- Downloadတရားတော် (6)
- mp3 (11)
- mp3တရားတော်များ (18)
- ကရုဏာတရား (1)
- ဂါထာတော်များ (1)
- ဆုံးမစကား (11)
- တရားတော်များ (25)
- ဓမ္မပုံပြင် (3)
- ဓမ္မရသ (9)
- ဓမ္မဆောင်းပါးများ (15)
- ဓမ္မဆောင်းများ (2)
- ပဋ္ဌာန်း (3)
- ဗုဒ္ဓ၀င် (2)
- ဘာသာရေး (1)
- အခမဲ့ ကြော်ငြာကဏ္ဍ (4)
- အဘိဓမ္မာ (2)
- အထွေထွေ (16)
Showing posts with label အဘိဓမ္မာ. Show all posts
Showing posts with label အဘိဓမ္မာ. Show all posts
Friday, May 10, 2013
အဘိဓမ္မတ္ထသင်္ဂဟ ပရမတ္ထတရားတို့၏ အဓိပ္ပါယ်များ အပိုင်း (ဂ)
အကျိုးပေးသောအစဉ်အားဖြင့် ကံလေးပါး
၁။ဂရုကံ - တစ်ပါးသောကံများက တားမြစ်၍မရနိုင် သော တမလွန်ဘဝ၌
ဧကန်အကျိုးပေးမည့်ကံ (ဥပမာ ကုသိုလ်ဘက်၌ ရူပါဝစရကုသိုလ်ကံကဲ့သို့တည်း။
ရူပါဝစရဈာန်ကုသိုလ်ရပြီး ပထမဈာန် ကိုရလျှင် ပထမဈာန်ဗြဟ္မဘုံသို့
ဧကန်မုချရောက်
ရ မည့်ကံ။ အကုသိုလ်ဘက်၌ ပဉ္စာနန္တရိယ ကံကြီးများကို ပြုလုပ်ထားပြီးပါက တမလွန်
ဘဝ၌ ဧကန်မုချ ငရဲသို့ကျရောက်ရမည့်ကံတည်း၊ အလွန် ကြီးလေးသောကြောင့်
ဂရုကံဟုခေါ်သည်။ မိစ္ဆာဒိဋ္ဌိ အယူမှားသောကံကြီးသည်လည်း ထို့အတူ ဂရုကံ ကြီး
သာတည်း)။
၂။ အာသန္နကံ = သေခါနီးကာလ၌ ပြုလုပ်အပ် အောက်မေ့အပ်သောကံသည်
အာသန္နကံမည်၏။ (ထို အာသန္နကံသည်လည်း သေခါနီးကာလ မကောင်းသော
ငရဲနိမိတ်များထင်လာသောအခါ ကုသိုလ် ကျန်ရစ်သူသားသမီးများက
ကုသိုလ်ကောင်းမှုကိုပြုပေးခြင်း ကုသိုလ်ကောင်းမှုများကို ပြန်လည်သတိ
ရအောင်ပြောပြခြင်းဖြင့် ပြုလုပ်အပ် အောက်မေ့အပ်သောကံတည်း)။
၃။ အာစိဏ္ဏကံ = နေ့စဉ်မပြတ်ပြုလုပ်အပ်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှုများသည်
အာစိဏ္ဏကံမည် ပါသည်။ အကုသိုလ်ဘက်၌လည်း ထိုနည်းတူစွာ နေ့စဉ်မပြတ်ပြုလုပ်သော ဒုစရိုက်များသည် အာစိဏ္ဏ ကံမည်ပါသည်။
၎။ကဋတ္တာကံ = သာမန် အကျိုးပေးကာမျှသောကံသည် ကဋတ္တာကံမည်၏။
အကျိုးပေးရာအစဉ်အား ဖြင့်ဖြစ်သောကံလေးပါးတို့သည် ဂရုကံသည်
ဒုတိယဘဝ(တမလွန်)ဧကန်အကျိုးပေးမည်။ ဂရုကံမရှိ လျှင် အာသန္နကံက
တမလွန်ဘဝ၌ ပဋိသန္ဓေကျိုးပေမည်။ အာသန္နကံကို ကောင်းအောင် ဆိုးအောင်
အာစိဏ္ဏကံက ထောက်ပံ့ပေး၏။ အာသန္နကံ အကျိုးမပေးသေးလျှင် အာစိဏ္ဏကံက
အကျိုးပေးမည်။ အာစိဏ္ဏကံက အကျိုးမပေးသေးလျှင် ကဋတ္တာကံက အကျိုးပေးမည်။
အကျိုးပေးရာကာလ၏အစွမ်းအားဖြင့် ကံလေးပါး
၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = လက်ရှိဘဝမှာပင် အကျိုးပေးသောကံ(ကုသိုလ်ဇောပဲဖြစ်ဖြစ်
အကုသိုလ် ဇောပဲဖြစ်ဖြစ် ဇောခုနစ်ကြိမ်အနက် ပထမဇောစေတနာသည် လက်ငင်းဘဝမှာပင်
အကျိုးပေး၏။ ထို့ ကြောင့် လှူရင်းဒါန်းရင်းပိုပြီးချမ်းသာ သာဓကများ၊ သတ်ရင်းဖြတ်ရင်း အသေဆိုးသေကြသော သာဓကများရှိနေကြပါသည်)။
၂။ ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ(တမလွန်ဘဝ)၌ အကျိုးပေးသောကံ။(ဇော
ခုနစ်ကြိမ်အနက် ခုနစ်ခုမြောက်ဇောသည် ဒုတိယဘဝ၌ အကျိုးပေး၏ သတ္တမမြောက်
ဇောသည် အကျိုးပေးအသန်ဆုံး ဖြစ်သည်။ အဆုံးဇောဖြစ်၍ အလွန်အားကောင်းသည်)။
၃။ အပရာပရိယဝေဒနီယကံ = တတိယဘဝမှစ၍ တောက်လျှောက် အခွင့်သာတိုင်း
အကျိုးပေးသော ကံတည်း။(ဥပမာအားဖြင့် အချို့လူများ၌ သေဆုံးသည်အထိ
အန္တရာယ်မကြုံရသော်လည်း မကြာခဏ ဘေးတွေ့ရတတ်၏။ထိုသို့ ဘေးအန္တရာယ်နှင့်
ရင်ဆိုင်ရခြင်းသည် ဘဝတစ်ခုခု သူတစ်ပါးအသက်ကို အန္တရာယ်ပေးခဲ့သော
အပရာရိယဝေဒနီယကံက အခွင့်သာတိုင်း အကျိုးပေးနေခြင်းသဘောတည်း)။
၎။
အဟောသိကံ = အကျိုးပေးပြီးလည်းမဟုတ် ပေးလတံ့လည်းမဟုတ်သော ပြုပြီးကာမတ္တကံသည်
အဟောသိကံမည်၏။ (ဥပမာအားဖြင့် အင်္ဂုလိမာလ လူပေါင်းများစွာ သတ်ခဲ့သော်လည်း
ရဟန္တာဖြစ် သွားသည့်အတွက်ကြောင့် နောင်ဘဝ နောင်ခန္ဓာမရှိ။
နောင်ခန္ဓာမရှိသောကြောင့် သူပြုခဲ့သော အကု သိုလ်ကံများက
အကျိုးပေးလတံ့မဟုတ်သောကြောင့် အဟောသိကံဖြစ်သွားသကဲ့သို့တည်း)။
ဒုစရိုက်ဆယ်ပါး
၁။ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း။ (ပါဏာတိပါတအင်္ဂါများ -
၁။သတ္တဝါတစ် ယောက်ဖြစ်ခြင်း။ ၂။သတ္တဝါဟုအမှတ်ရှိခြင်း။
၃။သတ်လိုသောစိတ်ရှိခြင်း။ ၄။သတ်ခြင်းငှါလုံ့လပြုခြင်း၊
၅။ထိုလုံ့လပယောဂကြောင့် သေသွားခြင်း)။
၂။အဒိန္နာဒါန = ပိုင်ရှင်မပေးသောသူတစ်ပါးဥစ္စာကို
ခိုးယူခြင်း။ (အဒိန္နာဒါနကံမြောက်ကြောင်းအင်္ဂါ များ -
၁။သူတစ်ပါးတို့ဥစ္စာဖြစ်ခြင်း။ ၂။သူတစ်ပါးဥစ္စာဟု အမှတ်ရှိခြင်း။
၃။ခိုးယူလိုသောစိတ်ရှိခြင်း။ ၄။ခိုးခြင်း၌ လုံ့လပြုခြင်း။ ၅။ခိုးယူခြင်း )။
၃။ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားသမီး သားမယား၌ ပြစ်မှားကျူးလွန်ခြင်း။
(ကံမြောက် ကြောင်းအင်္ဂါများ - ၁။ မကျူးလွန်အပ်သောသူဖြစ်ခြင်း။
၂။မှီဝဲလိုသောစိတ်ရှိခြင်း။ ၃။မှီဝဲလိုသောစိတ် ဖြင့် လုံ့လပြုခြင်း။
၎။ကျူးလွန်ခြင်းအပေါ်၌ သာယာခြင်း။ (ဤသုံးပါးကို ကာယဒုစရိုက်သုံးပါးဟုခေါ်)။
၎။မုသာဝါဒ = မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။ (မုသာဝါဒကံမြောက်ကြောင်း
အင်္ဂါလေးပါး - ၁။မမှန်သော အကြောင်းအရာဖြစ်ခြင်း။
၂။လိမ်ညာလိုသောစိတ်ရှိခြင်း။ ၃။လုံ့လပြုခြင်း။
၎။သူတစ်ပါး တို့က လိမ်ညာမှုကိုလက်ခံခြင်း)။
၅။ပိသုဏဝါစာ = သူတစ်ပါးတို့၏ ချစ်ခင်မှုကို ကွဲပြားအောင် ဂုန်းချောခြင်း။
(ပိသုဏဝါစာကံမြောက် ကြောင်းအင်္ဂါလေးပါး - ၁။ချစ်ခင်ညီညွတ်နေသူများဖြစ်ခြင်း။ ၂။ကွဲပြားစေလိုသောစိတ်ရှိခြင်း။ ၃။ကုံး တိုက်ခြင်းငှါလုံ့လပြုခြင်း။ ၄။လှည့်စားသောစကားများကို သူတစ်ပါးတို့က လက်ခံခြင်း(။
၆။ဖရုသဝါစာ = ကြမ်းတမ်းသောစကား ဆဲရေးသော စော်ကားသောစကားကိုပြောဆိုခြင်း။
(ဖရုသ ဝါစာကံမြောက်ကြောင်းအင်္ဂါ ၃-ပါး - ၁။ဆဲရေးခြင်းလိုသောစိတ်ရှိခြင်း ။ ၂။စိတ်ဆိုးခြင်း။ ၃။ဆဲရေးခြင်း အကြောင်းအင်္ဂါဆယ်ပါးတို့ဖြင့် ဆဲရေးခြင်း)။
၇။သမ္ဖပ္ပလာပဝါစာ = အကျိုးမဲ့သောစကားများကို ပြောဆိုခြင်း။
(သမ္ဖပ္ပလာပဝါစာကံမြောက်ကြောင်း အင်္ဂါ နှစ်ပါး ၁။အကျိုးမဲ့သောစကားကို
ရှေးရှုခြင်း။ ၂။ထို စကားကိုပြောဆိုခြင်း)။
အဘိဇ္ဈာ =
သူတစ်ပါးစည်းစိမ်ချမ်းသာကို လိုချင်သောစိတ်ဖြင့် ရှေးရှုကြံစည်ခြင်း။
(အဘိဇ္ဈာကံ မြောက်ကြောင်းအင်္ဂါ ၂-ပါး - ၁။ သူတစ်ပါး စည်းစိမ်ဥစ္စဖြစ်ခြင်း။
၂။မိမိစည်းစိမ်ဖြစ်လျှင်ကောင်းမှာပဲဟု ရှေးရှုကြံစည်ခြင်း)။
ဗျာပါဒ = သူတစ်ပါးတို့ ပျက်စီးစေလိုသော ဒုက္ခရောက်စေလိုသော ကြံစည်ခြင်း။
(ဗျာပါဒကံမြောက် ကြောင်းအင်္ဂါ ၂-ပါး = ၁။တစ်ပါးသော သတ္တဝါဖြစ်ခြင်း။
၂။ထိုသတ္တဝါတို့ သေကြလျှင်ကောင်းမှာပဲကြံ စည်ခြင်း)။ မှတ်ချက်/ သေသည်
အထိကြံစည်မှ ကမ္မပထမြောက်သည်။ ဆင်းရဲစေလိုမှုသာဆိုလျှင် ကံသာမြောက်သည်။ ကမ္မပထမမြောက်သေးပါ။
မိစ္ဆာဒိဋ္ဌိ = မှားယွင်းသောအယူကို ယူခြင်း။ (မိစ္ဆာဒိဋ္ဌိကံမြောက်ကြောင်းအင်္ဂါ
၂-ပါး = ၁။မိမိယူထား သောအယူသည် မဟုတ်မမှန်ဖောက်ပြန်သော သဘောရှိခြင်း။
၂။ထိုမှားယွင်းသည့်အတိုင်း ယူဆထား ခြင်း)။ မှားယွင်းသော အယူများတွင်
ကမ္မပထမြောက်သောမိစ္ဆာဒိဋ္ဌိတို့ကား နတ္ထိကဒိဋ္ဌိ၊ အဟေတုက ဒိဋ္ဌိ၊
အကိရိယဒိဋ္ဌိသုံးပါးတို့ဖြစ်ပါသည် ။ ကြွင်းသော သဿတဒိဋ္ဌိစသည်တို့ကား
ကံသာမြောက်သည်။
ဆက်လက်ဖေါ်ပြပါဦးမည်
Subscribe to:
Posts (Atom)