
ပုဗ္ဗကိစ္စ ခေါ် ပရိကံ (၅) ချက်။
၁။ ခန္ဓာလှူရန်။
ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ဤခန္ဓာကို
၂။ဝန်ချတောင်းပန် ရန်။
တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် မိဘ၊ ဆရာသမား၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချကန်တော့ပါ၏။
(ရှိခိုးတောင်းပန် ကန်တော့ရပါမည်။)
၃။မေတ္တာပို့ရန်။
ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို.စောင့်နတ်၊သာသနာစောင့်နတ်မ
၎။အဓိဋ္ဌာန်ပြုရန်။
ရှေးရှေးဘ၀ ယခုဘ၀ ပြုပြုသမျှ တပည့်တော်၏ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့သည် တပည့်တော် အလိုရှိ တောင့်တအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း၊ ရောက်ခြင်းငှာ လျှင်မြန်စွာ ကျေးဇူးပြုပါစေဟု အဓိဋ္ဌာန် ပြုရမည် ဖြစ်ပါသည်။
၅။ မရဏံနုဿတိ ပွားများရန်။
ငါသည် ဘ၀များစွာက ခန္ဓာပျက်ကြွေ သေခဲ့ရသည့် ဘ၀တွေ များလှပေပြီ။
(ငါသည် မုချသေရမည်… အချိန်ပိုင်းသာ လိုတော့သည်… ယခုဘ၀ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ပါမည် အရှင်ဘုရား) ဟု အားထုတ်မှု အရှိန်ပြင်းထန်လာအောင် မိမိကိုယ်ကို တိုက်တွန်းရပါမည်။
ဓမ္မလမ်း ၀ိပဿနာသင်တန်း
မှ ကူးယူဖော်ပြပါသည်။
မဟာကံ့ကော်မြိုင် ဆရာတော်ဦးသြသဓ
No comments:
Post a Comment