စာသင်သားဘ၀ လွယ်တယ်မထင်ကြနဲ့
ဘုန်းကြီးဘ၀ဆိုတာ အလွယ်မမှတ်နဲ့
တကယ်ကြပ်သကွဲ့ ဒါယကာတို့ရေ၊
အနယ်နယ်အရပ်ရပ် ငါတို့ပြည်မှာ
ဝါလို့နေအောင် သံဃာများ။
လုပ်စားကြောက်လို့ အလကားနေသည်၊
အလွဲအမှားတွေ ထင်ကြလေ၏တကား။
ကာမဂုဏ်အစုပ် ခါထုက်ခါနော်
စာအုပ်ကိုသာ အဖော်ထား။
မသမာအလုပ်ဆိုတာ မတော်ပါလားရယ်လို့
အပျော်အပါး မလိုက်ပေ။
သပိတ်ပိုက်ကာ၊ လမ်းတကာသွားရ
ဆွမ်းခံစားရ၊ ပဲနဲ့ချဉ်ပေါင်ရေ။
မ၀တ၀ မျှတလေသည်. . .
ရသမျှတွေ သောင်းပြောင်းရောလို့
ကောင်းမကောင်း၊ ဘာမျှမချန်ပေါင်။
ပါသမျှ ပန်းကန်တွေပြောင်
စားပြီးစာတတ်၊ နှုတ်တက်ဆောင်တယ်
အမြှုပ်ထွက်ောအင် ၊ စာအံရပါသဗျလေး….
No comments:
Post a Comment