'စ' က နာ့စ်လေးတစ်ယောက်ပြောပြတာလေးက very touchable ဖြစ်စေတယ်။ ကဲ... လုပ်ပါအုံး free thinker တွေ။ သူပြောတာက
Sometime I am so sad by seeing the aged because they can't walk and say anything what they want.
They have children but their children do not come to see their mother and father.
They only come on mother's day and father's day.
On other days, they do not come. Sometime old people cry.
Even when their mother and father die, some do not come for the last time of their benefactors.
They only give money for funeral. They are very bad. I took care of old people as much as I could. Sometime I can't sleep and fell well by pitying for them for the whole night.
(တခါတလေ သက်ကြီးရွယ်အိုတွေ ဖြစ်ပျက်နေတာကို မြင်ရတာ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ သူတို့ လမ်းလဲ မလျှောက်နိုင်ဘူး။ လိုချင်တာကိုလဲ မပူဆာနိုင်ဘူး။ သူတို့မှာ ကလေးတွေလဲ ရှိတာပဲ့လေ။ ဒါပေမဲ့ သူတို့ကလေးတွေကမှ သူတို့ကို လာမကြည့်တာ။ သူတို့ကလေးတွေက အမေများနေ့၊ အဖေများနေ့လောက်ပဲ့ မိဘဆီလာတာ။အခြားနေ့တွေမှာဆို မလာကြဘူး။ တခါတလေဆို အဖိုးအဖွားတွေ ငိုကြတာ။ သူတို့ကျေးဇူးရှင်အမေ၊ အဖေသေတဲ့အချိန်မှာတောင် သားသမီးတွေက ကျေးဇူးရှင်တွေရဲ့ နောက်ဆုံးအချိန်လေးကို အလျှင်မှီအောင် မလာကြဘူးလေ။ မိဘတွေရဲ့ အသုဘအခမ်းအနားအတွက် ငွေတွေပဲ့ လွှဲပို့ကြတာ။ ဒါကြောင့် တပည့်တော် စွမ်းနိုင်သလောက် စွမ်းအားလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ခဲ့တယ်။ တခါတလေ သူတို့ကို သနားလို့ တပည့်တော် ညလုံးပေါက် မအိပ်နိုင်တောင် ဖြစ်တယ်)
ဒါနဲ့ တဆက်တည်း ဆရာနန္ဒာ့သိန်းဇံ ပြောခဲ့ဖူးတဲ့ စကားလေးတခွန်းကို သတိရတယ်။ ရှေးဟောင်းပုဂံဘုရားတွေ ပြုပြင်နေတာနဲ့ ပတ်သက်လို့ပါ။ (ထိန်းသိမ်းတာ မဟုတ်ဘူးနော်)
သူပြောတာက '' တန်ဖိုးဆိုတာ သစ်လွင်မှုမှာ ပါသလို ဟောင်းနွမ်းခြင်းမှာလဲ ရှိတယ်တဲ့။ ရှေးဟောင်ပစ္စည်းကို တန်ဖိုးတက်စေချင်လို့ မပြုပြင်ရဘူး။ ထိန်းသိမ်းရမယ်။ ပြုပြင်လိုက်ရင် ဟောင်းနွမ်းခြင်းတန်ဖိုးလျော့သွားပြီ။ ရှေးဟောင်းပစ္စည်းရဲ့သဘောက ဟောင်းနွမ်းလေလေ တန်ဖိုးတက်လေလေပါ'' တဲ့။

No comments:
Post a Comment