၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Sunday, May 5, 2013

ရဟန်းတော်တို့ အသက်နှင့် လဲ၍ စောင့်စည်းကြသော အပြစ်ကြီး လေးမျိုး

ရဟန်းတော်တို့အတွက် သိက္ခာပုဒ်တို့တွင် အရေးကြီးဆုံးလိုက်နာရန်နှင့်
အပြင်းထန်ဆုံး ပါရာဇိကအာပတ် (သာသနာတော်မှ ရွေ့လျောကျခြင်း ) လေးမျိုးရှိပါသည်။

ဤပါရာဇိကအာပတ် လေးမျိုးသည် ရဟန်းတော်တို့၏ ၀ိနည်းစည်းကမ်းများတွင် အရေးကြီးဆုံးဖြစ်သကဲ့သို့ ကျူးလွန်မိသော ရဟန်းသည်လည်း ယခုဘ၀တွင်ပင် အလိုအလျှောက် သိက္ခာကျပြီးသားဖြစ်သွားပြီး မဂ်ဖိုလ်
နိဗ္ဗာန်မှ လွဲချော်နိုင်သည်အထိ အပြစ်ကြီးလေးလှပေသည်။

ပါရာဇိကအာပတ်သို့ရောက်သော ရဟန်းတစ်ပါးကို---

၁။ ဦးခေါင်းပြတ်သွားသောလူ

၂။ ကြွေကျသွားသောသစ်ရွက်

၃။ နှစ်လွှာကွဲသောကျောက်ဖြာ

၎။ လည်ဆစ်ပြတ်သွားသော ထန်းပင်တို့နှင့် တင်စားလေ့ရှိသည်။

အဆိုပါ အပြစ်ကြီးလေးမျိုးမှာ ---

၁။ မေထုန်မှီဝဲမှု ( အနိမ့်ကျဆုံး တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှု )

၂။ ခိုးယူမှု (အနိမ့်ကျဆုံး တစ်မတ်၊ တစ်မတ်တန်သော သူတစ်ပါးဥစ္စာကို ခိုးယူမှု )

၃။ လူသတ်မှု (အနိမ့်ကျဆုံး ကိုယ်ဝန်ပျက်ကျဆေးပေးမှု၊ ညွှန်ပေးမှု )

၎။ လူအထင်ကြီးစေလိုသော ဆန္ဒဖြင့် တရားထူး၊ တရားမြတ်တို့ကို မရရှိသေးဘဲ ကြွားဝါမှုတို့ ဖြစ်သည်။

ဤစည်းကမ်းလေးချက်နှင့် ပတ်သက်၍ အသေးစိတ်လေ့လာကြည့်လျှင် မည်သည့်နည်းနှင့်မျှ ဥပဒေလက်တစ်လုံးခြားလုပ်၍ အပြစ်မှ လွတ်အောင် လုပ်၍မရသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့မြင်နိုင်ပါသည်။ အထက် အပြစ်ကြီးများထဲမှ တစ်မျိုးမျိုးကို တစ်ကြိမ်ကျူး လွန်မိလျှင်ပင် ရဟန်းမဟုတ်တော့ချေ။ ဤအပြစ်ကြီးလေးမျိုးကို ကျူးလွန်မိပါက အာပတ်လည်း ဖြေ၍မရတော့သဖြင့် လူဝတ်လဲရ လေတော့သည်။ ဤလေးမျိုးမှ ကျန်သော သိက္ခာပုဒ်တို့ကို ကျူးလွန်မိလျှင်ကား အာပတ်ဖြေ၍ ရသေးသဖြင့် ရဟန်းဘ၀၌ ဆက်လက် ရပ်တည်၍ ရသေးသည်။

No comments:

Post a Comment