၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Friday, August 9, 2013

ရုပ်ကလာပ်ဆိုတာ ဘာလဲ

ဒကာ။ ။ ကလာပ်၊ ရုပ်ကလာပ် စသည် ခေါ်ဆိုနေကြတာ
အဲဒီ ကလာပ်ဆိုတဲ့ အဘိဓါန်ပုဒ်ရဲ့ မူလဝေါဟာရနဲ့ ယင်းရဲ့
အနက်အဓိပ္ပါယ်ကို သိပါရစေ ဆရာတော်။
ဆရာ။ ။ ကလာပ်ဆိုတဲ့ မူလဝေါဟာရက ကလာပ ပါဠိ
ဘာသာ ဖြစ်တယ်၊ သူ့မှာ နှစ်ပုဒ်ပေါင်းစပ်ထား တာ ဖြစ်တယ်၊
ကလာ က တစ်ပုဒ်၊ အာပ က တစ်ပုဒ် နှစ်ပုဒ်ပေါင်းမှ ကလာပ
ဖြစ်လာတာ၊ သူရဲ့ အနက်အဓိပ္ပါယ်က.....
(၁) ကလာ = အသေးငယ်ဆုံးသော (ပကတိကြည်လင်သော
မျက်စိ၊ အားအကောင်းဆုံးသော မှန်ပြောင်းတို့ဖြင့်) ကြည့်ရှုလို့
မမြင်နိုင်သော ရုပ် အစိတ်အပိုင်းကလေးတစ်ခုကို ခေါ်ဆိုတယ်။
ပုံစံကတော့ ပထ၀ီရုပ်ကလေး တစ်ခုကိုသော်လည်းကောင်း၊
အာပေါရုပ် ကလေး တစ်ခုကိုသော် လည်းကောင်း စသည်တို့
ဖြစ်တယ်။
(၂) အာပ = အဖွဲ့အစည်းတစ်ခုကို ခေါ်ဆိုတယ်။
ဒါကြောင့် ကလာပ်ဆိုတာ အသေးငယ်ဆုံးသော ရုပ်အစိတ်အ
ပိုင်းတို့၏ ၈ ခု တစ်တွဲ၊ ၉ ခုတစ်တွဲ၊ ၁၀ ခုတစ်တွဲ၊ ၁၁ ခု တစ်တွဲ၊
၁၂ ခု တစ်တွဲ၊ ၁၃ ခုတစ်တွဲ အစည်းအလုံး အပေါင်းအစု အတွဲ
လေး တစ်ခုကို ခေါ်ဆိုတာ၊ ကဲ... သဘောပေါက်ရဲ့လား၊ ရုပ်က
လာပ် ဆိုတာ အဲဒါပဲ။
ဒကာ။ ။ မမြင်နိုင် မမြင်ရ ဆိုတဲ့ အဖြေစကားကို သံသယရှိ
ပါတယ် ဆရာတော်၊ ဓါတ်ခွဲခန်းတွေမှာ မျက်စိနဲ့ မမြင်ရတဲ့ရောဂါ
ပိုးမျိုးတွေကို မှန်ဘီလူးကြီးနဲ့ ရှာဖွေတွေ့မြင်နေကြတာပဲဟာ၊ အဲဒီ
ပိုးကောင်ကလေးတွေ ဟာ အသေးငယ်ဆုံးသော ရုပ်ကလာပ်တွေ
ပဲမဟုတ်လား ဆရာတော်၊ အားလုံးနားလည်အောင် ရှင်းပြပေးပါဦး
ဘုရား။
ဆရာ။ ။ အင်း... ဒါက အဘိဓမ္မာလေ့လာဖူးသူနဲ့မှ ရှင်းပြလို့
ဟန်ရမှာ၊ သို့မဟုတ်က ရှုပ်သထက် ရှုပ်ကုန်မှာပဲ၊ကိုင်း... ရှင်းပြမယ်
နားထောင် မှတ်သားပေတော့။
ကလာပ်စည်းတစ်ခုတည်းမှာ အနည်းဆုံး ရုပ်ရှစ်ပါး ပါတယ်၊ (ပထ၀ီ၊
အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ) အဲဒီရုပ်ရှစ်ပါး
တစ်ခုကို အဋ္ဌကလာပ်ရုပ်တစ်ခုလို့ ခေါ်တယ်၊အဲဒီ ရုပ်ရှစ်ပါးထဲမှာ
ရုပ်ထိန်းဓါတ်ခေါ်တဲ့ ဇီဝိတရုပ် တစ်ပါးထည့်လိုက်ရင် ဇီဝိတန၀က
ကလာပ်လို့ခေါ်ရတယ်၊ ပင်လယ်သမုဒ္ဒရာ ရေ၊ မြေ၊ တော၊ တောင်
မြင်ရသမျှ သက်မဲ့အရာဝတ္ထု ဒြပ်တွေထဲမှာ အဲဒီရုပ်ရှစ်ပါး၊ တစ်နည်း-
ကိုးပါးပဲ ရှိတယ်၊ အဲဒီ ရုပ်ရှစ်ပါးတစ်စုကို ပကတိမူလ ရုပ်ကလာပ်
တစ်ခုလို့ ခေါ်တယ်။
အဲဒီ ရုပ်ကလာပ်တစ်ခုကိုလည်း မျက်စိနဲ့ မမြင်နိုင်ဘူး၊ ယင်းအဋ္ဌ
ကလာပ်ရုပ်ပေါင်း သိန်း သန်း ကုဋေ စုပေါင်းမိမှ အိမ်ခန်းတွင်းမှာ
အမြဲလွင့်နေတဲ့ နေရောင်ခြည်ထိုးမှ မြင်ရတဲ့ မြူမှုန်ကလေးတစ်ခု
ဖြစ်လာတာ၊ တီဘီ ပိုးကလေးတစ်ကောင် ဖြစ်လာတာ၊ အဲဒီမြူမှုန်
ကလေးပေါင်း သိန်း သန်း ကဋေ စုမိမှ သဲမှုန့်ကလေးတစ်ပွင့် ဖြစ်
လာတာ၊ ဒီတော့မှ မျက်စိနဲ့မြင်ရတာ၊ အဲဒီ သဲမှုန့်ကလေးတစ်ခုထဲ
မှာ ရုပ်ကလာပ်တွေ ကုဋေပေါင်း မရေမတွက်နိုင်အောင် ရှိတယ်
ဆိုတာကို ဉာဏ်နဲ့သာ ဆင်ခြင်တွက်ဆပြီး မြင်အောင် ကြည့်ပေ
တော့၊ ဆားအနုကလေးတစ်ပွင့်၊ သဲအနုကလေးတစ်ပွင့်ထဲမှာ
အဋ္ဌကလာပ် ရုပ်ပေါင်း သိန်း သန်း ကုဋေ ပါဝင်စုပေါင်းနေတာ
ဖြစ်တယ်၊ အဲဒီတော့မှ ၀ဏ္ဏရုပ်ခေါ်တဲ့ အဆင်းရူပါရုံက ပေါ်လွင်
ထင်ရှားလာတာမို့ မြင်ရတာ၊ ကဲ... ကျေနပ်ရဲ့လား။
ဒကာ။ ။ ဒီရုပ်တွေကို ကလာပ်စည်းဖြစ်အောင်နဲ့ သက်ရှိ
သက်မဲ့သတ္တ၀ါ ပုံစံအမျိုးမျိုးတွေကို ဘယ်သူက စုစည်းပေးနေတာ
လဲ ဆရာတော်။
ဆရာ။ ။ ရုပ်သက်သက်ရှိနေတဲ့ သက်မဲ့ တော၊ တောင်၊
ရေ၊ မြေ ပုံစံအမျိုးမျိုးတွေကို ဥတု က စီမံဖန်ဆင်းပေးတယ်။
ရုပ်နာမ်နှစ်ပါး ယှဉ်စပ်နေတဲ့ သက်ရှိသတ္တ၀ါ အမျိုးမျိုးတွေရဲ့ ပုံဟန်
သဏ္ဌာန် ဒြပ် အမျိုးမျိုး တွေကိုတော့ ကံ၊ စိတ်၊ ဥတု၊အာဟာရ ဆို
တဲ့ အကြောင်းတရားကြီးလေးပါးက သင့်သလို စီမံဖန်ဆင်းပေးတယ်၊
အဲဒီလေးပါးထဲမှာလည်း ကံနဲ့စိတ်က ဦးစီးခေါင်းဆောင်ဖြစ်တယ်၊ ဒါပဲ၊
ဗုဒ္ဓဘာသာဝင်တို့အလို တန်ခိုးအရှင်က ဖန်ဆင်းပေးတာ မဟုတ်ဘူး၊
ဒါက ပညာရှိများမှသာ ယုံကြည်တာ၊ သမ္မာဒိဋ္ဌိဗုဒ္ဓဘာသာ အစစ်တို့ရဲ့
အယူပဲ။
ဒကာ။ ။ ယုံကြည်ကျေနပ်ပါပြီ ဆရာတော်၊ ရူပပရိစ္ဆေဒဉာဏ်၊
ပစ္စယပရိစ္ဆေဒဉာဏ် နှစ်ပါး ခုမှပဲ ကွဲပြားတော့တယ်။ 
 

မဟာကံ့ကော်မြိုင် ဆရာတော်ဦးသြသဓ

No comments:

Post a Comment