၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Sunday, May 5, 2013

ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်ဝတ္တရားများ

ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်လာလျှင်ဖော်ပြပါ ဘာသာရေးဆိုင်ရာလုပ်ငန်းတာဝန်များကို ပညာဦးစီသော ယုံကြည်မှုဖြင့် နေ့စဉ်မပြတ် ပြုလုပ်ဆောင်ရွက်ကြရပါသည်။
၁။       ဘုရားရှိခိုးခြင်း
၂။       မေတ္တာပို့ခြင်း
၃။       အမျှဝေခြင်း
၎။       အလှူဒါနပြုလုပ်ခြင်း
၅။       ကိုယ်ကျင့်တရားကောင်းအောင် သီလဆောက်တည်ခြင်း
၆။       လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း
၇။       သာသနာတော် သန့်ရှင်း/တည်တံ့/ပြန့်ပွားအောင် ဆောင်ရွက်ခြင်း

၁။       ။ ဘုရားရှိခိုးခြင်း
          ဘုရားရှိခိုးခြင်း-ဟူသည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို သိနား လည်အောင်လေ့လာထားပြီး နှလုံးသွင်းရွတ်ဆို၍ ထိခြင်းကြီးငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်းဖြစ်ပါသည်။

၂။       ။ မေတ္တာပို့ခြင်း
          မေတ္တာပို့ခြင်း-ဟူသည်မှာ သတ္တ၀ါများ ကြီးပွားချမ်းသာစေလိုသော စိတ်ဆန္ဒကိုဖြစ်စေ၍ ပို့လွှတ်ခြင်း၊ ပွားများခြင်းကို ဆိုလိုသည်။

၃။       ။ အမျှဝေခြင်း
          အမျှဝေခြင်း-ဟူသည်မှာ မိမိပြုလုပ်ခဲ့သည့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့၏ အဖို့ဘာဂကို မိမိနှင့်ထပ်တူထပ်မျှ ရပါစေခြင်းအကျိုးငှာ သတ္တ၀ါအပေါင်းတို့အား '' အမျှ..အမျှ..အမျှ '' ဟု ၀မ်းမြောက်ဝမ်းသာ ပေးဝေခြင်းဖြစ်ပါသည်။

၎။       ။ အလှူဒါနပြုလုပ်ခြင်း
          အလှူဒါနပြုလုပ်ခြင်း-ဟူသည်မှာ အလှူခံပုဂ္ဂိုလ်အမျိုးမျိုးတို့အား လှူဖွယ်ဝတ္ထုအမျိုးမျိုးဖြင့် စေတနာသုံးတန် ပြဋ္ဌာန်း၍ လှူဒါန်းခြင်း ဖြစ်ပါသည်။

၅။       ။ကိုယ်ကျင့်တရားကောင်းအောင် သီလဆောက်တည်ခြင်း
ကိုယ်ကျင့်တရားကောင်းအောင် သီလဆောက်တည်ခြင်း-ဟူသည်မှာ အနိမ့်ဆုံး ငါးပါးသီလကို အသက်ထက်ဆုံး ခါးဝတ်ပုဆိုးကဲ့သို့မြဲအောင် ဆောက်တည်ခြင်းဖြစ်ပါသည်။

၆။       ။ လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း
          လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်း-ဟူသည်မှာ '' ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ '' စသည်ဖြင့် ခွဲခြားမြင်နေသောအမြင်ကို ကျော်လွန်ပြီး အရာရာကို ရုပ်၊ နာမ်အဖြစ် မြင်အောင်ကြည့်၍ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-အစိုးမရနိုင်ခြင်း ဟု ရှုမြင်ခြင်းဖြစ်ပါသည်။

၇။       ။ သာသနာတော် သန့်ရှင်း/တည်တံ့/ပြန့်ပွားအောင် ဆောင်ရွက်ခြင်း
          သာသနာတော် သန့်ရှင်း/တည်တံ့/ပြန့်ပွားအောင် ဆောင်ရွက်ခြင်း-ဟူသည်မှာ မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ မြတ်စွာဘုရားရှင်၏အဆုံးအမစကားများ တည်တံ့ပြီးပြန့်ပွားအောင် ဓနအား၊ ကာယအား၊ ဥာဏအားတို့ဖြင့် စွမ်းနိုင်သမျှ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
          (ထိုသို့ဆောင်ရွက်ရာ၌ ဘာသာရေးအသင်းအဖွဲ့များ၌ပါဝင်ခြင်း၊ ပရိယတ္တစာသင်သားရဟန်း၊ သာမဏေများအား ထောက်ပံ့ခြင်း၊ ပဋိပတ္တိကျင့်သုံးနေသော ယောဂီများအား ထောက်ပံ့ခြင်း၊ ဗုဒ္ဓစာပေ ပြန့်ပွားရေးအတွက် ပါဝင်ဆောင်ရွက်ခြင်း၊ အိမ်တွင်းသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ရပ်ရွာအတွင်း သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခြင်း စသည်တို့ ဖြစ်ပါသည်။)

(ဗုဒ္ဓဘာသာတရားတော်၊ သာသနာရေးဦးစီးဌာန

No comments:

Post a Comment