၃၂ ကောဌာသတရားဆိုတာ

အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ဒကာမကြီးရေ တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။ အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။ မှန်ပါတယ် အလွန်မွန်မြတ်သော တရားပါ ဦးဇင်းတို့ တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တက်မက်မှုတရားတွေ ဖြစ်ပါတယ် ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် ဆရာတော်ဦးသြသဓ

Friday, August 2, 2013

"... ပါရမီ မည်သော တရားများ ..."

-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ဖြင့် မနှိပ်စက် မဖျက်ဆီးအပ်ပဲ မဟာဂရုဏာ ဥပါယကောသလ္လ ဥာဏ်တို့ ကို အခြေခံထား၍ ပြုလုပ်အပ်သော ဒါနမှု၊ သီလမှု အစရှိသော ဂုဏ်ကျေးဇူး တို့ သည် ပါရမီမည်ကုန်၏။

စွန့် ကြဲ လှူဒါန်း ပေးကမ်းမှု အရာ၌ ( တဏှာလောဘဖြင့် ) ငါ၏ဒါနဟူ၍ တပ်မက်စွဲလန်းခြင်း၊ ( မာနဖြင့် ) ဒါနသည်ပင်ငါ ဟူ၍ အောက်မေ့ထင်မှားခြင်း၊ ( ဒိဋ္ဌိဖြင့် ) ဒါနသည်ပင်ငါ၏ အတ္တလိပ်ပြာ ဟူ၍ အမြင်မှားခြင်းများ ရှိခဲ့ ဖြစ်ခဲ့သော် ထိုဒါနကို တဏှာ မာနဒိဋ္ဌိတို့ ဖြင့် နှိပ်စက် ဖျက်ဆီးတတ်သော ဒါန ဟူ၍သာ ခေါ်ဆိုရပေသည်။ ထိုကဲ့သို့  တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ ဖြင့် မနှိပ်စက် မဖျက်ဆီးအပ်သော ဒါနဖြစ်မှ ပါရမီမည်နိုင်သည်။

သီလဆောက်တည်မှုတို့ ၌လည်း ထို့ အတူပင် ဖြစ်လေသည်။
တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ဖြင့် မနှိပ်စက် မဖျက်ဆီး အပ်ရုံမျှဖြင့်လည်း ပါရမီမမည် နိုင်သေးပေ။ မဟာဂရုဏာနှင့် ဥပါယ ကောသလ္လ ဥာဏ်တို့ ကို အခြေခံထား၍ ပြုအပ်သော ဒါနမှု၊ သီလမှု၊ စသည်ဖြစ်မှသာ ပါရမီမည်နိုင်၏။

မဟာဂရုဏာ ဟူသည်မှာ
-------------------------

ဘုရားအလောင်းဖြစ်လိုသော အမျိုးကောင်းသားသည် မျက်မှောက်၊ မျက်ကွယ်၊ ရင်းရင်း ဖျားဖျား၊ ရှိရှိသမျှ သတ္တ၀ါအများ အပေါ်၌ ရင်မှပေါက်ဖွားသည့် သားသမီးများ သကဲ့သို့ ကြင်နာသနားခြင်း ပြင်းထန်စွာ ဖြစ်ပွားနိုင်ရသည်။

မိတ်ဆွေ ရန်သူဟူ၍ မခွဲခြားပဲ ရှိသမျှ သတ္တ၀ါများကို ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေ၀မီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး တို့ ဖြင့် အတောက် အလောင်ခံနေရသည့် သံသရာ့ ဒုက္ခိတ သတ္တ၀ါများ အဖြစ် ဆင်ခြင်စဉ်းစား၍ သနားခြင်း ပြင်းထန်စွာ ဖြစ်ရာ၏။ ကိုယ့်အသက်ကိုပင် မငဲ့ကွက်ပဲ သတ္တ၀ါတို့ ကို သံသရာမှ ကယ်တင်လိုသော ဂရုဏာတရား ကြီးစွာ ထားနိုင်ရ၏။

ဤဂရုဏာမျိုးကို ပါရမီတို့ ၏ အဖြေခံမဟာ ဂရုဏာဟု ခေါ်ဆို၏။ အလောင်းတော် သုမေဓာရှင်ရသေ့မှာ ဒီပင်္ကရာ မြတ်စွာဘုရား၏ သာသနာ၌ပင် အလိုတော်ရှိက ကျွတ်တမ်းဝင်နိုင် လောက်သည့် အကြောင်းနှင့် ပြည့်စုံပြီး ဖြစ်ပါသော်လည်း ဤမဟာဂရုဏာ ကိန်းဝပ်တော်မူ သူဖြစ်သဖြင့် နောက်ထပ် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာအောင် သံသရာ၌ အဆင်းရဲခံကာ သတ္တ၀ါတို့ ကို ကယ်တင်ရန်အတွက် ပါရမီတို့ ကို ဖြည့်ကျင့်တော် မူခဲ့ပေ၏။ ကိုယ်လွတ် ရုန်းလိုပါက သုမေဓာဘ၀ကပင် ရုန်းနိုင်၏ဟု ဆိုလိုပေသည်။

ဥပါယကောသလ္လဥာဏ်
-----------------------

ဟူသည်ကား မိမိပြုအပ်သောဒါနမှု သီလမှုစသည်တို့ အတွက် သဗ္ဗညုတဥာဏ်၏ ဥပနိဿယ အဆောက်အဦ အထောက်အပံ့ပစ္စည်း ဖြစ်စေရန် လိမ္မာ ကျွမ်းကျင်သော အသိဥာဏ်ပညာတည်း။ ဘုရားအလောင်း ဖြစ်လိုသော အမျိုးကောင်းသားသည် မိမိပြုအပ်သမျှသော ဒါနမှု၊ သီလမှု စသည်တို့ အတွက် သဗ္ဗညုတဥာဏ် တည်းဟူသော အကျိုးတစ်ခုကိုသာ ရဖို့ ရန် ရည်သန်တောင့်တမှု ပြုရပေသည်။ ၀ဋ်ဆင်းရဲ၌ အကျုံးဝင်သည့် ချမ်းသာများကို မတောင့်တရပေ။

ထိုသို့ မိမိပြုအပ်သမျှသော ကောင်းမှုတို့ အတွက် သဗ္ဗညုတဥာဏ် အကျိုးတစ်ခုကို ရဖို့ ရန်ကိုသာ ရည်သန်တောင့်တမှု ဆုတောင်းပြုခြင်း၌ လိမ္မာသိမြင်သော ပညာကို ဥပါယကောသလ္လဥာဏ် ဟုခေါ်လေသည်။

ဆိုအပ်ပြီးသည့် မဟာဂရုဏာတော်နှင့် ဥပါယကောသလ္လဥာဏ်တော် ဤနှစ်ပါးတို့ သည် ဘုရားအလောင်း ဖြစ်ဖို့ ရန်နှင့် ပါရမီတို့ ကို ဖြည့်ကျင့်နိုင်ရန် အရင်ခံတရားကြီးများ ဖြစ်ကြလေသည်။ ဘုရားဆုကို ပန်လိုသည့် အမျိုးကောင်းသားတို့ သည် ရှေးဦးစွာ ဤအရင်းခံ တရားကြီးနှစ်ပါးကို ပြည့်စုံအောင် အားထုတ် သင့်လှပေသည်။

ထိုတရားနှစ်ပါးကို အခြေခံထား၍ ပြုအပ်သော ဒါနမှု၊ သီလမှု အစရှိအပ်သော ဂုဏ်ကျေးဇူးတို့ သည်သာလျှင် ပါရမီစင်စစ် ဖြစ်နိုင်သည်ဟု ဆိုလိုသည်။

- မဟာဗုဒ္ဓ၀င် ပထမတွဲ ဒုတိယပိုင်း စာမျက်နှာ (၁၀၄) - မင်းကွန်းဆရာတော်ဘုရားကြီး မှကူးယူဖော်ပြပေးပါသည်။

ဓမ္မဒါန - https://www.facebook.com/pages/သူတော်ကောင်းတို-့လျှောက်သောလမ်း/478197798936948?ref=hl

No comments:

Post a Comment