၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Saturday, May 4, 2013

လိုက်နာကျင့်သုံးစရာ ... ဗုဒ္ဓအဆုံးအမများ


မှတ်သားဖွယ်ရာများ

လူမိုက်လက္ခဏ
-ပစ္စုပ္ပုန် .သံသရာ ကျိုးနှစ်ဖြာကို ပညာမျက်စိဖြင့် မကြည့်တတ်ခြင်း
-ကိုယ်နှုတ် နှလုံး(၃)ပါးကို မစောင့်ထိန်းတတ်ခြင်း
-နေ့၊ညမရွေးဘဲ အကုသိုလ် စရိုက်တို့ကို ကျူးလွန်လေ့ရှိခြင်းတို့မှာ ဗာလ ခေါ် လူမိုက်လက္ခဏများ ဖြစ်၏

ပူဇော်ထိုက်သူများ

၁ ဘုရား
၂ ပစ္စေက ဗုဒ္ဗါ
၃ သံဃ
၎ မိဘနှစ်ဖြာ
၅ ဆရာ
၆ ဂုဏ်ကြီးသူ
၇ အသက်ကြီးသူ
၈ ရဟန္တာ

သင့်တင့်လျောက်ပတ်သောပတိရူုပ အရပ်ဒေသ ဟူသည်

-သာသနာထွန်းကားသောအရပ်
-လွယ်လင့်တကူ ပညာသင်ယူနိုင်သောအရပ်
-ဆေးကောင်း၊သမားကောင်းရှိသောအရပ်
-လွယ်ကူစွာ ပစ္စည်းဥစ္စာရှာနိုင်သောအရပ်

ဗဟုသုတ(၃)မျိုး

၁-ဒေသန္တရ- တိုင်းပြည်၊ဒေသ ရပ်ရွာ ဗဟုသုတ
၂-ဘာသန္တရ ဘာသာအမျိုးမျိုးပြောနိုင်ခြင်း ဗဟုသုတ
၃-ဂန္တန္တရ ကျန်းဂန်အမျိုးအမျိုးတတ်မြောက်ခြင်း ဗဟုသုတ

အကြားအမြင်များသော ပညာရှိ(၃)မျိုး

ဗဟုသုတ များသော အကြားအမြင်ရှိသူ
သုတဓရ အကြားအမြင်ရွက်ဆောင်တတ်သူ
သုတသန္ဒိဧယ အကြားအမြင် ကို စုဆောင်းပြီးရှိသူ

အကြောင်းသုံးပါညီစကား

ဒုဗ္ဘာသိတာ အကောင်းသော စကားမဖြစ်စေရ
အန၀ဇ္ဇ ရာဂစသော အပြစ်မှကင်းရှင်းရမည်
အနိန္ဒ၀ဇ္ဖာ ပညာရှိတို့ကဲ့ရဲ့ခြင်းမှလွတ်ကင်းခြင်းရှိရမည်

စကားအရာလေးဖြာ

တရားနှင့်ပတ်သတ်သောစကားပြောရမည်။
တရားနှင့်ကင်းကွာသော စကားမပြောဘဲနေရမည်။
ချစ်ဖွယ်ရာ စကားဆိုရမည်။
ဟုတ်မှန်သော စကားကို ပြောဆိုရမည်

စကားခြောက်ခွန်း

(၁)ဟုတ်လည်း မဟုတ် ။သူလည်းမနာလို ။အကျိုးမရှိစကား
(၂)ဟုတ်၏။သူကားမနာလို။အကျိုးမရှိစကား
(၃)မဟုတ်။အကျိုးမရှိ ။သူကနာလို၏
(၄)ဟုတ်၏။နာလို၏။အကျိုးမရှိ
(၅)ဟုတ်၏။အကျိုးရှိ၏။သူကားမနာလို
(၆)ဟုတ်၏။အကျိုးရှိ၏။သူလည်းနာခံလို၏
အမှတ်စဉ် (၅) နှင့် (၆) အား လိုက်နာသင့်၏

မယား(ရ)မျိုး

၁ အမေနဲ့တူသောမယား
၂ နှမ ။အမ နှင့်တူသော မယား
၃ ကျွန်မနှင့်တူသော မယား
၎ သခင်နှင့်တူသောမယား
၅ ခိုးသူနှင့်တူသောမယား
၆ သူသတ်နှင့် တူသောမယား
ရ မိတ်ဆွေနှင့်တူသောမယား


အပြစ်ကင်းသော လုပ်ငန်းများ

ဥပုပ်သီလ စောင့်တည်ခြင်း
သစ်သီး။ပန်းမန်စိုက်ပျိုးခြင်း
ရေတွင်း။ရေကန်တူးဖော်ခြင်း
တံတားဆောက်ခြင်း။လမ်းခင်းခြင်း
ကံသုံးပါကို ထိန်းသိမ်းစောင့်ေ၇ှာက်ခြင်း

ဂါရ၀ နှင့် နိဝါတ

ဂါရ၀ = အရိုအသေပြုခြင်း
နိဝါတ = မိမိကိုယ်ကို မာန်မာန နှိမ့်ချခြင်း

သည်းခံခြင်းအကျိုး

လူအများချစ်ခင်ခြင်း
ရန်ငြိမ်းအေးခြင်း
အပြစ်နည်းခြင်း (နတ်တို့ချစ်ခင်ခြင်း)
မတွေဝေပဲသေရခြင်း
သူဂတိဘ၀သို့ရောက်ခြင်း

မင်္ဂလာတရားနှင့်အညီ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာကျင့်သုံးနိုင်ကြပါစေ။

No comments:

Post a Comment