
လုပ်ရပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင် သေချာစဉ်းစားထားတာ
အကောင်းဆုံးပါပဲ။ အခုတော့ နောင်တတွေ တစ်လှေကြီးနဲ့၊ဘ၀ဟာ ပရမ်းပတာ
နိုင်လွန်းလှပါတယ်။ ငါတို့ပျော်နေသလို သူတို့လည်း ပျော်ပါစေဆိုတဲ့
စိတ်ကူးမျိုးဟာသူတော်ကောင်းတွေရဲ့ စိတ်ဓာတ်ပါ။ ဒါပေမဲ့
ရွေးချယ်ခွင့်မရှိတဲ့ ပဋိပက္ခတွေကြားမှာ အမှားနဲ့အမှန်ဆိုတာ
နောက်ကောက်တွေကျလို့။ ကိုယ်ချင်းစာတရားဆိုတာကလည်း
လေငြိမ်တဲ့အချိန်မှာမှထွန်းတောက်တတ်တဲ့ မီးတစ်ပွင့်ပါလားလို့တောင်
တွေးချင်လာတယ်။ အခုလို မထင်မှတ်ပဲ ဖြစ်ပျက်သွားတာတွေကို
ဘယ်လိုတရားနဲ့ဖြေဖြေ အကုသိုလ်သာ အဖြေတွေထွက်ပါတယ်။ လေပြေဟာ မုန်တိုင်းရဲ့
အကြိုမှန်းသိရင် ငါ့ဖိနပ်တွေ စင်ပေါ်ပြန်တင်ထားမိမှာပါ။
ဘာရယ်မဟုတ်ပါဘူး..ညက ရီးယဲမက်ဒရစ်နဲ့ ဒေါ့မွန်ပွဲကိုကြည့်ပြီး တရားတွေကျလို့ပါ။ 2 + 0 တဲ့လေ။
No comments:
Post a Comment