၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Friday, May 10, 2013

အဘိဓမ္မတ္ထသင်္ဂဟ ပရမတ္ထတရားတို့၏ အဓိပ္ပါယ်များ အပိုင်း (ဂ)



အကျိုးပေးသောအစဉ်အားဖြင့် ကံလေးပါး

၁။ဂရုကံ - တစ်ပါးသောကံများက တားမြစ်၍မရနိုင် သော တမလွန်ဘဝ၌ ဧကန်အကျိုးပေးမည့်ကံ (ဥပမာ ကုသိုလ်ဘက်၌ ရူပါဝစရကုသိုလ်ကံကဲ့သို့တည်း။ ရူပါဝစရဈာန်ကုသိုလ်ရပြီး ပထမဈာန် ကိုရလျှင် ပထမဈာန်ဗြဟ္မဘုံသို့ ဧကန်မုချရောက်
ရ မည့်ကံ။ အကုသိုလ်ဘက်၌ ပဉ္စာနန္တရိယ ကံကြီးများကို ပြုလုပ်ထားပြီးပါက တမလွန်
ဘဝ၌ ဧကန်မုချ ငရဲသို့ကျရောက်ရမည့်ကံတည်း၊ အလွန် ကြီးလေးသောကြောင့် ဂရုကံဟုခေါ်သည်။ မိစ္ဆာဒိဋ္ဌိ အယူမှားသောကံကြီးသည်လည်း ထို့အတူ ဂရုကံ ကြီး
သာတည်း)။

၂။ အာသန္နကံ = သေခါနီးကာလ၌ ပြုလုပ်အပ် အောက်မေ့အပ်သောကံသည်
အာသန္နကံမည်၏။ (ထို အာသန္နကံသည်လည်း သေခါနီးကာလ မကောင်းသော ငရဲနိမိတ်များထင်လာသောအခါ ကုသိုလ် ကျန်ရစ်သူသားသမီးများက ကုသိုလ်ကောင်းမှုကိုပြုပေးခြင်း ကုသိုလ်ကောင်းမှုများကို ပြန်လည်သတိ ရအောင်ပြောပြခြင်းဖြင့် ပြုလုပ်အပ် အောက်မေ့အပ်သောကံတည်း)။

၃။ အာစိဏ္ဏကံ = နေ့စဉ်မပြတ်ပြုလုပ်အပ်သော ဒါနမှု၊ သီလမှု၊ ဘာဝနာမှုများသည်
အာစိဏ္ဏကံမည် ပါသည်။ အကုသိုလ်ဘက်၌လည်း ထိုနည်းတူစွာ နေ့စဉ်မပြတ်ပြုလုပ်သော ဒုစရိုက်များသည် အာစိဏ္ဏ ကံမည်ပါသည်။

၎။ကဋတ္တာကံ = သာမန် အကျိုးပေးကာမျှသောကံသည် ကဋတ္တာကံမည်၏။ အကျိုးပေးရာအစဉ်အား ဖြင့်ဖြစ်သောကံလေးပါးတို့သည် ဂရုကံသည် ဒုတိယဘဝ(တမလွန်)ဧကန်အကျိုးပေးမည်။ ဂရုကံမရှိ လျှင် အာသန္နကံက
တမလွန်ဘဝ၌ ပဋိသန္ဓေကျိုးပေမည်။ အာသန္နကံကို ကောင်းအောင် ဆိုးအောင်
အာစိဏ္ဏကံက ထောက်ပံ့ပေး၏။ အာသန္နကံ အကျိုးမပေးသေးလျှင် အာစိဏ္ဏကံက
အကျိုးပေးမည်။ အာစိဏ္ဏကံက အကျိုးမပေးသေးလျှင် ကဋတ္တာကံက အကျိုးပေးမည်။

အကျိုးပေးရာကာလ၏အစွမ်းအားဖြင့် ကံလေးပါး

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ = လက်ရှိဘဝမှာပင် အကျိုးပေးသောကံ(ကုသိုလ်ဇောပဲဖြစ်ဖြစ် အကုသိုလ် ဇောပဲဖြစ်ဖြစ် ဇောခုနစ်ကြိမ်အနက် ပထမဇောစေတနာသည် လက်ငင်းဘဝမှာပင် အကျိုးပေး၏။ ထို့ ကြောင့် လှူရင်းဒါန်းရင်းပိုပြီးချမ်းသာ သာဓကများ၊ သတ်ရင်းဖြတ်ရင်း အသေဆိုးသေကြသော သာဓကများရှိနေကြပါသည်)။

၂။ ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ(တမလွန်ဘဝ)၌ အကျိုးပေးသောကံ။(ဇော
ခုနစ်ကြိမ်အနက် ခုနစ်ခုမြောက်ဇောသည် ဒုတိယဘဝ၌ အကျိုးပေး၏ သတ္တမမြောက်
ဇောသည် အကျိုးပေးအသန်ဆုံး ဖြစ်သည်။ အဆုံးဇောဖြစ်၍ အလွန်အားကောင်းသည်)။

၃။ အပရာပရိယဝေဒနီယကံ = တတိယဘဝမှစ၍ တောက်လျှောက် အခွင့်သာတိုင်း အကျိုးပေးသော ကံတည်း။(ဥပမာအားဖြင့် အချို့လူများ၌ သေဆုံးသည်အထိ အန္တရာယ်မကြုံရသော်လည်း မကြာခဏ ဘေးတွေ့ရတတ်၏။ထိုသို့ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရခြင်းသည် ဘဝတစ်ခုခု သူတစ်ပါးအသက်ကို အန္တရာယ်ပေးခဲ့သော အပရာရိယဝေဒနီယကံက အခွင့်သာတိုင်း အကျိုးပေးနေခြင်းသဘောတည်း)။

၎။ အဟောသိကံ = အကျိုးပေးပြီးလည်းမဟုတ် ပေးလတံ့လည်းမဟုတ်သော ပြုပြီးကာမတ္တကံသည် အဟောသိကံမည်၏။ (ဥပမာအားဖြင့် အင်္ဂုလိမာလ လူပေါင်းများစွာ သတ်ခဲ့သော်လည်း
ရဟန္တာဖြစ် သွားသည့်အတွက်ကြောင့် နောင်ဘဝ နောင်ခန္ဓာမရှိ။ နောင်ခန္ဓာမရှိသောကြောင့် သူပြုခဲ့သော အကု သိုလ်ကံများက အကျိုးပေးလတံ့မဟုတ်သောကြောင့် အဟောသိကံဖြစ်သွားသကဲ့သို့တည်း)။

ဒုစရိုက်ဆယ်ပါး

၁။ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း။ (ပါဏာတိပါတအင်္ဂါများ - ၁။သတ္တဝါတစ် ယောက်ဖြစ်ခြင်း။ ၂။သတ္တဝါဟုအမှတ်ရှိခြင်း။ ၃။သတ်လိုသောစိတ်ရှိခြင်း။ ၄။သတ်ခြင်းငှါလုံ့လပြုခြင်း၊ ၅။ထိုလုံ့လပယောဂကြောင့် သေသွားခြင်း)။

၂။အဒိန္နာဒါန = ပိုင်ရှင်မပေးသောသူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (အဒိန္နာဒါနကံမြောက်ကြောင်းအင်္ဂါ များ - ၁။သူတစ်ပါးတို့ဥစ္စာဖြစ်ခြင်း။ ၂။သူတစ်ပါးဥစ္စာဟု အမှတ်ရှိခြင်း။ ၃။ခိုးယူလိုသောစိတ်ရှိခြင်း။ ၄။ခိုးခြင်း၌ လုံ့လပြုခြင်း။ ၅။ခိုးယူခြင်း )။

၃။ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားသမီး သားမယား၌ ပြစ်မှားကျူးလွန်ခြင်း။ (ကံမြောက် ကြောင်းအင်္ဂါများ - ၁။ မကျူးလွန်အပ်သောသူဖြစ်ခြင်း။ ၂။မှီဝဲလိုသောစိတ်ရှိခြင်း။ ၃။မှီဝဲလိုသောစိတ် ဖြင့် လုံ့လပြုခြင်း။ ၄။ကျူးလွန်ခြင်းအပေါ်၌ သာယာခြင်း။ (ဤသုံးပါးကို ကာယဒုစရိုက်သုံးပါးဟုခေါ်)။

၎။မုသာဝါဒ = မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။ (မုသာဝါဒကံမြောက်ကြောင်း အင်္ဂါလေးပါး - ၁။မမှန်သော အကြောင်းအရာဖြစ်ခြင်း။ ၂။လိမ်ညာလိုသောစိတ်ရှိခြင်း။ ၃။လုံ့လပြုခြင်း။
၎။သူတစ်ပါး တို့က လိမ်ညာမှုကိုလက်ခံခြင်း)။

၅။ပိသုဏဝါစာ = သူတစ်ပါးတို့၏ ချစ်ခင်မှုကို ကွဲပြားအောင် ဂုန်းချောခြင်း။ (ပိသုဏဝါစာကံမြောက် ကြောင်းအင်္ဂါလေးပါး - ၁။ချစ်ခင်ညီညွတ်နေသူများဖြစ်ခြင်း။ ၂။ကွဲပြားစေလိုသောစိတ်ရှိခြင်း။ ၃။ကုံး တိုက်ခြင်းငှါလုံ့လပြုခြင်း။ ၄။လှည့်စားသောစကားများကို သူတစ်ပါးတို့က လက်ခံခြင်း(။

၆။ဖရုသဝါစာ = ကြမ်းတမ်းသောစကား ဆဲရေးသော စော်ကားသောစကားကိုပြောဆိုခြင်း။
(ဖရုသ ဝါစာကံမြောက်ကြောင်းအင်္ဂါ ၃-ပါး - ၁။ဆဲရေးခြင်းလိုသောစိတ်ရှိခြင်း။ ၂။စိတ်ဆိုးခြင်း။ ၃။ဆဲရေးခြင်း အကြောင်းအင်္ဂါဆယ်ပါးတို့ဖြင့် ဆဲရေးခြင်း)။

၇။သမ္ဖပ္ပလာပဝါစာ = အကျိုးမဲ့သောစကားများကို ပြောဆိုခြင်း။ (သမ္ဖပ္ပလာပဝါစာကံမြောက်ကြောင်း အင်္ဂါ နှစ်ပါး ၁။အကျိုးမဲ့သောစကားကို ရှေးရှုခြင်း။ ၂။ထို စကားကိုပြောဆိုခြင်း)။

အဘိဇ္ဈာ = သူတစ်ပါးစည်းစိမ်ချမ်းသာကို လိုချင်သောစိတ်ဖြင့် ရှေးရှုကြံစည်ခြင်း။ (အဘိဇ္ဈာကံ မြောက်ကြောင်းအင်္ဂါ ၂-ပါး - ၁။ သူတစ်ပါး စည်းစိမ်ဥစ္စဖြစ်ခြင်း။ ၂။မိမိစည်းစိမ်ဖြစ်လျှင်ကောင်းမှာပဲဟု ရှေးရှုကြံစည်ခြင်း)။

ဗျာပါဒ = သူတစ်ပါးတို့ ပျက်စီးစေလိုသော ဒုက္ခရောက်စေလိုသော ကြံစည်ခြင်း။ (ဗျာပါဒကံမြောက် ကြောင်းအင်္ဂါ ၂-ပါး = ၁။တစ်ပါးသော သတ္တဝါဖြစ်ခြင်း။ ၂။ထိုသတ္တဝါတို့ သေကြလျှင်ကောင်းမှာပဲကြံ စည်ခြင်း)။ မှတ်ချက်/ သေသည်
အထိကြံစည်မှ ကမ္မပထမြောက်သည်။ ဆင်းရဲစေလိုမှုသာဆိုလျှင် ကံသာမြောက်သည်။ ကမ္မပထမမြောက်သေးပါ။

မိစ္ဆာဒိဋ္ဌိ = မှားယွင်းသောအယူကို ယူခြင်း။ (မိစ္ဆာဒိဋ္ဌိကံမြောက်ကြောင်းအင်္ဂါ ၂-ပါး = ၁။မိမိယူထား သောအယူသည် မဟုတ်မမှန်ဖောက်ပြန်သော သဘောရှိခြင်း။ ၂။ထိုမှားယွင်းသည့်အတိုင်း ယူဆထား ခြင်း)။ မှားယွင်းသော အယူများတွင် ကမ္မပထမြောက်သောမိစ္ဆာဒိဋ္ဌိတို့ကား နတ္ထိကဒိဋ္ဌိ၊ အဟေတုက ဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိသုံးပါးတို့ဖြစ်ပါသည်။ ကြွင်းသော သဿတဒိဋ္ဌိစသည်တို့ကား
ကံသာမြောက်သည်။

ဆက်လက်ဖေါ်ပြပါဦးမည်

No comments:

Post a Comment