၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Friday, May 10, 2013

အဘိဓမ္မတ္ထသင်္ဂဟ ပရမတ္ထတရားတို့၏ အဓိပ္ပါယ်များ (အဆက်)အပိုင်း(ခ)



သမ္မဝါစာ = အသက်မွေးဝမ်းကြောင်းနှင့် မဆိုင်ဘဲ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်သော ကောင်းစွာ ပြောဆိုခြင်းသဘောသည်

သမ္မာဝါစာမည်၏။(ဝစီဒုစရိုက်လေးပါး - မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း။ ပိသုဏဝါစာ - သူတစ်ပါးတို့ ချစ်ခင်ခြင်းကို ကွဲပြားအောင် ဂုန်းတိုက်ခြင်း။ ဖရုသဝါစာ - ကြမ်းတမ်း ယုတ်မာသောစကားကိုပြောဆိုခြင်း။ သမ္ဖပ္ပလာပဝါစာ - အကျိုးမရှိသော စကားဖျင်းစကားညံ့တို့ကို ပြောဆိုခြင်း)။

သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မဆိုင်ဘဲ ကာယဒုစရိုက်သုံးပါးမှရှောင်ကြဉ်သော ကောင်း စွာပြုလုပ်ခြင်းသဘောသည် သမ္မာကမ္မန္တမည်ပါသည်။ (ကာယဒုစရိုက်သုံးပါး - ပါဏာတိပါတ - သူ တစ်ပါးအသက်ကို သတ်ဖြတ်ခြင်း။ အာဒိန္နာဒါန - ပိုင်ရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ ကာမေသုမိစ္ဆာစာရ - သူတစ်ပါးတို့၏ ကာမဂုဏ်ကို ကျူးလွန်ခြင်း။)

သမ္မာအာဇီဝ = အသက်မွေးဝမ်းကြောင်းနှင့်ဆိုင်သော ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်၍ ကောင်းသော အသက်မွေးဝမ်းကြောင်းခြင်းသဘောသည် သမ္မာအာဇီဝမည်၏။

ကရုဏာ = သူတစ်ပါးတို့၏ ဆင်းရဲခြင်းကိုမြင်သိ၍ သူတော်ကောင်းတို့၏ နှလုံးပင်ပန်းခြင်းသဘော သည် ကရုဏာမည်၏။ ဆင်းရဲနေကြသူများ ဆင်းရဲမှလွတ်မြောက်ကြစေလိုသော သနားကြင်နာခြင်း သဘောသည် ကရုဏာမည်၏။ ဒေါသ ဗျာပါဒသည် သူတစ်ပါးဆင်းရဲနေသည်ကို ကျေနပ်နေခြင်း ဆင်းရဲဒုက္ခရောက်စေလိုခြင်းသဘောဖြစ်၍ ကရုဏာသည် ဒေါသ ဗျာပါဒ၏ဆန့်ကျင်ဘက်တည်း။

မုဒိတာ = သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာပြည့်စုံချမ်းသာမှုကို မြင်သိရ၍ အားရရွှင်လန်း ဝမ်းမြောက်ခြင်း သဘောသည် မုဒိတာမည်၏။ သူတစ်ပါးတို့ ပစ္စည်းဥစ္စာပြည့်စုံချမ်းသာမှုကို မြင်သိရ၍ စိတ်နှလုံးမသာ ယာခြင်း မနာလိုမရှုစိမ့်ခြင်းသဘောရှိသော ဣဿာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

နာမ်တေပညာသ = နာမ်တေပညာသဆိုသည်မှာ နာမ်တရား ၅၃-ပါးကိုဆိုလို၏။ စိတ်အားလုံးသည် အာရုံကိုသိမှုချည်းသာဖြစ်၍ တစ်ခုပြု၊ စေတသိက် (၅၂)ပါးနှင့်ရောလျှင် နာမ် (၅၃)ပါးဖြစ်၏။

ဝေဒနာသုံးပါး = ၁။သုခဝေဒနာ။ ၂။ဒုက္ခဝေဒနာ။ ၃။ဥပေက္ခဝေဒနာ ပေါင်း သုံးပါးဖြစ်၏။

သုခဝေဒနာ(၆၃)ပါး = လောဘမူသောမနဿ (၄)ပါး။ အဟိတ်သောမနဿ(၂)ပါး။ အဟိတ် ကုသလဝိပါက်သုခသဟဂုတ်စိတ်(၁)ပါး။ ကာမသောဘနစိတ်(၂၄)ပါးထဲက သောမနဿ ၁၂-ပါး။ ရူပါဝစရစိတ် (၁၅)ပါးထဲက သောမနဿ ၁၂-ပါး။ လောကုတ္တရာအကျယ် ပထမဈာန်(၈)ပါး။ ဒုတိယ ဈာန်(၈)ပါး။ တတိယဈာန်(၈)ပါး။စတုတ္ထဈာန်(၈)ပါး။ ပေါင်း (၆၃)ပါး။

ဒုက္ခဝေဒနာသုံးပါး = ဒေါသမူစိတ် (၂)ပါး။အကုသလဝိပါက်စိတ်(၇)ပါးမှ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်စိတ်တစ်ပါး။ပေါင်းသုံးပါးကို ဒုက္ခဝေဒနာသုံးပါးဟုခေါ်သည်။

ဥပေက္ခာဝေဒနာ (၅၅)ပါး = လောဘမူဥပေက္ခာ လေးပါး။ မောဟမူစိတ်(၂)ပါး။ ဒွေးပဉ္စဝိညာဏ် (၁ဝ)ပါး။ သမ္ပဋိစ္ဆိုင်း (၂)ပါး။ ဥပေက္ခာသန္တီရဏစိတ် (၂)ပါး။ ကာမသောဘနစိတ်(၂၄)ပါးထဲမှ ဥပေက္ခာသဟဂုတ်စိတ် (၁၂)ပါး။ ရူပါဝစရပဉ္စမဈာန်ဥပေက္ခာ (၃)ပါး။ အရူပါဝစရစိတ် (၁၂)ပါး။ လောကုတ္တရာအကျယ် ပဉ္စမဈာန်(၈)ပါး ပေါင်း (၅၅)ပါး။

မှတ်ချက်/ တစ်နည်းအားဖြင့် ဝေဒနာငါးပါးယူလျှင် သုခဝေဒနာ(၆၃)ပါးထဲမှ သုခသဟဂုတ်ကာယ ဝိညာစိတ်ကို သုခဝေဒနာတစ်ပါးဟုယူပါ။ ၎င်းမှကျန်သောစိတ်(၆၂)ပါးကို သောမနဿသဟဂုတ် (၆၂)ပါးဟုယူပါ။ ဒုက္ခဝေဒနာသုံးပါးမှ ဒေါသမူစိတ် (၂)ပါးကို ဒေါမနဿဝေဒနာဟုယူပါ။ ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ်ကို ဒုက္ခဝေဒနာဟုယူပါ။ ဥပေက္ခာ ၅၅-ပါးကိုကား ဥပေက္ခာဝေဒနာ ယူ၍ ဝေဒနာငါးပါးရပါသည်။

ဟိတ်ခြောက်ပါး = လောဘဟိတ် ။ ဒေါသဟိတ်။ မောဟဟိတ်။ အလောဘဟိတ်။ အဒေါသဟိတ်။ အမောဟဟိတ် ပေါင်း ဟိတ်(၆)ပါးဖြစ်ပါသည်။

အဟိတ်စိတ် = ဟိတ်အားလုံးနှင့် ယှဉ်တွဲခွင့်မရှိသော အဟိတ်စိတ် (၁၈)ပါးသည် အဟိတ်မည်၏။

ဧကဟိတ်စိတ် = ယှဉ်ဘော်ယှဉ်ဘက် မောဟဟိတ်တစ်ပါးသာရှိသော မောဟမူစိတ် ၂ပါးသည် ဧကဟိတ်စိတ်မည်၏။

ဒွိဟိတ်စိတ် = လောဘမူစိတ်(၈)ခု၊ ဒေါသမူဒွေ။ ကာမသောဘနစိတ် (၂၄)ပါးထဲက ဉာဏဝိပ္ပယုတ် စိတ် (၁၂)ပါး။ ပေါင်း ၂၂-ပါးသည် ယှဉ်ဘက်ဟိတ် ၂ပါးသာရှိသောကြောင့် ဒွိဟိတ်စိတ်မည်၏။ ဟိတ် နှစ်ပါးယှဉ်ပုံမှာ လောဘမူစိတ်ရှစ်ပါး၌ လောဘဟိတ် မောဟဟိတ်ယှဉ်၏။ ဒေါသမူစိတ် ၂ပါး၌ ဒေါသ ဟိတ် မောဟဟိတ်ယှဉ်၏။ ကာမသောဘနဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး၌ကား ဉာဏ်နှင့်မယှဉ်သော ကြောင့် အလောဘဟိတ် အဒေါသဟိတ် နှစ်ပါးယှဉ်ပါသည်။ အမောဟဟိတ်မယှဉ်။

တိဟိတ်စိတ် (၄၇)ပါး = ယှဉ်ဘော်ယှဉ်ဘက် အလောဘဟိတ် အဒေါသဟိတ် အမောဟဟိတ်အား ဖြင့် ဟိတ်သုံးပါးရှိသောစိတ်သည် တိဟိတ်စိတ်မည်၏။ ၎င်းတို့ကား ကာမသောဘနစိတ် (၂၄)ပါးထဲမှ ဉာဏသမ္ပယုတ်စိတ် (၁၂)ပါး။ ရူပါဝစရစိတ် (၁၅)ပါး။ အရူပါဝစရစိတ် (၁၂)ပါး။ လောကုတ္တရာစိတ် (၈)ပါး ပေါင်း ၄၇-ပါးဖြစ်ပါသည်။

ကိစ္စ = ပရမတ်ဖြစ်သော နာမ်တရားတို့သည် မျက်စိတစ်မှိတ်လျှပ်တစ်ပျက်ခဏလေးတောင် ရပ်နားမှု မရှိဘဲ အာရုံစသော အကြောင်းအားလျှော်စွာ မိမိတို့၏ ကိစ္စကိုယ်စီကို ဆောင်ရွက်နေကြ၏။ စိတ္တ နိယာမလမ်းစဉ်အတိုင်း စိတ်ကိစ္စများကို စိတ်ကဆောင်ရွက်နေကြ၏။

ပဋိသန္ဓေကိစ္စ = ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်းကိစ္စသည် ပဋိသန္ဓေကိစ္စမည်၏။ စုတိကိစ္စ၏ အခြားမဲ့၌ အနန္တရပစ္စည်းသတ္တိအားဖြင့် ဆက်တိုက် ပဋိသန္ဓေကိစ္စကိုပြုပါသည်။

ဘဝင်ကိစ္စ = ပဋိသန္ဓေစိတ်ဖြစ်ပြီးသည့်နောက် စုတိပြတ်ကြွေ မသေခင်ကာလအတွင်း တစ်ခြားသော စိတ်များ မဖြစ်ပေါ်သည့်ကာလမှာဖြစ်ပေါ်လေ့ရှိသောစိတ်ကို (ဘဝမပြတ်အောင် ဆက်စပ်ပေးသော စိတ်ဖြစ်သောကြောင့်) ဘဝင်စိတ်ဟုခေါ်၏။ ဘဝင်စိတ်၏ နိယာမလမ်းစဉ်အတိုင်း ဆောင်ရွက်ခြင်း သည် ဘဝင်ကိစ္စမည်၏။

အာဝဇ္ဇန်းကိစ္စ = ဘဝင်စိတ်အစဉ်မှလွှတ်၍ အသစ်ဖြစ်သော အာရုံတစ်ပါးပါးသို့ စိတ်ကို ရှေးရှုဦးတည် ပေးခြင်း ကိစ္စသည် အာဝဇ္ဇန်းကိစ္စမည်၏။

ပဉ္စဝိညာဏ်ကိစ္စအသီးသီး = စက္ခုဝိညာဏ်ဒွေးသည် မြင်ခြင်း ဒဿနကိစ္စ။ သောတဝိညာဏ်ဒွေး သည် ကြားခြင်း သဝနကိစ္စ။ ဃာနဝိညာဏ်ဒွေးသည် အနံ့ရှူခြင်း ဃာယနကိစ္စ။ ဇိဝှါဝိညာဏ်ဒွေးသည် အရသာခံခြင်း သာယနကိစ္စ။ ကာယဝိညာဏ်ဒွေးသည် တွေ့ထိခြင်း ဖုသနကိစ္စတပ်ကြပါသည်။

သမ္ပဋိစ္ဆိုင်းကိစ္စ = ဝိညာဏ်ငါးက ယူပြီး၍ ချုပ်ဆုံးသွားသောအာရုံကို မကွယ်ပျောက်ရအောင် လက်ခံ သိမ်းပိုက်ထားခြင်းကိစ္စသည် သမ္ပဋိစ္ဆိုင်းကိစ္စမည်၏။

သန္တီရဏကိစ္စ = သမ္ပဋိစ္ဆိုင်းသိမ်းပိုက်ထားသောအာရုံကို စုံစမ်းခြင်း စီစစ်ခြင်းကိစ္စသည် သန္တီရဏ ကိစ္စမည်၏။

ဝုဋ္ဌောကိစ္စ = သန္တီရဏစုံစမ်းပြီးသော အာရုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းကိစ္စရှိသော မနောဒွါရာ ဝဇ္ဖန်းစိတ်သည် ဝုဋ္ဌောကိစ္စတပ်ပါသည်။

ဇောကိစ္စ = အရှိန် အဟုန်နှင့်တကွ ကျရောက်၍ အာရုံ၏အရသာကိုခံစားမှုကိစ္စသည် ဇောကိစ္စမည်၏၊

တဒါရုံကိစ္စ = ဇောအာရုံပြုသော အာရုံကိုပင် ဆက်လက်အာရုံပြု၍ ဇောသို့အစဉ်လိုက်သောကိစ္စသည် တဒါရုံကိစ္စမည်၏။

စုတိကိစ္စ = ပစ္စုပ္ပန်ဘဝမှ စုတိပြတ်ကြွေ သေလွန်ခြင်း၊ ဘဝဟောင်းမှ ဘဝသစ်သို့ ရွေ့လျှောခြင်းကိစ္စ သည် စုတိကိစ္စမည်၏။

ဒွါရ = အိမ် ကျောင်း မြို့ရွာတို့၌ လူတို့၏ ဝင်ရာထွက်ရာအပေါက်ကို တံခါးဟုခေါ်သကဲ့သို့ ကိုယ်တွင်း စိတ်စေတသိက်တို့သည်၎င်း၊ ပြင်ပအာရုံ ၆-ပါးတို့သည်၎င်း (ဆိုင်ရာ အာရုံနှင့်စိတ်စေတသိက်တို့၏ ပေါင်းသင်းဆက်ဆံ) ဝင်ထွက်ရန်တံခါးပေါက်နှင့်တူသော မျက်စိအကြည် နားအကြည်စသော အကြည် ဓာတ်ခြောက်ပါးကို ဒွါရဟုခေါ်သည်။

စက္ခုဒွါရ = မျက်စိအကြည်ဓာတ် အဆင်းဝင်ရာတံခါးပေါက်။ သောတဒွါရ = နားအကြည်ဓာတ် အသံ ဝင်ရာတံခါးပေါက်။ ဃာနဒွါရ = နှာခေါင်းအကြည်ဓာတ် အနံ့အသက်ဝင်ရာတံခါးပေါက်။ ဇိဝှါဒွါရ = လျှာအကြည်ဓာတ် အရသာကိုသိသော အသိစိတ်များဝင်ရာတံခါးပေါက်။ ကာယဒွါရ = ကိုယ်အကြည် ဓာတ် နူးညံ့/ကြမ်းတမ်းသော အတွေ့အထိများကို အာရုံခံရာတံခါးပေါက်။ မနောဒွါရ = စိတ်အကြည် ဓာတ် နာမ်တရား တွေးတောကြံစည်စိတ်များဝင်လာရာ တံခါးပေါက်။

အာရုံခြောက်ပါး = ၁။ အဆင်းအမျိုးမျိုးသည် ရူပါရုံမည်၏။ ၂။ အသံအမျိုးမျိုးသည် သဒ္ဒါရုံမည်၏။ ၃။ အနံ့အမျိုးမျိုးသည် ဂန္ဓာရုံမည်၏။ ၄။ အရသာအမျိုးမျိုးသည် ရသာရုံမည်၏။ ၅။ အတွေ့အထိအမျိုးမျိုး သည် ဖောဋ္ဌဗ္ဗာရုံမည်၏။ ၆။ စိတ် ၈၉ပါး၊ စေတသိက် ၅၂-ပါး၊ ပသာဒရုပ် ၅-ပါး၊ သုခုမရုပ် ၁၆-ပါး၊ နိဗ္ဗာန်၊ ပညတ်တို့သည် ဓမ္မာရုံမည်၏။

ဝီထိ = လူတို့ခရီးသွားရာလမ်းစဉ်ကဲ့သို့ ရှေ့စိတ် နောက်စိတ်တို့၏ စိတ္တနိယာမသဘောအရ ဖြစ်စဉ်ကို ဝီထိဟုခေါ်ပါသည်။ မြစ်ရေအယဉ်စီးဆင်းသကဲ့သို့ စိတ်တို့၏ အစဉ်မပြတ် ဆက်ကာ ဆက်ကာ ဖြစ် ပေါ်နေသည်ကို ဝီထိဟုခေါ်ပါသည်။

ဝီထိစိတ် (၈၀) = ဒွါရဝိမုတ်စိတ်များဖြစ်သော ရူပါဝစရဝိပါက်စိတ် (၅)ပါး၊ အရူပါဝစရဝိပါက်စိတ် (၄)ပါးတို့မှတစ်ပါး ကျန်သောစိတ်ပေါင်း (၈၀)သည် ဝီထိစိတ်မည်၏။

ဝီထိမုတ်စိတ် ၁၉-ပါး = အဟိတ် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်(၂)ပါး၊ မဟာဝိပါက်စိတ် (၈)ပါး၊ ရူပါဝစရဝိပါက်စိတ် (၈)ပါး၊ အရူပါဝစရဝိပါက်စိတ် (၄)ပါးသည် ဝီထိမုတ်စိတ်လည်းမည်၏။ ပဋိသန္ဓေ စိတ်လည်းမည်၏။ ဘဝင်စိတ်လည်းမည်၏။ ၎င်းတို့တွင် ဥပေက္ခာသန္တီရဏ (၂)ပါးနှင့် မဟာဝိပါက်စိတ် (၈)ပါးတို့သည် ဝီထိစိတ်(၈၀)တို့တွင်လည်း ပါဝင်ကြ၏။ ယင်းတို့သည် ရံခါ ဝီထိစိတ်မှလွတ်၍ ရံခါဝီထိ စိတ်၌ ပါဝင်ကြသောကြောင့်တည်း။

တစ်ဘဝ၌တူမြဲသောတရား ၁၉-ပါး = ဝီထိမုတ်စိတ် (၁၉)ပါးသည် ပဋိသန္ဓေကိစ္စတပ်ချိန်တွင် ပဋိသန္ဓေစိတ်မည်၏။ စုတိပြတ်ကြွေသေလွန်ချိန် စုတိကိစ္စ၌ စုတိမည်၏။ ဝီထိစိတ်အစဉ်ပြတ်သော ကြားကာလအချိန်တွင် ဘဝင်စိတ်မည်၏။ ထိုစိတ်ကိုပင် ပဋိသန္ဓေ/ဘဝင်/စုတိဟုခေါ်ဆိုရသော ကြောင့် တစ်ဘဝ၌တူမြဲသောတရားဟုခေါ်ပါသည်။

စက္ခုဒွါရဝီထိစဉ် = မြင်သိစိတ်ဖြစ်ပေါ်တိုင်းကျရောက်တတ်သော စက္ခုဒွါရဝီထိစဉ်ကား ၁။အတီတ ဘဝင် (အတိတ်ဘဝင်)တစ်ချက်လွန်။ ၂။ဘဝင်္ဂစလန(အာရုံနှင့် ဒွါရတို့ပေါင်းဆုံသောအခါ ဝီထိစိတ် ဖြစ်ပေါ်ဖို့ရန် အနားပေးထားသော ဘဝင်စိတ်ကို လှုပ်နှိုးခြင်း)။ ၃။ဘဝဂုင်္ပစ္ဆေဒ (အိပ်ပျော်ရာမှ နိုးထ လာသကဲ့သို့ ဘဝင်စိတ်ကိုဖြတ်ခြင်း။ ၄။ပဉ္စဒွါရဝဇ္ဇန်း(ငါးဒွါရတို့အနက် ဒွါရတစ်ခုခုကနေဝင်လာသော အာရုံကို ဆင်ခြင်သော ဝီထိစိတ်ဖြစ်ပေါ်သည်)။ ၅။သမ္ပဋိစ္ဆိုင်း (ဝင်လာသော အာရုံကို လက်ခံသော ဝီထိစိတ်)။ ၆။သန္တီရဏ သမ္ပဋိစ္ဆိုင်းလက်ခံထားသော အာရုံကို စုံစမ်းသောဝီထိစိတ်။ ၇။ဝုဋ္ဌော (စုံစမ်း ပြီးသော အာရုံကို အခိုင်အမာဆုံးဖြတ်ချက်ချပေးသော ဝီထိစိတ်)။ ၈။ဇော (၇)ကြိမ် (အခိုင်အမာဆုံး ဖြတ်ပြီးသော ဝီထိစိတ်အစဉ်များအရ ကုသိုလ်စိတ် အကုသိုလ်စိတ်များဖြစ်ခြင်းသည် ဇောကျသည် မည်၏)။ ဇောသည် သာမာန် အင်အားကောင်းချိန်၌ (၇)ကြိမ်ကျ၏။ သေခါနီးအချိန်၌ (၅)ကြိမ်ကျ၏။ ထို့နောင် ဇောသို့အစဉ်လိုက်သော တဒါရုံဝီထိစိတ်များဖြစ်ကာ ဘဝင်စိတ်များပြန်လည်ဖြစ်လေ၏။

ဝီထိစဉ်အတိုကောက် = တီ - န - ဒ - ပ - စ - သံ - ဏ - ဝု - ဇ ဇ ဇ ဇ ဇ ဇ ဇ - ရုံ - ဘ - ။

မှတ်ချက် / သောတဒွါရစသော ဝီထိစဉ်များလည်း ထို့အတူပင်တည်း။

ပြုလုပ်ဆောင်ရွက်သောကိစ္စရှိသောကံလေးပါး = ၁။ ဇနကကံ - ဝိပါက်ပဋိသန္ဓေအကျိုးကိုဖြစ်စေ သောကံ (သူတစ်ပါးအသက်ကိုသတ်ဖြတ်သောကံကဲ့သို့ ငရဲပဋိသန္ဓေ ငရဲသားဘဝရောက်စေသော ကံတည်း)။

၂။ဥပထမ္ဘကကံ = တစ်ပါးသောကံကို အကျိုးပေးသန်အောင် ထောက်ပံ့ပေးသောကံ။ (ဥပမာအားဖြင့် ကုသိုလ်ကံကြောင့် လူ့ဘဝကိုရပြီး လူ့ဘဝတွင် စိတ်ကောင်းစေတနာကောင်းဖြင့် ကုသိုလ် ကောင်း မှုများ မပြတ်ပြုခြင်းကြောင့် တစ်ဆင့်ထက်တစ်ဆင့်မြင့်သည်ထက်မြင့်သော ဘဝကဲ့ သို့တည်း)။

၃။ဥပပီဠကကံ = ဇနကကံကို ညှိုးနွမ်းအောင် ကပ်၍နှိပ်စက်တတ်သောကံ(ဥပမာအားဖြင့် ကုသိုလ်ကောင်းမှုကြောင့် လူ့ဘဝကိုရသော်လည်း မကောင်းမှုဒုစရိုက်များကိုပြုလုပ်သည့်အတွက် ကြောင့် ကုသိုလ်ကံအကျိုး ညှိုးမှန်ကွယ်ပကာ ဒုက္ခခံစားရသကဲ့သို့တည်း)။

၎။ ဥပဃာတကကံ = ကပ်၍သတ်တတ်သောကံ (ဥပမာ အချို့မုဆိုးတံငါများသေခါနီးကာလ ငရဲနိမိတ်များထင်လာသောအ ခါမှ ကုသိုလ်ကောင်းမှုကို ကပ်၍ပြုသည့်အတွက် သုဂတိနိမိတ်များ အဖြစ်ပြောင်းလည်းသွားသကဲ့သို့ လက်ငင်းပြုသော ကံတစ်ခု အတိတ်ကပြုခဲ့သောကံများ အကျိုးပေးခွင့်မရအောင် ဖြတ်တောက်ပေး သောကံတည်း)။ သုဂတိနိမိတ် - ကောင်းရာသုဂတိ ဘုံဗိမာန်နိမိတ်များ ထင်မြင်လာခြင်း။ နောက်ဥပမာအားဖြင့် အင်္ဂုလိမာလထေရ်ကဲ့သို့မှတ်ပါ။

No comments:

Post a Comment