- Downloadတရားတော် (6)
- mp3 (11)
- mp3တရားတော်များ (18)
- ကရုဏာတရား (1)
- ဂါထာတော်များ (1)
- ဆုံးမစကား (11)
- တရားတော်များ (25)
- ဓမ္မပုံပြင် (3)
- ဓမ္မရသ (9)
- ဓမ္မဆောင်းပါးများ (15)
- ဓမ္မဆောင်းများ (2)
- ပဋ္ဌာန်း (3)
- ဗုဒ္ဓ၀င် (2)
- ဘာသာရေး (1)
- အခမဲ့ ကြော်ငြာကဏ္ဍ (4)
- အဘိဓမ္မာ (2)
- အထွေထွေ (16)
Sunday, May 5, 2013
မျောက်ထောင်ချောက်
တရုတ်နိုင်ငံတွင် မျောက်များကို ထူးခြားသောနည်းဖြင့် ဖမ်းဆည်းကြ၏။ ထောင်ချောက်သမား သည် ပထမဦးစွာ အုန်းသီးတစ်လုံးကို ယူပြီး လက်သီးဆုပ်မပြုမီ၊ လက်ဝင်နိုင်လောက်သည့် အပေါက်တစ်ခု ပြု လုပ်၏။ ထို့နောက် မြေပဲစေ့အချို့ကို အုန်းသီးအတွင်းထည့်ပြီး အုန်းသီးကို မျောက်များလာလေ့ရှိသော နေရာ တွင် ချထား၏။ ထို့နောက် အုန်းသီးပတ်ပတ်လည်တွင်လည်း မြေပဲများ ကျဲထား၏။ မကြာမီမှာပင် စူးစမ်းလို သော မျောက်ရောက်လာပေလိမ့်မည်။
ပထမတွင် မျောက်သည် မြေကြီးပေါ်သို့ ပြန့်ကျဲနေသော မြေပဲများကို စားမည်။ ထို့နောက် အုန်းသီးကို တွေ့ပြီး အတွင်းမှ မြေပဲများကိုပါ မြင်မည်။ မျောက်သည် သူ၏လက်ကို အုန်းသီးထဲ ထည့်ပြီး အတွင်းမှ မြေပဲကို ဆုပ်ယူပါက သူ၏လက်သည် မြေပဲဖြင့် ပြည့်နေသော လက်ဖြစ်ပြီး အုန်းသီးအတွင်းမှ ပြန်၍ထုတ်မရပါ။ မည်မျှ ပင် ရုန်းကန်ပြီး ဆွဲထုတ်သော်လည်း မရပေ။
မျောက်သည် ကျယ်လောင်စွာအော်ပြီး ကြောက်လန့်နေမည်။ မျောက်သည် မြေပဲကိုလွှတ်ချ၊ လက်သီး ဆုပ်ကိုဖြေပြီး လက်ကိုထုတ်ရန်ဖြစ်သော်လည်း မျောက်ကမပြုလုပ်ပါ။ ထိုအချိန်တွင် ထောင်ချောက်သမား သည် မျောက်ကို အလွယ်တကူ ဖမ်းနိုင်၏။
ကျွန်ုပ်တို့သည်လည်း မျောက်ကဲ့သို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆင်းရဲမှ လွတ်မြောက်လိုသော်လည်း လိုချင်တပ်မက်မှုများကို မစွန့်လွှတ်နိုင်သဖြင့် အခက်အခဲနှင့် မကြာခဏကြုံရ၏။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment