီး ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက် လက်ရှိကိုယ်လက်ခံကျင့်သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ ရှုထောင့်များနဲ့ ချိန်ထိုးပြီး မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓ ဘုရား သာသနာနှင့် မြန်မာပြည်

ဗုဒ္ဓခေတ် လက်တွေ့ ကျင့်ကြံမှုများ
ဗုဒ္ဓဘုရား သာသနာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာ ပြည့်ဖို့  ၅နှစ်အလို အိန္ဒိယပြည်၊ ဗီတာနဲ့  ဥတ္တရာပရာ့ဒေ့ရှ် နယ်တွေမှာ ပေါ်ထွန်းခဲ့တယ်။ အဲသည် အချိန်က အဲသည်ဒေသတွေမှာ ခတ္တိယတွေက ဗြဟ္မဏတွေထက် ကျော်တက် အုပ်ချုပ်နေချိန်ဖြစ်တယ်။ အဲသည်ဒေသက လူတွေဟာ ဗြဟ္မဏတို့ ရဲ့  ဝေဒ ရွတ်ဖတ်မှုကို အရီးနွား ငှားကျောင်းနေမှုမျိုးလို့  အောက်မေ့ပြီး ၊နွားကျောင်း သူဟာနို့ သောက်ရသူ မဟုတ်ဆိုပြီး ငြီးငွေ့ ကာ ကိုယ်တိုင် ကျင့်ကြံမှုဘက် အားသန်နေသူတွေ ဖြစ်တယ်။ ရွက်နေလို့  ဘာမှဖြစ်မလာဘူး၊ ကျင့်မှရမယ် ဆိုတာမျိုး ဖြစ်တာပဲ။

သည်တော့ သဘောတရားသမား ဗြဟ္မဏတွေထက် လက်တွေ့ သမား ခတ္တိယတွေက ရှေ့ ကရောက်လာတာပေါ့။ အဲသည်ဒေသက ခတ္တိယတွေဟာ လက်တွေ့ သမားတွေကိုလွတ်လပ်ခွင့် အပြည့် ပေးထားတယ်။ ဒါကြောင့်အဲသည်ဒေသမှာ လက်တွေ့  လေ့လာ၊ ဖော်ထုတ်၊ ဖြန့် ဖြူး နေသူတွေ အများအပြား ပေါ်ထွက်နေကြတယ်။ သတို့ နဲ့  သူတို့  မဟုတ်သူတွေအကြား ခွဲခြားချက်ဟာ တခုပဲရှိတယ်။ အဲဒါက အိုးအိမ်ရာထူထောင်ပြီး လူတွေနဲ့  အတူနေခွင့် မရှိတာပဲ သည်လို နေသူဟာ လက်တွေ့ ကို လေ့လာ ဖော်ထုတ်နေသူပဲ။

သူတို့ ဟာ မက္ခလိဂေါသာလ၊ ပုရာဏကဿပ၊ အဇိတကေသကမ္ဗလ၊ သဉ္ဇယဗေလဌပုတ္တ၊ ပကုဓကစ္စာယန၊ နဂန္ထနာဋပုတ္တ၊ စာရ်ဝါက၊ သစ္စကပရိဗိုဇ်၊ ပေါဌပါဒပရိဗိုဇ်၊ နိဂြောဓပရိဗိုဇ် … … အစစတွေပဲ။ အဲသည်ထဲမှာ ဗုဒ္ဓဘုရား လည်း ပါလေရဲ့ ။ သူတို့ အားလုံးဟာလူ့ ထွက်ပေါက်ကို လက်တွေ့  ဖော်ထုတ်ကြသူတွေချည်း ဖြစ်ကြတယ်။
သည်သူ တဦးတိုင်းမှာ *၁ သံဃာ ရှိတယ်။ *၂ ဂိုဏ်း လည်းရှိတယ်။ ဥပါသကာ၊ ဥပါသကီ တွေလည်း ရှိကြတယ်ပေါ့။ သူတို့  အားလုံးဟာ လက်တွေ့  ဖော်ထုတ်ကြတယ်ဆိုပေမယ့် တကယ့် လက်တွေ့ ဖြစ်ကြလှတယ်တော့ မဟုတ်ကြဘူး။

အဲသည်ထဲမှာ ဗုဒ္ဓဘုရားတပါးပဲ လက်တွေ့ ကျတယ်။ ပြောစရာရှိတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေဟာ လူကို မလွန်အောင် မတတ်နိုင်ကြဘူး။ လူကိုလွန်ပြီး မညွှန်းဆိုမိအောင် မတတ်နိုင်ကြဘူးလို့  ဆိုလိုတယ်။
လူသေပြီးနောက် ကောင်းကောင်း ဖြစ်အောင်၊ ဆိုးဆိုး မဖြစ်အောင်နဲ့  ကောင်းကောင်း ဆိုးဆိုး နှစ်မျိုးလုံး ဘာမှ မဖြစ် အောင်၊ ဒါတွေထဲကတမျိုးမျိုးကို လူ့ အတွက် ထွက်ပေါက်တွေ အဖြစ် ညွှန်ပြနေကြလို့ ပါပဲ။ သူတို့  လက်တွေ့  ကျင့်ကြံ ကျက်စားတဲ့ အာရုံဟာလက်တွေ့ ဆိုပေမယ့် တက္ကလို့  ဆိုရတဲ့ ကြံဆချက်တွေပဲ ဖြစ်နေကြလို့ ပဲ။

ဗုဒ္ဓဘုရား၏ ညွန်ပြချက်များ
သူတို့ အထဲက ဗုဒ္ဓဘုရားကတော့ သူတို့ နဲ့ မတူ တမူ ပေါက်ထွက်လာခဲ့တယ်။ လူမရှိတဲ့ နောင်မှာ ကောင်းကောင်း ဖြစ်ဖို့ ၊ ဆိုးဆိုး မဖြစ်ဘို့ နဲ့  ဘာမှ မဖြစ်ဘို့ ၊ ဒါတွေထဲက တမျိုးမျိုးကို လူ့ ထွက်ပေါက် အဖြစ် မညွှန်ပြလို့ ဘဲ။ သည်ညွန် ပြချက်တွေဟာ တက္က ညွှန်ပြချက်တွေ ဖြစ်ကြောင်း အတိအလင်း ညွှန်ပြခဲ့သူ ဖြစ်တယ်။

လူအနေနဲ့  လက်တွေ့ မှာ လက်လှမ်းမမီတဲ့ တက္က တွေကို ညွှန်ပြနိုင်သူဟာ လူတွေရဲ့  အငြင်းပယ်ခံရမှုက လွတ်သူ ဆိုတော့ လူ့ လောကရဲ့  အလင်းတွေကို ဖြန့် ဝေပေးသူဘာသာရေး ခေါင်းဆောင် လို့  အဖြစ်ခံရတာပေါ့။ သည်နေ့  ခေတ်လည်း သည်လိုပါပဲ။ သည်နေ့  ကမ္ဘာ့ သန်းငါးထောင် ၀န်းကျင်ဟာ တက္က ကမ္ဘာထဲ မျောနေကြသူ တွေပဲ။ တက္က ကမ္ဘာထဲ မျောနေသူဟာ ကိုယ့်ကိုယ်ကို တက္က ကမ္ဘာထဲ မျောနေရသူလို့  လည်း မသိနိုင်ကြဘူး။

ဗုဒ္ဓ ဘုရားဟာ တက္က ကမ္ဘာထဲက ဖောက်ထွက်နိုင်သူ ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓ ဘုရားကို ဘယ်အယူ ယူသလဲ၊ နားအလည် မခံရသူ ဖြစ်တယ်။

၁။ သေပြီးနောင် ဖြစ်တယ် ဆိုတာလည်း မပြောသူ။
၂။ သေပြီးနောင် မဖြစ်ဘူးလည်း မပြောသူ။
၃။ သေပြီးနောင် တချို့ ဖြစ် - တချို့ မဖြစ် လည်း မပြောသူ။
၎။ သေပြီးနောင် ဖြစ်တာလည်း မဟုတ်၊ မဖြစ်တာလည်း မဟုတ် မပြောသူ။
၅။ အသက်ဟာ ကိုယ်နဲ့ အတူလည်း မပြောသူ။
၆။သက်ဟာ ကိုယ်နဲ့  တခြားလည်း မပြောသူ။
၇။ လောကဟာ ရှိတယ်လည်း မပြောသူ။
၈။ လောကဟာ မရှိဘူးလည်း မပြောသူ။
၉။ လောကဟာ အဆုံးရှိတယ် မပြောသူ။
၁၀။ လောကဟာ အဆုံးမရှိဘူးလည်း မပြောသူ။

ဒါတွေဘာ့ကြောင့် မပြောတာလဲ ? အမေးရဲ့  အဖြေအဖြစ် ဗုဒ္ဓ ဘုရား မိန်းကြားတာက … … …
- ဒါတွေဟာ လူဆောင်စရာ (တရား)နဲ့  မဆိုင်လို့  ဖြစ်တယ်။
- ဒါတွေဟာ လူ့ အကျိုးစီးပွား ဖြစ်ထွန်းဖို့ နဲ့  မဆိုင်လို့  ဖြစ်တယ်။
- ဒါတွေဟာ အကျင့်(မြတ်)ရဲ့  အစတောင် မဟုတ်လို့  ဖြစ်တယ်။
- ဒါတွေဟာ ငြီးငွေ့ ဖို့  မဖြစ်စေလို့  ဖြစ်တယ်။
- ဒါတွေဟာ ရာဂကင်းဖို့  မဖြစ်စေလို့  ဖြစ်တယ်။
- ဒါတွေဟာ ချုပ်ငြိမ်းဖို့  မဖြစ်စေလို့  ဖြစ်တယ်
- ဒါတွေဟာ ငြိမ်းအေးဖို့  မဖြစ်စေလို့  ဖြစ်တယ်။
- ဒါတွေဟာ အထူးအသိဖြစ်စေဖို့  မဖြစ်စေလို့  ဖြစ်တယ်။
- ဒါတွေဟာ ထိုးထွင်းသိတွေ မဖြစ်စေဘို့  ဖြစ်တယ်။
- ဒါတွေဟာ နိဗ္ဗာန်ရောက်ဖို့  မဖြစ်စေလို့  ဖြစ်တယ်။
- ဒါတွေဟာ မိစ္ဆာဒိဌိ တောအုပ်ဖြစ်လို့  ဖြစ်တယ်။
- ဒါတွေဟာ မိစ္ဆာဒိဌိ ခရီးကြမ်း ဖြစ်လို့  ဖြစ်တယ်။
- ဒါတွေဟာ မိစ္ဆာဒိဌိ အညှောင့် ဖြစ်လို့  ဖြစ်တယ်။

ဒီလို အကြောင်းပေါင်းများစွာ ပြပြီး သည်စကားတွေ မပြောခဲ့တာကို ဗုဒ္ဓဘုရား မိန့် ကြားတာဟာ ကြံဆမှု တက္က ကမ္ဘာကို လုံးလုံး လျားလျား ဖောက်ထွက်တာကို ဖော်ပြတာပဲ။ တခြား တခြား လက်တွေ့ ထွက်ပေါက် ရှာနေသူတွေဟာ သည်တက္ကာဝစရ စကားတွေထဲ အမိခံရသူတွေချည်း ဖြစ်ကြတယ်။
သည်လိုဆိုတော့ ဗုဒ္ဓဘုရား ဘာပြောမလဲ ? မေးချင်ဖွယ် ဖြစ်ရပြီပေါ့။ ဗုဒ္ဓ ဘုရားက သူပြောတာကို ပြောတာက … … …

ဒုက္ခ ဖြစ်ရာ၊ ဖြစ်ကြောင်းနဲ့  (ဒုက္ခ) ငြိမ်းရာ၊ ငြိမ်းကြောင်း တွေကို …
- ဒါတွေဟာ ဒုက္ခ ဖြစ်ရာတွေ
- (ဒါတွေဟာ) ဒုက္ခ ဖြစ်ကြောင်းတွေ
- ဒါတွေက ဒုက္ခ ငြိမ်းရာ ဖြစ်တယ်
- ဒါတွေက ဒုက္ခ ငြိမ်းကြောင်းပဲ … … လို့ ပဲ။

ဒါတွေပြောရခြင်းရဲ့  အကြောင်း ဗုဒ္ဓဘုရား မိန့် ကြားတာက …
- ဒါတွေဟာ လူဆောင်စရာ (တရား) နဲ့ စပ်ဆိုင်တယ်။
- ဒါတွေဟာ အကျိုးရှိတာတွေနဲ့  စပ်ဆိုင်တယ်။
- ဒါတွေဟာ အကျင့်(မြတ်)ရဲ့ အစ ဖြစ်တယ်။
- ဒါတွေဟာ ငြီးငွေ့ ဖို့ ဖြစ်တယ်။
- ဒါတွေဟာ ရာဂကင်းဖို့  ဖြစ်တယ်။
- ဒါတွေဟာ ချုပ်ငြိမ်းဖို့  ဖြစ်တယ်။
- ဒါတွေဟာငြိမ်းအေးဖို့  ဖြစ်တယ်။
- ဒါတွေဟာ အထူးသိဖို့  ဖြစ်တယ်။
- ဒါတွေဟာ နိဗ္ဗာန်ရောက်ဖို့  ဖြစ်တယ်။
ဒါတွေကြောင့် သည်အချက်လေးချက်ကို ပြောရမယ်။

လူဟာ ဒုက္ခဖြစ်ရာ ဖြစ်ကြောင်းတွေကို မလိုလားဘူး။ ဒုက္ခငြိမ်းရာ၊ ငြိမ်းကြောင်းကို လိုလား၊ ရှာဖွေ၊ ကျင့်ကြံ၊ လုပ်ဆောင် နေကြတယ်။ လူမှန်သမျှ လိုလား၊ ရှာဖွေ၊ ကျင့်ကြံ၊ လုပ်ဆောင် မှုတွေဟာ ဒုက္ခ ဖြစ်ရာ ဖြစ်ကြောင်းတွေ ရဲ့  လွတ်မြောက်ရာ၊ ဒုက္ခ ငြိမ်းရာ၊ ငြိမ်းကြောင်း တွေအဖြစ် ကျင့်ကြံ၊ လုပ်ဆောင် နေကြတာတွေချည်း ဖြစ်ကြတယ်။

သူခိုးရဲ့  ခိုးမှု၊ သူသတ်ရဲ့  သတ်မှုကအစ အလှူရှင်ရဲ့  အလှူပေးမှု၊ တရားသမားရဲ့  တရားကျင့်မှု အဆုံး၊ အားလုံးဟာ ဒုက္ခ ငြိမ်းရာ ငြိမ်းကြောင်း အမြော်အမြင်နဲ့  လုပ်ကြသည်ချည်း ဖြစ်ကြတယ်။
သည်လို ဖြစ်ကြပေမယ့် တကယ့် ဒုက္ခ ငြိမ်းရာ ငြမ်းကြောင်း အစစ်အမှန်ကို လုပ်မိကြတာ မဟုတ်တဲ့ အတွက် မှန်းချက်နဲ့  နှမ်းထွက် မကိုက်သလို ဒုက္ခ ငြိမ်းကြတာတော့ မဖြစ်ကြဘူး။ ဒါဟာ များစွာ ၀မ်းနည်းစရာပဲ။ သည်လို ဖြစ်ရခြင်းရဲ့  အကြောင်းဟာ ဒုက္ခဖြစ်ရာ ဖြစ်ကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း အစစ်အမှန်မသိဘဲ အလွဲသိပြီး လုပ်ကြလို့  ပဲ။

သည်လို အလွဲသိပြီး လုပ်ကြလို့  ဒုက္ခ ငြိမ်းလို့ မရတာတွေ မဖြစ်လေအောင် ဗုဒ္ဓဘုရားက ဒုက္ခ ဖြစ်ရာ ဖြစ်ကြောင်းနဲ့  ငြိမ်းရာ ငြိမ်းကြောင်း အစစ်အမှန်ကို ဟောပြောပြီး လူခပ်သိမ်းရဲ့  လိုအင်ကို ဖြေပေးတာပါပဲ။ ဒါကြောင့် သူ့ ဟောပြော ချက်ဟာ နောင်ဘ၀ အစရှိတဲ့ ကြံလုံးတွေက လွတ်တဲ့ (အတက္ကာဝစရ) တရား ဖြစ်တာပါပဲ။

ဗုဒ္ဓဘုရားရဲ့ တရားဟာ ကြံဆချက် သက်သက်တွေ မပါတဲ့ (အတက္က၀စရ) တရားဓမ္မ ဖြစ်လို့  မမွေးမီနဲ့  သေပြီးတို့ ၊ အထက် ဘ၀ဂ် အောက်အ၀ီစိတို့  မပါပေမယ့် သိဖို့ တော့ မလွယ်ဘူး။ နက်နဲမှု အပြည့်ရှိတယ်။ မမြင်နိုင်အာင်လောက် ဖြစ်တယ်။ ဗုဒ္ဓ ဘုရားရဲ့  အမြင်မှာ -
- ဒုက္ခ ဟာ လောကဖြစ်ပြီး၊
- ဒုက္ခ ဖြစ်ကြောင်းက လောကဖြစ်ကြောင်းပဲ။
- ဒုက္ခ ငြိမ်းရာက လောက ငြိမ်းရာ ဖြစ်ပြီး၊
- ဒုက္ခငြိမ်းကြောင်းက လောက ငြိမ်းကြောင်း ဖြစ်လို့ ပဲ။

သည်တော့ လူတွေ လောကမြင်ဖို့  ပြောဆို ရတာဟာ မလွယ်တာဘဲ။ လောကက လူမှာ လာစွပ် လာထပ်နေတော့ လောကကို လူလို့  မသိအောင် မတတ်နိုင်ဖြစ်ရတယ်။ လူတွေ သိနေကြတာက လောကဆိုတာ လူပဲ ဖြစ်တယ်လို့ ပဲ။

လောကဆိုတာ လူပဲ ဖြစ်တယ်လို့  သိနေသူတွေ အနေနဲ့  ဗုဒ္ဓဘုရားက ဒုက္ခဟာ လောကပဲလို့  ပြောတာတို့ ၊ ဒုက္ခက လူပဲ ဖြစ်တယ်လို့  ဗုဒ္ဓ ဘုရားပြောကြောင်း မှားယွင်းစွာ နားလည် သွားကြတယ်။ လူဟာ ဒုက္ခ ဆိုရင်၊ ဒုက္ခငြိမ်းရာဟာ လူမရှိရာဆီ ရောက်သွားခံရ တော့တာပေါ့။ ဗုဒ္ဓ ဘုရားရဲ့ တရားဟာ အဲသည်လို သိနိုင် မြင်နိုင်ဖို့  ခက်ခဲ နက်နဲတာပဲ။

လူတွေဟာ မြင်တတ်တဲ့ မျက်စိ၊ ကြားတတ်တဲ့နား၊ အနံ အရသာ အတွေ့ တွေကို တွေ့ တတ်တဲ့ နှာ၊ လျှာ၊ ကိုယ်နဲ့  သိတတ်တဲ့ စိတ်တွေ၊ ဦးနှောက်တွေ ပါကြပေမယ့် လူလို့  မမြင်၊ မကြား၊ မတွေ့ ၊ မသိကြဘူး။ လောကကိုပဲ မြင်ကြ၊ ကြားကြ၊ တွေ့ ကြ၊ သိကြတယ်။ အဲဒါဟာ လူရဲ့  ၀ိသေသပဲ။ အဲသည် လောကသိတာကို လောကသိတယ်လို့  မမှတ်ဘဲ လူသိတယ်လို့  မှတ်ကြပြန်သေးတယ်။

လူနဲ့  လောကကို ခွဲသိဖို့ ဟာလည်း မလွယ်ဘူး။ ပုံစံထုတ် ပြောရရင် ရုပ်ရှင်နဲ့  ပိတ်ကားလိုပဲ။ ရုပ်ရှင်ဟာ ပိတ်ကား ပေါ်မှာ တည်နေပေမယ့် ရုပ်ရှင်ကြည့်တဲ့ အခါ ပိတ်ကား မမြင်ဘူး။ ပိတ်ကားပေါ် ရောက်နေတဲ့ ရုပ်ရှင်ပဲ မြင်တယ်။ ရုပ်ရှင် ပြနေတဲ့ အခါ ပိတ်ကားက မရှိနေတာ မဟုတ်ပေမယ့် မြင်ဖို့  အာရုံအပြုခံ မဟုတ်တော့ဘဲ မမြင်ရတော့တာ ဖြစ်တယ်။

ပိတ်ကားနဲ့  ရုပ်ရှင်ကို အတူလို့  မြင်ရင် မမှန်သလို သတ္တ၀ါနဲ့ လူကို အတူလို့  မြင်တာလည်း အမြင်မှားတာပဲ။


သည် အမြင်မှား မခွာနိုင်ကြတော့ သတ္တ၀ါလည်း မသိ၊ လူလည်း မသိသူတွေ ဖြစ်ကြတော့တာပေါ့။ သတ္တ၀ါဟာ အမြဲလို ရှိနေတယ်။ လူကတော့ မွေးက သေအထိ မပြောင်းလဲဘူး။ သည်လို ဖြစ်ပေမယ့် သတ္တ၀ါ နဲ့  လူကိုကွဲအောင် မမြင်နိုင်ဘူး။ ရုပ်ရှင်တွေဟာ အပြောင်းအလဲတွေ ရှိနေပေမယ့် မပြောင်းလွဲတဲ့ ပိတ်ကားနဲ့  ခွဲခြား မသိနိုင်သလိုပဲ။

အဖြစ်အပျက် အပြောင်းအလွဲတွေ ရှိတဲ့ သတ္တ၀ါကို လောကခေါ်ရတာ ဖြစ်ပေမယ့် အဲသည် သတ္တ၀ါရဲ့ တည်ရာလူကို လောကခေါ်တယ်လို့ ပဲ နားလည် နေကြတယ်။ လူကို လောကလို့  သုံးနှုန်း ရတာဟာ မုက္ဈမဟုတ်ဘဲ ဌာနျူပစာပဲ ဖြစ်ကြတယ်။ ဌာနျူပစာ စကားမှန်းလည်း မသိဖြစ်ကြတယ်။

သည်သတ္တ၀ါ လောကဟာ လူပေါ်မှာ ဖြစ်တဲ့အရာပဲ ဖြစ်တော့ လူသေပြီးနောင် ဖြစ်နဲ့  မဖြစ်၊ တချို့ ဖြစ် - တချို့ မဖြစ်၊ ဖြစ်တာလည်း မဟုတ်၊ မဖြစ်တာလည်း မဟုတ် … … ဘာလဲ? မေးတာ အတွက် ဖြေစရာ စကား မရှိတာပဲ။

ပြီးတော့ သည်သတ္တ လောကဟာ အရှိ - မရှိနဲ့  အဆုံးရှိ - အဆုံးမဲ့ ဘာလဲ? အမေးအတွက်လည်း သတ္တလောက မသိသူအတွက် အဖြေထွက်စရာ စကားလည်း မရှိတာပဲပေါ့။ ဒါကြောင့် ဒါတွေပြောလည်း အလကား စကားပဲ ဖြစ်မှာ ဖြစ်လို့  ဗုဒ္ဓ ဘုရားက ပြောဆိုဖို့  လက်ရှောင်ခဲ့တာပဲ။

ဘ၀ အမှန်ကို မသိသူ ရဟန်းက ဘ၀ငြိမ်းပြီးသူ ရဟန်းကို အရှင်ဘုရားက ဘ၀ငြိမ်းပြီးပြီလား ? လို့  မေးတော့ ပြီးပြီလို့  ဖြေရင် ပျက်ရယ် အပြုခံရမှာပဲ။ အကြောင်းကတော့ မေးသူက ဘ၀ အမှန်ကို မသိဘဲ လူ့ အဖြစ်ကိုသာ ဘ၀လို့  သိသူဖြစ်လို့ ပဲ။ ဒါကြောင့် အမေး ခံရသူဟာ ဖြေမကောင်း၊ မဖြေမကောင်းပဲ။ သည်တော့ ဖြေပါတယ်။ အရှငှ် ဘ၀ကို မသိဘဲလို့ ပဲ။ သည်လိုဆိုတော့ ထပ်မေးပါတယ်။ ကိုယ်တော်က ကံတွေ ကုန်ပြီလားလို့ ပေါ့။ ဒါလည်း အရှင်မှ ကံမသိဘဲ လို့ ပဲ ပြောရတယ်။ သူမသိတာကို အခြေခံပြီး မေးလာတာတွေ အတွက်ကတော့ သည်လိုပဲ ဖြေရမှာပဲ။

*၁ သံဃ = တပည့် သာဝက၏ အဖွဲ့ အစည်း၊ ပါတီ (Party, commune, etc; )
( လိုက်နာရန် စည်းမျဉ်းများဖြင့် စည်းကမ်းတကျ ဖွဲ့ စည်းထားသည်)
*၂ ဂိုဏ်း = ဂဏ = အစု အဖွဲ့ 

Monday, May 6, 2013

ဝါတွင်းဝါပ မြတ်ဗုဒ္ဓ၏ ဓမ္မခရီး

မြတ်ဗုဒ္ဓသည် သမ္မာသမ္ဗောဓိဥာဏ်တော်ကို ဖြည်းဆည်းတော်မူခဲ့သော ပါရမီတော်အဟုန်တွေကြောင့် ဗုဒ္ဓဂယာမြေမြတ်မဟာရှိ ဗောဓိပင်နှင့်ရွှေပလ္လင်၌ ရရှိတော်မူခဲ့သည်။ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူလာခြင်းသည် ကမ္ဘာသူကမ္ဘာသားတို့၏ ကောင်းကျိုးချမ်းသာအတွက်သာ ပွင့်ပေါ်တော်မူခဲ့၏။ သို့သော်မြတ်ဗုဒ္ဓသည် သမ္မာသမ္ဗောဓိဥာဏ်တော်ရရှိရာ ဗောဓိပင်နှင့်ရွှေပလ္လင်တော်ကို ကပ်ငြိတွယ်တာနေတော်မမူဘဲ ၄၉ ရက်ခန့်လောက်သာ ယင်းပတ်ဝန်းကျင်၌ သီတင်းသုံးတော်မူလျက် သတ္တဝါအများ ချမ်းသာစီးပွား အကျိုးများမည့်နေရာများသို့သာလျှင် ဓမ္မခရီးဆက်ခဲ့ရပေသည်။
မြတ်ဗုဒ္ဓ၏ ပထမဦးဆုံး ဓမ္မခရီးကား ပဉ္စဝဂ္ဂီရဟန်း၅ ပါးတို့အား ဓမ္မစကြာတရားဦးဟောရန် ရှေးဟောင်းဗာရာဏသီမြို့အနီး ယခုခေတ် ဆာရနတ်ခေါ်သော ဣသိပတန မိဂဒါဝုန် တောရိပ်မြုံအရပ်ပင်ဖြစ်သည်။ ပဉ္စဝဂ္ဂီရဟန်း၅ပါးတို့သည် ဓမ္မစကြာနှင့် အနတ္တလက္ခဏဒေသနာတော်များ ကြားနာခွင့်ရကြ၍ ဝိမုတ္တိအရသာကို သောက်သုံးနိုင်ခဲ့ကြပေသည်။ ထိုရဟန်းတို့သည် မြတ်မြတ်ဗုဒ္ဓ၏ ဓမ္မခရီးကြောင့် ပထမဆုံး အနှစ်နှစ် အလလက သူတို့ရှာဖွေနေကြသည့် ဓမ္မကို ခံစားသိနားလည်သူများ ဖြစ်ကြပေသည်။
ထို့နောက်ဗာရာဏသီမြို့သား ယသသူဌေးသားလည်း လောကီကာမဂုဏ်စည်းစိမ်အမျိုးမျိုး ခံစားနေရသော်လည်း စိတ်ချမ်းသာမှုရှာမတွေ့နိုင်ဖြစ်နေသဖြင့် ရှင်တော်ဗုဒ္ဓထံရောက်လာပြန်သည်။ ယသသည်လည်း မြတ်ဗုဒ္ဓ၏ တရားရေအေး အမြိုက်ဆေးကို သောက်သုံးရလေသောကြောင့် ဘဝလွပ်မြောက်မှုချမ်းသာကို ရရှိခဲ့ပြန်၏။
ထို့အပြင် ယသ၏အခြားသူငယ်ချင်းလေးယောက်အုပ်စုသည်လည်း ယသအကြောင်းကြားသိရ၍ မြတ်ဗုဒ္ဓထံ ရောက်လာပြန်ကြ၏။ ထိုသူငယ်ချင်းလေးယောက်တို့သည် သူတို့၏ဘဝရည်မှန်းချက်ပန်းတိုင် ဘဝလွတ်မြောက်မှု ရရှိခဲ့ပြန်၏။ ယသနှင့်ယင်းသူငယ်ချင်းလေးယောက်တို့၏ ဘဝငြိမ်းချမ်းမှုရရှိကြသည်ဆိုသည့် ဂုဏ်သီတင်းသည် အခြားသူငယ်ချင်းအယောက်၅၀ အကြားမှာရိုက်ခတ်လျက်ရှိ၏။ ထိုကြောင့်သူငယ်ချင်း ၅၀ တို့သည်လည်း မြတ်ဗုဒ္ဓထံ စိတ်နှလုံးချမ်းသာမှုအတွက် ရောက်ရှိလာကြခြင်းဖြစ်သည်။ ထိုသူငယ်ချင်း ၅၀ တို့သည်လည်း ဝိမုတ္တိရသခံစားကြရကုန်၏။ စင်စစ်ကား ယသ အပါအဝင် ယင်းသူငယ်ချင်း၅၅ ယောက်တို့သည် အတိတ်ဘဝတွေတုန်းက အုပ်စုဖွဲ့ကာ ယခုခောတ်ခေါ် ဗြဟ္မစိုရ် နာရေးအသင်းတည်ထောင်လျှက် အားကိုးရာမဲ့သေသူတွေ ကိုယ်ဝန်ဆောင်နှင့် သေဆုံးသွာသည့်အမျိုးသမီးအလောင်းတွေကို မီးသဂြိုဟ်ပေးကာ အသုဘသညာများ သူတို့သန္တာန်၌ရရှိခဲ့ကြသောကြောင့် ကချေသည်တွေ ရှု့၍မညီးချစ်ဇနီးတွေအလယ်မှာ ကာမဂုဏ်စည်းစိမ်အပြည့်ခံစားရလင့်ကစား စိတ်မပျော်ရွှင်နိုင်ကြဘဲ စိတ်ချမ်းသာရာ ရှာဖွေကြခြင်းဖြစ်သည်။ ယင်းအတိတ်ဘဝက နာရေးကူညီခဲ့မှု ကုသိုလ်အထောက်အပံ့ အသုဘသညာများကြောင့်ပင် တရားထူမြန်မြန်ရကြလေသည်။ သူငယ်ချင်းအားလုံး မြတ်ဗုဒ္ဓထံတော်မှာ ရဟန်းပြုခဲ့ကြလေသည်။
မြတ်ဗုဒ္ဓသည် ပထမဝါတော်ကို ဣသိပတနမိဂဒါဝုန်တော နန္ဒိယသူဌေးဆောက်လုပ်လှူဒါန်းသော ကျောင်းတော်မှာ ဝါဆိုဝါကပ်တော်မူရင်း အရည်ချင်းပြည့်ဝသည့် အားလုံးရဟန္တချည်းဖြစ်သည့် ရဟန်းတော်၆၀ကို သံဃအဖွဲ့အစည်းကြီးအတွက် အောင်မြင်စွာဓမ္မခရီးဆက်နိုင်ခဲ့သည်။ ခေတ်စကားနှင့်ဆိုလျှင် အောင်မြင်စွာ ဓမ္မနည်းလမ်းဖြင့် စည်းရုံးနိုင်ခဲ့သည်။ သုညာဂါရေ အဘိရမန္တိ တထာဂတာ ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓသည် တောမှာပင် ဖွားမြင်တော်မူ၊ တောမှာပင် ဘုရားဖြစ်၊ တောမှာပင် တရားဟော၊ တောမှာပင် ပရိနိဗ္ဗာန်စံတော်မူ၍ တောမှာပင်ပျော်မွေ့တော်မူလင့်ကစား မြတ်ဗုဒ္ဓကိုယ်တော်တိုင် လူအများအကျိုးကျေးဇူးများသည့် နေရာများ၌သာ သီတင်းသုံးတော်မူခဲ့သည်။
နှစ်စဉ်ဝါတွင်းသုံးလပတ်လုံး တစ်နေရာတည်းတွင် သီတင်းသုံးဝါဆိုဝါကပ်တော်မူသော်လည်း များသောအားဖြင့် ရာဇဂြိုဟ် သာဝတ္ထိ ကဲ့သို့သောမြို့ကြီးများအနီး၌ သာသနာတော်ကို အားပေးချီးမြှောက်ကြသော ရှင်ဘုရားများ မိဖုရားများ သူဌေးသူကြွယ် မြို့သူမြို့သားများ ဆောက်လုပ်လှူဒါန်းသော ကျောင်းအရာမ်များ၌သာ သီတင်းသုံးတော်မူလေ့ရှိသည်။ မြို့နေလူစု အများစုအတွက် ကောင်းကျိုးချမ်းသာကိုပြုသော အစအလယ်အဆုံး ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံသော မြတ်ဓမ္မကို ဟောကြားတော်မူသည်။ ဝါတွင်းကာလ ကုန်ဆုံးသည့်နောက် မြို့ရွာနိဂုံးအနှံ့ ဓမ္မဒေသနာခရီးလှည့်လည်လျှက် လူ့လောကအကျိုးကို အနားတမ်းဆောင်ရွက်တော်မူခဲ့သည်။
မြတ်ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်ကို လျှောက်လှမ်းနေကြသည့် ရဟန်းတော်တို့သည်လည်း လူသူဆိတ်သုဉ်းသည့် တောရိပ်မြိုင်တစ်ခုခုတွင်အမြဲနေပြီး မိမိတို့ဘဝတစ်လျှောက်လုံး ဘယ်မှာကုန်ဆုံးကျော်လွန်နိုင်ကြမည်နည်း။ ထိုရဟန်းတော်တို့သည် လူ့လောကကြီးထဲမှာ ထဲထဲဝင်ဝင်နေပြီး လူ့လောက၏ကောင်းကျိုးများကို ဓမ္မနည်းလမ်းဖြင့် သည်ပိုးရွက်ဆောင်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ပေသည်။ယင်းရည်မှန်းချက်ကို အစကနဦး ရဟန်း၆၀ တို့သည် ထားရှိခဲ့ကြပါသည်။ ယင်းရည်မှန်းချက်သည် အနာဂတ်သာသနာပြုပုဂ္ဂိုလ်များအတွက် မီးရှူးတန်ဆောင်အလင်းရောင်ပင်ဖြစ်လေသည်။
ဝါတွင်းကာလ ကုန်ဆုံးချိန်တွင် မြတ်ဗုဒ္ဓက ရဟန်း၆၀တို့အား သာသနာပြု ဓမ္မခရီးဆက်ရန်မိန့်တော်မူသည်။ စရထ ဘိက္ခဝေ စာရိကံ- ရဟန်းတို့ ဓမ္မခရီးထွက်ချိန်တိုင်ပြီ။ မာ ဧကေန ဒွေ အဂမိတ္ထ- တစ်နေရာစီသွားကြ၊ တစ်နေရာတည်းကို ရဟန်း၂ပါး ၃ပါး ပေါင်းပြီးအတူမသွားကြနဲ့။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဒေသေထ ဓမ္မံ- လူအပေါင်းစည်းပွားချမ်းသာဖို့ နေရာပေါင်းများစွာ ဓမ္မရောင်ခြည်ထွန်းလင်းစေရန် လှည့်လည်တရားဟောကြ။ ယင်းလမ်းညွှန်ချက်သည် ယနေ့တိုင်အောင်ပင် သာသနာပြုပုဂ္ဂိုလ်များအတွက် အားပေးလှုံ့ဆော်မှုပင်ဖြစ်ခဲ့သည်။ ဤစကားတော်သည် သီတင်းကျွတ်နေ့မြတ်မှာ မြတ်ဗုဒ္ဓ၏ မင်္ဂလာအပေါင်းနှင့်ခညောင်းပြီး အးပေးလှုံ့ဆော်မှုအပြည့်အဝရှိသည့် မြင့်မြတ်သောသတိပေးစကား လမ်းညွှန်ချက်ပင်ဖြစ်တော့သည်။
အမှန်စင်စစ်အားဖြင့် မြတ်ဗုဒ္ဓ၏လမ်းညွှန်ချက် တရားနည်းလမ်းကို အခြေခံလျက် မိမိတို့ကိုယ်တိုင် ဒုက္ခမှလွတ်ငြိမ်းချမ်းသာမှု ဘဝလွတ်မြောက်မှုကို ရရှိထားသောပုဂ္ဂိုလ်တို့သည် လူသားတို့၏အကျိုးကို ဆောင်ရွက်လိုသည့် ပရဟိတစိတ်ဓာတ် ကရုဏာတော်မြတ်ကို ဘယ်မှာ ဥပေက္ခာပြုနိုင်ကြပါမည်နည်း။ မိမိတို့ကိုယ်တိုင် လွတ်ငြိမ်းချမ်းသာအောင်လုပ်ပြီး လူသူကင်းရာ ဆိပ်ငြိမ်ရာအရပ်၌ ယင်းလွတ်ငြိမ်းချမ်းသာကို တစ်ကိုယ်တည်းခံစားရင်း ကြွင်းကျန်သည့်ဘဝတစ်လျှောက်လုံး နေသွားဖို့ရန်မှာ မဖြစ်နိုင်ပေ။ မြတ်ဗုဒ္ဓကိုယ်တိုင်ပင် ယင်းကဲ့သို့ ပြုလုပ်တော်မမူခဲ့ပေ။ သမ္မာသမ္ဗောဓိဥာဏ်ကို ရရှိပြီး ရက်သတ္တပတ် ၇ ပတ်လောက်သာ ဝိမုတ္တိသုခကိုခံစားတော်မူရင်း တစ်ပါးတည်းသီတင်းသုံးတော်မူခဲ့၏။ ထိုမှနောက်ပိုင်းကာလ၌ကား လောကလူသားတို့၏ ကောင်းကျိုးအတွက် ဓမ္မခရီးလှည့်လည်တော်မူခဲ့၏။ ဓမ္မခရီးလှည့်လည်ရင်း နောက်ဆုံးဘဝခရီးအချိန်ကလေးမှာပင် ရပ်နားသည်မရှိ ဒုက္ခမျိုးစုံဖိစီးနှိပ်စက်ခံနေကြရသည့် သတ္တဝါတို့၏ ဒုက္ခအဝဝကို ဖယ်ရှားပစ်နိုင်ရန် ဓမ္မရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့၏
တဆက်တည်းအတွေးတစ်ခု စဉ်းစားမိသည်မှာ ယနေ့ခေတ် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားလျှက်ရှိကြကုန်သော မြန်မာနွယ်ဖွားရဟန်းတော်များသည်လည်း မိမိတို့ပညာသင်ကြားခဲ့ရာ တက္ကသိုလ်လောက်တွင်သာ ဘဝတစ်လျှောက်အချိန်မကုန်လွန်ဘဲ လူသားတို့၏ကောင်းကျိုးကိုဆောင်ရွက်လိုသည့် ပရဟိတစိတ်ဓာတ်များဖြင့် လူ့လောကထဲတွင် ထဲထဲဝင်ဝင်ရှိပြီး တစ်ထောင့်တစ်နေရာက ဗဟုဇနဟိတ ဗဟုဇနသုခ လောကလူသားတို့၏ ကောင်းကျိုးချမ်းသာအတွက် ပါဝင်ကူညီဆောင်ရွက်ကြမည်ဟု ယုံကြည်ပါသည်။ မြတ်ဗုဒ္ဓချမှတ်ခဲ့သည့် နည်းလမ်းအတိုင်း တရားရေအေးအမြိုက်ဆေးများကို တိုက်ကြွေးကြမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဂိုဏ်းအသီးသီးမှ၊ ဘာသာတရားအသီးသီးမှ၊ အယူအဆအသီးသီးမှ၊ အမျိုးဇာတ်အသီးသီးမှ၊ အလုပ်အကိုင် ရာထူးဌာနန္တရအသီးသီးမှ၊ မြို့ရွာအရပ်ဒေသအသီးသီးမှ ကွဲပြားခြားနားသော အလွှာပေါင်းစုံမှ ရောက်ရှိလာသော လူသားများကို ခွဲခြားမှုမရှိဘဲ တရားရေအေးတိုက်ကြွေးတော်မူခဲ့သည်သာ။ ဥပမာ မာဂဓတိုင်းဘုရင် ဗိမ္ဗိသာရ၊ ကောသလတိုင်းဘုရင် ပသေနဒီကောသလ တို့ကဲ့သို့သော ရှင်ဘုရင်များ။ ခေမာမိဖုရား မလ္လိကာမိဖုရား သာမာဝတီမိဖုရားကဲ့သို့သော မဟေသီမိဖုရားခေါင်ကြီးများ။ မဟာကပ္ပိန ပုက္ကုသာတိကဲ့သို့သော ရှင်ဘုရင်ဘဝမှ ရဟန်းပြုလာသောပုဂ္ဂိုလ်များ၊ သီဟစစ်သူကြီး ဗန္ဓုလစစ်သူကြီးကဲ့သို့သော စစ်သေနာပတိချုပ်ကြီးများ။ ကစ္စာယနကဲ့သို့သော ဘုရင့်ပုရောဟိတ်များ။ ဆရာဇီဝကကဲ့သို့သော ဘုရင့်သမားတော်ကြီးများ။ အရှင်သာရိပုတြာ အရှင်မဟာမောဂ္ဂလာန်တို့ကဲ့သို့သော ဇာတ်မြင့်ပုဏ္ဏားများ။ အနာထပိဏ်သူဌေး ဝိသာခါတို့ကဲ့သို့သော စေတနာရှင် သဒ္ဓါရှင်များ။ ခုဇုတ္တရာကဲ့သို့သော ကျွန်မလေးများ။ ကုဌနူနာရောဂါသည် သုပ္ပဗုဒ္ဓကဲ့သို့သော ဘုန်းတောင်းယာစကာများ။ သုနိတကဲ့သို့သော ပန်းမှိုက်သွန် မစင်ဘင်ကျုံးသမားများ။ အမ္ဗပါလီ သီရိမာတို့ကဲ့သို့သော ပြည့်တန်ဆာများ။ ဗာဟိယဒါရုစီရိယကဲ့သို့သော ပရဗိုဇ်များ။ ဥရုဝေလကဿပကဲ့သို့သော ဆံကျစ်ရသေ့များ။ သီလဝကဲ့သို့သော သူတော်ကောင်းများ။ အဂုင်္လိမာလ တမ္ဗဒါဌိကတို့ကဲ့သို့သော လူသတ်သမားများ စသည်ဖြင့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များအား အမျိုးဇာတိ ရာထူးဌာနန္တရ အဆင့်တန်း အနည်းငယ်မျှ မခွဲခြားပဲ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သည်။ မြတ်ဗုဒ္ဓထံရောက်ရှိလာကြကုန်သော အလွှာပေါင်းစုံမှ အမျိုးသမီး အမျိုးသားအားလုံးတို့သည် မြတ်ဗုဒ္ဓ၏ မဂ္ဂင်ရှစ်ရပ်တရားများကို အပြည့်အဝကျင့်ကြံလိုက်နာကာ မြတ်ဗုဒ္ဓ၏ဓမ္မရေလျဉ်တွင် နစ်မြှပ်သက်ဝင်ကြလေတော့သတည်း။

"ခြင်းတောင်းကြီး ပြန်ယူခဲ့နော်"


http://dc610.4shared.com/img/x-_KVckw/0.3967666791934076/buddha-1.gif
ကံထွန်းသစ် "နတ်စည်" ကလောင်အမည်နဲ့ရေးခဲ့သည့် "ဘုန်းနဲ့ကံနဲ့လူငယ်တွေ" စာအုပ်မှ " ခြင်းတောင်းကြီး ပြန်ယူခဲ့နော်" ဆောင်းပါးကို ဖေါ်ပြအပ်ပါသည်။
"ခြင်းတောင်းကြီး ပြန်ယူခဲ့နော်"
ဒီနေ့ သူတို့လေးတွေကို “မိဘလုပ်ကျွေးခြင်းမင်္ဂလာ” အကြောင်း ပြောပြရမည့်နေ့ပါလား။ "ကြွေးဟောင်းလည်း ဆပ်၊ ကြွေးသစ်လည်းချ" သည့် ဘုရားလောင်း ကျေးမင်းဇာတ်က စိတ်ထဲမှာ ပေါ်လာသည်။ အကြွေးသဘော မဟုတ်ဘဲ၊ သိအပ်၊ ခံစားအပ်၊ တုံ့လှယ်အပ်သော နိယာမဓမ္မအဖြစ် နားလည်အောင် ပြောပြချင်လှသည်။ ဒါမှ ကျေးဇူးအလှကို မြင်နိုင်မည်၊ မဲပြာ ပုဆိုးနှင့်တော့ သူတို့လေးတွေကို မဆွဲဆောင်နိုင်။
ဝတ္တရားဆိုတာထက်၊ အလှတရားအဖြစ် နားလည် တုံ့ဆပ်ခြင်းက ပို၍ လေးနက်ခမ်းနားကြောင်းကို သိစေချင်သည်။ ထိုအလှကို စာနာခြင်းဖြင့်သာ နားလည်ခံစားနိုင်ကြမည်။ တလောက "နံရံကပ်ပိုစတာ” လေးတစ်ခုကို ဖတ်လိုက်ရသည်၊ "ငါအိုသောအခါတဲ့"။ မိအို၊ ဖအိုများကို စာနာဖို့အရေး၊ ထိမိသော သတိပေးမှုလေးများပင်၊ မည်သူ၏ လက်ရာမှန်း မသိရပေမင့် သာဓုအကြိမ်ကြိမ် ခေါ်မိသည်၊ ဖတ်သူ့ရင်ကို ထွင်းနိုင်ပေစွ၊ စာမြည်းအဖြစ် ပြရလျှင် “ခေတ်သစ် နည်းပညာ သစ်တွေကို နားမလည်တဲ့အခါ မလှောင်ပါနှင့်၊ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတွေကို အကြိမ်ကြိမ် ဖြေပေးခဲ့တာ သတိရပါ” တဲ့၊ ဒီစာစုထဲက သဘောထားလေးတွေ ပြန့်နှံ့စေချင် လှပါဘိ၊

ဟော .. ငြင်းသံ၊ ခုံသံနှင့် သူတို့လေးတွေ ရောက်လာကြပြီ၊ ကောင်းမြတ်ထွန်း ဦးဆောင်တဲ့ ယောက်ျားလေး တသိုက်၊ သူငယ်မတွေကော -
“လာကြပြီလား၊ ညီမလေးတွေကော” “စောင်းတန်းထိပ်မှာ ကျန်ခဲ့တယ် ဘုန်းဘုန်း၊ ဟို ...ပိုက်ဆံတောင်းတဲ့ အဖွားကြီးနားမှာ ကြည့်နေကြ တယ်”
အင်း ... ဒါမိန်းကလေးတွေရဲ့ဗီဇပဲ၊ သနားမယ်၊ ကြင်နာမယ်၊ သိပ်မကြာလိုက်၊ ညီမလေးယောက် တက်လာ ကြသည်၊ ရောက်သည်နှင့် ...
“ဘုန်းဘုန်း အဖွားကြီးသနားပါတယ် ... ပိုက်ဆံကလည်း မရဘူး၊ ဖျားလည်းဖျားနေတယ်၊ အဲဒါ နွယ်နီတို့ ဝိုင်းပေး ခဲ့ကြတယ်”
“အေး ... အေး ကောင်းတာပေါ့ကွယ် ... ထိုင်ကြ ... ထိုင်ကြ”
“ယမင်းတို့ ဖွားဖွားအရွယ်ပဲရှိမယ် ... သူ့မှာ သားသမီး ကျောထောက်နောက်ခံ မရှိဘူးလားမသိဘူးနော် ဘုန်းဘုန်း”
“မပြောတတ်ပါဘူးကွယ်”
လမ်းတွေမှာ၊ ဘုရားစောင်းတန်းမှာ ခုလို ကိုးရာမဲ့ ရွယ်အိုတို့ကိုမြင်တိုင်း ကိုယ်တိုင်ထိုမေးခွန်းကို ပြုမိရမြဲ၊ သားသမီးမရှိဘူးလား၊ အိမ်ထောင်မပြုခဲ့သော ကိုယ်တည်းလား၊ ဆွေမျိုးမဲ့လား၊ သို့မဟုတ် ... ရှိလျက်နှင့် ... စသည့်မေးခွန်းတို့ ဆင့်ရမြဲ၊
“ရှိလည်းတချို့ ဖြစ်တာပါပဲ၊ သားတို့အိမ်နားက ကို(....) ဆိုတဲ့လူဆို သူ့အမေကြီးပစ်ထားတာ၊ လာရင်လည်း အော်နေ၊ ဆူနေတာဘဲ”
ရန်နိုင်ထွန်း၏ ကိုယ်တွေ့စကား၊ ဟုတ်လောက်သည်။ တချို့သောသူတို့သည် “သားမယားကို လုပ်ကျွေးမွေးမြူခြင်း မင်္ဂလာမှာ ထက်သန်သလောက်၊ မိဘကို လုပ်ကျွေးစောင့်ရှောက်ခြင်းမင်္ဂလာ” ကိုမူ ယွင်းချွတ်လွယ်ကြသည်။ စုန်ရေ၏ အလျဉ်နှင့် ဆန်ရေ၏ အဟုန်တို့သည် မညီနိုင်။
မည်သို့ဆိုစေ၊ လူအိုလူမင်းတို့ကိုလည်း “ကိုယ့်အားကိုယ်ကိုးသောအလေ့ကို လျှော့မချစေချင်၊ “မြန်မာ အို၊ ကျောင်းကြို၊ ကျောင်းကြား” ဆိုသည့် စကားကို “အချင်းချင်း တွေ့ဆုံကြခြင်း” ဖြင့် အစားထိုးသင့်ကြသည်။ ရိပ်သာများ ဥပုသ်ကျောင်းများသို့ သွားရောက်လေ့ရှိသည်မှာ ကုသိုလ်ရေးသက်သက်ဖြစ်၍ လောကီကိစ္စ လူမှုရေးများ ဆွေးနွေး နှီးနှောရန်၊ ဘာသာတူဘာသာခြားအားလုံး ပါဝင်နိုင်သည့် တစ်ပါတ်တစ်ကြိမ်စသည် ဆုံစည်းမှုရှိနိုင်လျှင် ကောင်းပေမည်၊ အချင်းချင်း ဖေးမရိုင်းပင်းခြင်းဖြင့် မိမိတို့၏ နေညိုဆည်းဆာသည် ပို၍ တောက်ပလာနိုင်ပေသည်၊ “ဇရာ ဒုဗ္ဗလ” နေရာမှာ “ဇရာ သမဂ္ဂ” ဖြင့် အစားထိုးကြမည်။ သူတို့နိုင်ငံတွေမှာဆို ပင်စင်နာများကလာပ်မှသည် လေဖြတ်ခံယောက်ျားများ၏ ဇနီးများကလာပ်လို အဖွဲ့မျိုးထိရှိသည်တဲ့၊ လိုလားအပ်တဲ့ ဓလေ့ပေပဲ၊ သည်မှာ ကူးစက်စေချင်လှပါဘိ၊
“ဘုန်းဘုန်း အဲဒီလိုလူမှာကော အပြစ်မရှိဘူးလား”
အတွေးလျင်ကို ကောင်းမြတ်ထွန်း၏ မေးခွန်းက တန့်စေသည်၊ ခုနက “ပုတ္တဒါရဿ မင်္ဂလာ” အားကောင်းပြီး “မာတာပိတု ဥပဋ္ဌာန မင်္ဂလာ” ချို့တဲ့ သူကို မေးကြောင်း အမှတ်ရသည်။
“ရှိတာပေါ့ ကိုကောင်းရဲ့၊ ခုဘဲသားတို့ အဲဒီလူကို ကဲ့ရဲ့နေကြပြီ မဟုတ်လား၊ ယဉ်ကျေးတဲ့ လူအသိုင်းအဝိုင်းက ကျေးဇူးမဲ့သူအဖြစ် အထင်အမြင်သေးကြမယ်၊ လောကဝတ်မကျေတော့ အနေခက်၊ ဓမ္မဝတ် မကျေတော့ အသေခက်ဆိုတာ ဓမ္မတာပဲ သားရဲ့”
"နောက်ပြီး သားတို့ကြားဖူးသားဘဲ၊ တန်ပြန် သက်ရောက်မှု နိယာမဆိုတာလေ"
မောင်နှမတစ်စု အနားတိုးလာပြီး နေရာယူကြရင်း နားစွင့်နေကြဟန် တွေ့ရ၍ ...
“ကောင်းတာလုပ်ထားမှ ကောင်းကျိုးက သက်ရောက်မှာ၊ ပေးမှာ၊ လုပ်မထားတဲ့ ဝတ္တရားချို့သူမျိုးကို ဘယ်က ကောင်းကျိုး သက်ရောက်နိုင်ပါ့မလဲကွယ်”
ဘုရားလက်ထက်က ပုဏ္ဏားကြီးနဲ့ သားသုံးယောက်ဇာတ်က ခေါင်းထဲပေါ်လာပေမင့်၊ ပို၍ လတ်ဆတ်မယ် ထင်သည့် (ဇာတကကို မှီးဟန်ရှိသည့်) ဂျပန်ပုံပြင်လေးကို ရွေးလိုက်ကာ “ဒီလိုပဲ မကောင်းတာလုပ်ထားရင်လဲ မကောင်းမှုက သက်ရောက်လာတာဘဲကွဲ့၊ ကိုယ်က ပေးရမည့်အချိန်မှာ တာဝန်မဲ့ခဲ့ရင်၊ ကိုယ်ယူရမည့် အချိန်ကျလည်း တာဝန်မဲ့ခံရမှာပဲ၊ တခါတုန်းက မိသားစုတစ်စုမှာ အဖိုးအိုကြီး တစ်ယောက်လည်း ပါဝင်ပါသတဲ့၊ အဲဒီအဖိုးအိုကြီးဟာ အသက်ကကြီးလာတော့ စားရာသောက်ရာမှာလည်း ဟန်မရ၊ စကားပြောရာလည်း ဝင်ပါဆိုတော့ နေရာတကာမှာရှုပ်တယ်လို့ မြင်လာကြသတဲ့၊ အဲဒါကြောင့် သူရဲ့ချွေးမဖြစ်သူက မသက်ကြည်ဘူးတဲ့၊ ဒီတော့ အဖိုးကြီးရဲ့ သားဖြစ်သူ ကလည်း သူဇနီးက မသက်ကြည်တော့ သူကလည်း မကြည်ဖြူတော့ဘူးတဲ့၊"
“မေမေနဲ့ ဖွားဖွားနဲ့လည်း စကားများတယ် ဘုန်းဘုန်း”
“ဟဲ့ ... ညီညီဝေထွန်း”
"အေး ... အေး နောက်မဖြစ်အောင် ပြောရမှာပေါ့ကွယ်၊ ကဲ ... ဆက်ရအောင်၊ အဲဒီလို အဖိုးကြီးကို မလိုလား ကြတော့ စွန့်ပစ်ကြဖို့ လင်မယားနှစ်ယောက် တိုင်ပင်ကြပါသတဲ့၊အဖိုးကြီးကို ခြင်းတောင်းထဲထည့်ကာ ပစ်လိုက်ကြဖို့ ဆုံးဖြတ်ပြီး အစီအစဉ်အတိုင်း လုပ်နေကြတာကို သူတို့ရဲ့ သားငယ်လေးက မြင်တော့ “ဘာလုပ်မလို့လဲ အဖေလို့” မေးတဲ့အခါ “ဒီအဖိုးကြီးကို ခြင်းတောင်းထဲ ထည့်ပြီး သွားပစ်မလို့” လို့ ပြောလိုက်ပါသတဲ့။"
“တော်တော်ဆိုးတာဘဲ”
“ရက်စက်တယ်”
မောင်နှမတွေထဲက ထွက်ပေါ်တဲ့ အသံလေးတွေ၊ ဘယ်သူဆီက ထွက်လာသည်ဖြစ်စေ၊ ဒီအသံလေးဟာ သူတို့လေးအားလုံးကို ကိုယ်စားပြုမှာပါဟု တွေးရင်း စကားကို ဆက်လိုက်သည်၊ သူ့အဖေရဲ့ စကားကိုလည်း ကြားရော သားကလေးက “အဖေ ဒါဆိုရင် ခြင်းတောင်းကြီး ပြန်ယူခဲ့နော်” လို့ မှာလိုက်ပါသတဲ့ “ဘာလုပ်မလို့လဲ သားရဲ့” လို့ သူ့အဖေက ပြန်မေးတော့ "သားအလှည့်ကျရင်လည်း အဖေ့ကို ထည့်ရဦးမှာလေ” လို့ ဖြေလိုက်ပါသတဲ့။
အဲဒီတော့မှ ဖခင်ဖြစ်သူဟာ အသိတရား ရသွားရောတဲ့။ အကြံဆိုးကို မလုပ်ကြတော့ဘူးတဲ့။ ပုံပြင်ဆုံးတော့ မောင်နှမတတွေ ပြုံးနေကြသည်။ ကြည်ကြည်နူးနူး အပြုံးလေးများ၊ ဒီအပြုံးလေးတွေ ထာဝရ ဆင်နိုင်ကြပါစေလို့ ရင်မှာ ဆန္ဒပြုနေမိသည်လေ။

"ဗုဒ္ဒဘာသာဝင်အားလုံး အမျိုးပျောက်မှာ စိုးကြောက်ကြပါ"



"ရွှေမြန်မာတို့သတိထားရမည့် လူ့စပါးကြီးတို့၏ အန္တရာယ်"
"ဗုဒ္ဒဘာသာဝင်အားလုံး အမျိုးပျောက်မှာ စိုးကြောက်ကြပါ"

မြန်မာအမျိုးသမီးများဟာ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်မသွားအောင် တာဝန်ယူထားရသော တိုင်းရင်းသူများဖြစ်ကြပါတယ်။ မြန်မာလူမျိုးများ တည်တံ့ ပြန့်ပွားဖို့အတွက် မြန်မာမျိုးဆက်သစ်များကို မြန်မာတိုင်းရင်းသူများကသာ မွေးဖွားပေးနိုင်ပါတယ်။ တခြားလူမျိုး တိုင်းရင်းသူများက မွေးဖွားပေးလို့ မရပါဘူး။ ဒါကြောင့်မို့ မြန်မာတိုင်းရင်းသူများဟာ မြန်မာလူထုတစ်ရပ်လုံးရဲ့ အသည်းနှလုံးများ၊ အညွန့်အဖူးများ ဖြစ်ကြပါတယ်။ ဒီအညွန့်အဖူးတွေကို အဖျက်ပိုးများ မကိုက်ရလေအောင် ပန်းကလေးသဖွယ် ဂရုစိုက်ပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်။
ယခုအချိန်အခါမှာ မြန်မာလူမျိုးတွေရဲ့ အညွန့်အဖူးဖြစ်တဲ့ တိုင်းရင်းသူတွေကို အဖျက်ပိုးများက လက်ထပ်သိမ်းပိုက်ပြီး သွေးနှောမျိုးဖျက်ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာတိုင်းရင်းသူများကို အဖျက်ပိုးများက သွေးနှောမျိုးဖျက်ခွင့်မရအောင် မြန်မာတိုင်းလူမျိုးတိုင်း တားဆီးကာကွယ်သွားကြရပါမယ်။ ဒီတာဝန်ဟာ မြန်မာလူမျိုးတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် ဧရာမတာဝန်ကြီးပဲ ဖြစ်ပါတယ်။ တကယ်လို့သာ တားဆီးကာကွယ်မှု မရှိကြဘူးဆိုရင် တိုက်စစ်ထက်မြက်တဲ့ တစ်ဘက်ဘောလုံးအသင်းကို ဂိုးသမားမပါဘဲ ခံကစားသကဲ့သို့ ဖြစ်နေပါတယ်။ ယခုအခါ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စတဲ့ မြန်မာတိုင်းရင်းသူများကို လူမျိုးခြား ဘာသာခြားတွေက သွေးနှောပြီး မျိုးဖျက်ခံနေရတာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံး လက်ညှိုးထိုး မလွဲအောင် ရှိနေကြပါတယ်။

လူမျိုးခြားဘာသာခြားတစ်ယောက်က မြန်မာတိုင်းရင်းသူတစ်ယောက် နှစ်ယောက်မှ စပြီး လေငါးခြောက်ယောက်အထိ ယူထားတာတွေလည်း များစွာရှိနေပါတယ်။ ရခိုင်ပြည်မှာဆိုရင် ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသူ(၂၄)ယောက်ကို လူမျိုးခြားဘာသာခြားတစ်ယောက်တည်းက ယူထားတာတောင် ရှိတယ်လို့ မှတ်သားဖူးပါတယ်။ နယ်မြို့လေးတစ်မြို့မှာဆိုရင်လည်း ဗုဒ္ဓဘာသာညီအစ်မသုံးယောက်ကို လူမျိုးခြား ဘာသာခြားတစ်ယောက်တည်းက ယူထားတာလည်းရှိပါတယ်။ နောက်ပြီးရန်ကုန်မြို့ စက်မှုလက်မှုလုပ်ငန်းရှင် လူမျိုးခြား ဘာသာခြား ယောက်ျားတစ်ယောက်က မြန်မာအမျိုးသမီးမြောက်များစွာကို လက်ထပ်သိမ်းပိုက်ပြီး သူ့ကိုယ့်သူ ကာမဘုရင်တစ်ဆူလို မင်းမူပြီး နေပါတယ်လို့ ဖတ်မှတ်ဖူး၏။
အဲဒီမြန်မာမိန်းကလေးတွေအားလုံးဟာ သူထားရာနေ၊ သူကျွေးတာစား၊ သူဆင်တာဝတ်၊ သူပေးတာသုံးနေရရုံ လေးနဲ့ လူမျိုးခြား ဘာသာခြားတစ်ယောက်ရဲ့ ကာမကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြပါတယ်။ ဒီအတိုင်းသာ ရှေ့ဆက်သွားပါက အမျိုးဘာသာ သာသနာအတွက် ရတက်ပွေစရာဖြစ်ပါတယ်။ မြန်မာမိန်းကလေးတစ်ယောက်ကို လူမျိုးခြား ဘာသာခြားတစ်ယောက်က လက်ထပ်သိမ်းပိုက်သွားပြီးဆိုရင် အဲဒီမိန်းကလေးမှ နောင်မွေးလာမယ့် ဗုဒ္ဓဘာသာမြန်မာမျိုးဆက်သစ်အားလုံးကို လူမျိုးခြား ဘာသာခြားရဲ့ မွေးရာပါဓားနဲ့ထိုးခုတ်ပြီး မျိုးဖြုတ်သုတ်သင်ယူသွားတာပဲ ဖြစ်ပါတယ်။ အဲဒီထက်ဆိုးတာက အဲသည်မိန်းကလေးမှ နောင်မွေးလာတဲ့ ဆွေစဉ်မျိုးဆက်အားလုံးဟာ မိမိတို့ရဲ့ လူမျိုးနဲ့ ဘာသာကို ပြန်ပြီးဝါးမြိုမယ့် လူမျိုးခြားမြန်မာကပြားလေးတွေ အထိနာကြီး နာလှပါတယ်။ ဒါဟာ မြန်မာလူမျိုးတွေအားလုံးအတွက် အထိနာကြီးနာလှပါတယ်။ “အသားထဲက လောက်ထွက် ဆိုတာမျိုး ကိုယ့်အသားထဲက ထွက်တဲ့လောက်က ကိုယ့်ရဲ့အသားကို ပြန်ပြီး အစားခံရသလိုမျိုးပါပဲ”
ယခုအချိန်မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် တစ်ရက်ကို အနည်းဆုံး မြန်မာတိုင်းရင်းသူ အယောက်(၆၀)နှုန်းလောက် လူမျိုးခြား ဘာသာခြားနောက် ပါနေကြတယ်လို့ သိရပါတယ်။ ဒီအတိုင်းသာ ရှေ့ဆက်ပါနေကြဦးမယ်ဆိုရင် အမျိုး ဘာသာအရေးကတော့ တကယ့်စိတ်မအေးစရာဖြစ်ပါတယ်။
တချို့ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသူလေးများဟာ အမျိုးသားရေး၊ ဘာသာရေးအခြေခံစိတ် အလွန်ပဲ နည်းပါလှပါတယ်။ အဲဒီလိုနည်းပါးကြလို့လည်း ဆန္ဒကိုရှေ့တန်းတင်ပြီး လူမျိုးခြား ဘာသာခြားနောက် ကောက်ကောက်ပါသွားကြတာတွေ၊ တချို့မိန်းကလေးတွေကျပြန်တော့လည်း အမျိုးဘာသာပျောက်မယ့် ကိစ္စကို ထည့်မစဉ်းစားဘဲ ငွေနဲ့စီးပွားရေးကိုသာကြည့်ပြီး၊ တစ်ဘဝစာမဟုတ် တစ်ခဏတာ ကောင်းစားရေးကို ကြည့်ပြီး လူမျိုးခြား ဘာသာခြားကို လင်လုပ်ကြတာတွေ၊ နောက်ပြီး အမျိုး ဘာသာကို မခွဲခြားဘဲ ချစ်တာတစ်ခုတည်းကိုကြည့်ပြီး အချစ်ကို ရှေ့တန်းတင်တတ်ကြတဲ့ ခပ်မိုက်မိုက်၊ ခေတ်ဆန်ဆန် အချစ်မျက်ကန်း မြန်မာမိန်းကလေးတွေလည်း များစွာရှိနေပါတယ်။
ဒီအခြေအနေ အကြောင်းကြောင်းတွေကြောင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြတဲ့ လူပညာရှိ၊ ရဟန်းပညာရှိများနှင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြတဲ့ အချို့ မျိုးချစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ပေးနိုင်တဲ့ မျိုးစောင့်ဥပဒေတစ်ရပ်နဲ့ ထုတ်ပြန်တားဆီးသွားဖို့ လိုအပ်လှကြောင်း ညွှန်ပြပေးနေသလိုပါပဲ။ အမှန်တကယ်လည်း မြန်မာနိုင်ငံမှာ ထိုထိုသော မျိုးစောင့်ဥပဒေ တစ်ရပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ထုတ်ပြန်တားဆီးသင့်လှကြောင်း ယူဆမိပါ၏။
အိမ်ထောင်ပြု စည်းမျဉ်းဥပဒေဘာသာခြားတွေမှာ အိမ်ထောင်ပြု စည်းမျဉ်းဥပဒေတွေရှိနေတယ်။ နိုင်ငံတော် ဥပဒေမှာလည်း ထည့်သွင်းထား တယ်။ဗုဒ္ဓ ဘာသာမှာတော့ ဒီလိုဥပဒေမရှိဘူးဖြစ်နေတယ်။ ဘယ်ဘာသာနဲ့မဆို လက်ထပ်နေတာ တွေ့ရနေ ရတယ်။ဗုဒ္ဓဘာသာဝင်တွေမှာ အိမ်ထောင်ကျမှု၊ လက်ထပ်မှုနဲ့ ပတ် သတ်လို့ ဘာသာခြားလို ဥပဒေမရှိဘူး။ ဒီလိုစည်းမျဉ်းဥပဒေ မရှိတာဟာ မကောင်းဘူး။ ရှိသင့် တယ်။ တန်းတူ ရည်တူပေါ့။ ဒါမှ လူမျိုးနဲ့ ဘာသာ မတိမ်ကောမှာပေါ့။ (တက္ကသိုလ်စောဘုန်း ဓမ္မရံသီ)
အမျိုးကိုစောင့်ရှောက်ပေးတဲ့ မျိုးစောင့်ဥပဒေဆိုတာ မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့ အခြားဘာသာဝင်တွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဘယ်လိုမှ မထိခိုက်စေဘဲ အမျိုးဘာသာ မကွယ်မပျောက်အောင် ကာကွယ်ရုံမျှသာဖြစ်ပါတယ်။ ဒါကို အကြမ်းဖက်တယ်၊ အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်တယ်လို့ ပြောနေ အော်နေသူများဟာ ဦးနှောက်အဆန်ချောင်သူ၊ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဥာဏ်နည်းသူများသာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်အမျိုးကိုမှ ကိုယ်မချစ်ရင်၊ ကိုယ့်အမျိုးကိုမှ ကိုယ်မစောင့်ရှောက်ရင်၊ ကိုယ့်အမျိုးကိုမှ ကိုယ်တန်ဘိုးမထားရင်၊ ကိုယ့်အမျိုးကိုမှ ကိုယ်သစ္စာမရှိရင် ဘယ်သူကလာပြီး ချစ်ပေးမလဲ၊ ဘယ်သူကလာပြီးစောင့်ရှောက်ပေးမလဲ၊ ဘယ်သူက လာပြီး တန်ဘိုးထားပေးမလဲ၊ ဘယ်သူကလာပြီး သစ္စာရှိပေးမလဲ။ စဉ်းစားစရာကိုမလိုအောင် အဖြေကရှင်းပါတယ်။ ဘယ်သူကမှလာပြီး ချစ်မပေးဘူး။ ဘယ်သူကမှလာပြီး စောင့်ရှောက်မပေးဘူး၊ ဘယ်သူကမှလာပြီး တန်ဘိုးထားမပေးဘူး၊ ဘယ်သူကမှလာပြီး သစ္စာရှိမပေးဘူး။ ဖျက်လို့ဖျက်စီးသဘောမျိုးသာ အားထုတ်ကြမှာပါ။
ဗုဒ္ဓဘာသာဝင်များ သတိပြုရန်
(ဆောင်) ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ အိမ်ထောင်မှု မပြုရှောင်လေပါ။
(က)ပါသုံးပါ
၁။ကြွေးပါသူ။
၂။ရောဂါပါသူ။
၃။အပိုစားမည့်သူပါသူ။
(ခ)ချာသုံးချာ
၁။ပညာအရည်အချင်း နုံချာသူ။
၂။အကျင့်စာရိတ္တ နုံချာသူ။
၃။အလုပ်အကိုင်နုံချာသူ
(ဂ)ကွာသုံးကွာ
၁။နိုင်ငံနှင့်လူမျိုး ကွာခြားသူ
၂။အယူဝါဒကွာခြားသူ။
၃။စိတ်နေသဘောထား ကွာခြားသူ။
အိမ်ထောင်ရှင်အဖြစ် ရွေးချယ်ကြမည့် ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ အနေဖြင့် ဤအင်္ဂါ (၉)ရပ်ကို အထူးသတိပြု၍ စဉ်းစားဆင်ခြင် ရှောင်ကြဉ်ရမည်ဖြစ်သည်။( သာဂီနွယ် )
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနဲ့ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံဆိုပြီး နေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများစွာတည်းကပါ။ သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူသလို နှစ်ပေါင်း နှစ်ထောင်ငါးရာကျော်ပါပြီ။ အိမ်ရှင်ပါ။ ဧည့်သည်မဟုတ်ပါဘူး။ ဘာသာ သာသနာ လူမျိုးဆိုပြီး အခြေအမြစ်ရှိရှိ ရပ်တည်နေခဲ့ကြတာပါ။ ကိုးကွယ်တဲ့ဘာသာဆိုလည်း အစမ်းသပ်ခံနိုင်တဲ့ ဘာသာ၊ နိုင်ငံဆိုလည်း အလွန်နူးညံ့သိမ့်မွေ့တဲ့ တန်ဘိုးကြီး ဗုဒ္ဓဘာသာနိုင်ငံဖြစ်သလို လူမျိုးဆိုလည်း ကမ္ဘာက အသိအမှတ်ပြုခြင်းခံထားရတဲ့ လူမျိုးပါ။ ယခုအခါ လူက လူကိုမျိုပြီး စာရေးသူတို့ ရွှေနိုင်ငံကြီးကို အပြီးအပိုင် သိမ်းပိုက်ဖို့ ၊ ကြိုးစားနေကြတဲ့ လူ့စပါးကြီးတွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့၊ နောက်ပြီး ကိုယ့်ခြံကို လုံခြုံအောင် ကာကွယ်နိုင်ဖို့အတွက် ဤအမျိုးဘာသာကို စောင့်ရှောက်နိုင်မယ့် ဥပဒေဟာ မရှိမဖြစ်လိုအပ်လာပြီလို့ ထင်မိပါတယ်။ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် ဘာသာရေးနဲ့ ပတ်သတ်ပြီး ကိုးကွယ်မှုဆိုင်ရာမှာ လွတ်လပ်မှုအရှိဆုံးနိုင်ငံပဲ ဖြစ်ပါတယ်။ ဘယ်လူမျိုးတော့ ဘယ်ဘာသာကို မကိုးကွယ်ရဘူးဆိုတာ မရှိပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ လူမျိုးနဲ့ ဘာသာတွေကို မထိခိုက်ဘူးဆိုရင် ကိုယ်ယုံကြည်ရာ ကိုယ်ကြိုက်နှစ်သက်ရာ တွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပါတယ်။
အချို့နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ အမျိုးဘာသာ သာသနာတည်တံ့ပြန့်ပွားဖို့အတွက် အမျိုးစောင့်ဥပဒေဆိုပြီး ထုတ်ပြန်ထားတာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးဘက်ကပဲ ကြည့်ကြည့်၊ ဥပဒေဘက်ကပဲ ကြည့်ကြည့် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေဆိုတာ မရှိသေးပါဘူး။ အဲဒီလို မရှိသေးလို့လည်း အချို့မြန်မာအမျိုးသမီးစစ်စစ်တွေဟာ လူမျိုးခြား ဘာသာခြားတွေရဲ့ မယားဘဝရောက်ချင်းမလှ ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုး ဘာသာ သာသနာ ရေရှည်တည်တံ့နိုင်ဖို့အတွက် အမျိုး ဘာသာကို စောင့်ရှောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိမဖြစ် လိုအပ်နေပြီလို့ ထင်ပါတယ်။ ဘာလို့လိုအပ်နေပြီးလဲဆိုရင် မြန်မာမိန်းကလေးတွေဟာ အများအားဖြင့် အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်နဲ့ ပတ်သတ်လာရင် သေသေချာချာ ဂဃနဏ မသိကြလို့ပဲ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတိုင်းဟာ အမျိုးသားရေးစိတ်ဓာတ် ဘာသာရေးစိတ်ဓာတ်တွေ ပြည့်ပြည့်ဝဝ ထက်ထက်သန်သန် ရှိနေကြမယ်ဆိုရင် အလုပ်ရှုပ်ခံပြီး ဘာစည်းမျဉ်း စည်းကမ်းတွေမှ ထုတ်စရာမလိုသလို၊ စာရေးသူများအနေနဲ့လည်းကောင်း ဟောပြောသူ ဆရာတော်ဘုရားကြီးများအနေနဲ့လည်းကောင်း ရေးစရာ ဟောစရာတောင်မလိုဘဲ ကြောင့်ကြမဲ့နေပြီး ကိုယ့်တရားနှင့်ကိုယ် နှလုံးသွင်းနေလို့ ရမယ့်အနေထားပါ။ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘာသာပဲဖြစ်ဖြစ် လိုအပ်ရင် လိုအပ်သလို စည်းမျဉ်းစည်းကမ်းဆိုတာ ရှိထားဖို့လိုပါတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာဖို့ လိုအပ်ပြန်ပါတယ်။ စည်းမျဉ်း စည်းကမ်းလည်းမရှိ၊ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း လေးစားလိုက်နာမှုမရှိဘူးဆိုရင် ဝါးများအစည်းပြေသလို လိုရာမရောက် ခရီးမပေါက်ဘဲ ပရမ်းပတာ ဖြစ်သွားတတ်ပါတယ်။
ပုထုဇဉ်တိုင်းဟာ အမှားကင်းတယ်ဆိုတာ မရှိပါဘူး။ အဲဒီအမှားတွေထဲမှာ ပြုပြင်လို့ရတဲ့ အမှားတွေရှိသလို၊ ပြုပြင်လို့မရတဲ့ အမှားတွေလည်း ရှိပါတယ်။ တချို့က ပြုပြင်လို့ရတဲ့ အမှားတွေကို မှားကြပေမယ့် တချို့ကျပြန်တော့လည်း တစ်သက်လုံး ဘယ်လိုမှ ပြုပြင်လို့မရနိုင်လောက်တဲ့ အမှားတွေကို မှားကြပါတယ်။ လူပညာရှိ၊ ရဟန်းပညာရှိနဲ့ နိုင်ငံခေါင်းဆောင်များအနေဖြင့် အမျိုး ဘာသာ သာသနာအတွက် ဘယ်တော့မှ အမှားနောင်တ မရကြလေအောင် စည်းကမ်း စည်းမျဉ်းများနှင့် သတ်မှတ်ပြီး ကြပ်မတ်ပေးစေချင်ကြောင်း အသိပေးလိုက်ရပါသည်။
ဖိုးပညော(သပိတ်ကျင်း)၏ အမျိုးပျောက်မှာစိုးကြောက်ကြပါ ဆောင်ပါးကို မှီငြမ်း ဖြည့်စွက်ထားပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

ဓမ္မဆောင်းပါးများ

   Display # 
# Article Title
1 ၀ိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၁)
2 ၀ိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၂)
3 ၀ိပဿနာဥာဏ်စဉ်များဖြစ်ပုံ (အပိုင်း-၃)
4 ၀ိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း
5 စိတ်ဆင်းရဲပျောက်ကင်းဆေး
6 ဝေဒနာနုပဿနာတရားတော်ကြီး ပထမပိုင်း
7 ဝေဒနာ နုပဿနာ တရားတော်ကြီး ပထမပိုင်း (၂)
8 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၁)
9 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၂)
10 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၃)
11 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၄)
12 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၅)
13 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၆)
14 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၇)
15 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၈)
16 ၀ိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း
17 ဝေဒနာသုံးမျိုးလုံးကိုတွေ့ကြုံရှုသိအပ်ပုံ
18 ပဉ္စမအနာဂတ်ဘေး
19 စတုတ္ထအနာဂတ်ဘေး
20 တတိယ အနာဂတ်ဘေး
21 မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ