တနေ့သောအခါက အမှိုက်ပုံမှ ယင်ကောင်တစ်ကောင်သည် အုန်းသီးခွံအတွင်း အနည်းငယ် ကျန်ရှိနေသော အရက်အနည်းငယ်တို့ကို တို့ကြည့်မိ၏။ ထို့်နောက် ယင်ကောင်သည် ပိုမိုလေးလံလာပြီး အားကောင်းလာသည်ဟု ခံစားမိ၏။ ထို့ကြောင့် ယင်ကောင်သည် အမှိုက်ပုံသို့ ပြန်သွား၏။ သူသည် အမှိုက်ပုံပေါ် သို့ ရောက်သည်နှင့် အမှိုက်ပုံသည် အနည်းငယ်နိမ့်ကျသွား၏။ ယင်ကောင်က “ ကြည့်ပါလား..ငါပိုပြီး အားကောင်းလာပြီ” ဟု တွေးထင်၏။
ထိုအချိန်တွင် ဆင်တစ်ကောင်သည် အနားမှ ဖြတ်သွား၏။ ထိုအခါ ယင်ကောင်က “သူငယ်ချင်း…မင်း တိုက်ခိုက်ဖို့လာတာလား၊ ဒီနေ့ ငါ အဆင်သင့်ပဲ” ဟု စိန်ခေါ်လိုက်၏။ ဆင်သည် အမှိုက်ပုံရှိရာသို့ လျှောက်လာ၏။ ဆင်သည် ဘာမျှမပြောဘဲ ခြေဖြင့် ဆောင့်နင်းလိုက်၍ ယင်ကောင် တော်တော်များများ သေဆုံးကုန်သည်။
မူးယစ်မေ့လျော့၊ ထုံထိုင်းစေသော အရည်များနှင့် ဆေးများကို သောက်ပါက ယင်ကောင်ကဲ့သို့ အသိ စိတ်များပျောက်မည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်က ထိုသည်တို့ကို သောက်သုံးခြင်းမှ ရှောင်ကြဉ်စေလိုသည်။
No comments:
Post a Comment