တခါက ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ငါးပါးသီလခံယူသည်။ ပထမတွင်
ထိုသီလများသည် သူ့ အတွက်လွန်စွာ အရေးကြီးပြီး တင်းကြပ်ကောင်းမွန်စွာ
လိုက်နာ၏။ အချိန်ကာလကြာမြင့်သော် သူ၏အကျင့် ဟောင်းများ ပြန်ပေါ်လာပြီး
အရက်သောက်လိုစိတ် ဖြစ်ပေါ်လာ၏။
သူက ငါးပါးသီလတွင် အရက်သေစာမှ ရှောင်ကြဉ်ခြင်းသည် တကယ်မလိုအပ်။ တစ်ခွက် နှစ်ခွက် သောက်ရုံနှင့် ဘာမှမဖြစ်နိုင်ဟု တွေး၏။ သူသည် အရက်သုံးပုလင်းဝယ်ပြီး စတင်သောက်၏။ သူသည် ဒုတိယ ပုလင်းသောက်နေချိန်တွင် အိမ်နီးနားချင်းပိုင်ဆိုင်သော ကြက်ကလေးတစ်ကောင်သည် သူ့အိမ်ထဲသို့ ပြေးဝင် လာ၏။ သူကစဉ်းစားသည်မှာ “ငါ့ကို သူတို့ အမြည်းပို့လိုက်တာပဲ၊ ဒီကြက်ကို အမြည်းစာရင်းထဲ ထည့်လိုက် မယ်၊ ဒါမှ အရက်ကို ကောင်းကောင်းသောက်နိုင်မှာ”။
ထို့်နောက် သူသည် ကြက်ကိုဖမ်းပြီး ပိုင်ရှင်၏ခွင့်ပြုချက်မယူဘဲ သတ်လိုက်၏။ ထိုအခါ သူသည် “သူ့ အသက်သတ်ခြင်းကို ရှောင်ကြဉ်ခြင်း သီလ” ကို ချိုးဖျက်လိုက်၏။ သူသည် ပိုင်ရှင်၏ခွင့်ပြုချက်မရဘဲ ကြက်ကို ယူသည့်အတွက် “သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်းသီလ” လည်း ကျိုး၏။ ရုတ်တရက် ဘေးအိမ် မှ အမျိုးသမီးဝင်လာပြီး မေး၏။ “ ငါ့ ကြက်ကို တွေ့မိလား”။ ထိုသူမှာ အရက်မူးနေပြီး ကြက်သားဟင်း ဗိုက်တွင် ပြည့်လျက် ထစ်ငေါ့စွာ ပြောဆို၏။ “မင်း ကြက်ကို မတွေ့မိဘူး၊ ဒီ အိမ်ထဲဝင်လာတာ ဘာမှ မရှိဘူး”။ ထိုအခါ “မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသီလ” ကျိုးပြန်၏။
ထို့နောက် သူသည် ထိုမိန်းမကို ကြည့်လိုက်ပြီး “အသင့်အတင့် ချောမောလှပသူ” ဟု ထင်လိုက်ပြီး အဓမ္မပြုကျင့်သဖြင့် “ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်းကို ရှောင်ကြဉ်ခြင်းသီလ” လည်း ကျိုးသွားပြန်၏။ သီလ တစ်ပါးကျိုးခြင်းသည် အရေးမကြီးဟု သူထင်ခဲ့သည်မှာ နောက်ဆုံးတွင် အားလုံးသော သီလကျိုးခြင်းအဖြစ်သို့ ရောက်သွားတော့သည်။
ဂျွမ်းဘားကစားသူသည် ပြကွက်များမပြမီ ကြမ်းပြင်အားလုံးကို ရှင်းထား၏။ ထို့အတူ ငါးပါးသီလမြဲခြင်းသည် ကောင်းသော အရည်အချင်းများ၏ အခြေခံဖြစ်ပါသည်။

No comments:
Post a Comment