ဖိုးသူတော် ဦးနု ဆုံးမစာ
(ဖိုးသူတော်ဦးနုရဲ့ ဆုံးမစာလေးတွေကိုမျက်စေ့နဲ့ကြည့်
ဦးနှောက်နှင့်ဖတ် ညဏ်နှင့်မှတ်၍ သတိနှင့်ဆင်ခြင်ကာ
နှလုံးသားမှာမှတ်တမ်းတင်ပြီး ယခုဘ၀ နောင်ဘ၀ အသုံးကျအောင်
လက်တွေ့အသုံချနိုင်ကြပါစေသော်။)
မြန်ဇမ္ဗူပေါ်၊ဥာဏ်ယူမျှော်သည့်၊သူတော်ကျွန်ုပ်၊နား၏တန်ဆာ၊နားဝင်သာအောင်၊လင်္ကာပုဒ်ဖြင့်၊
အာလုပ်ချိုမြ၊ စကားပုံသရုပ်၊အမျိုးထုတ်ပြီးလျှင်၊
အချုပ်ကိုပြခဲ့မည်..။ ။
*ဗုဒ္ဓဆာယာကို တွယ်ရမည်၊ ယုတ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကိုတွယ်မှ အေးမြရာသည်။
ယုတ်လှတာကို ပယ်မှ ဘေးပ ကွာမည်။
(ဆာယာ=အရိပ်။ ယုတ်လှ= ယုတ်ညံ့ခြင်း ။ ကိုဆိုလိုပါသည်)
*သေရည်ကိုမသောက်နှင့်၊ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။
ရေကြည်ကိုနှောက်က အနယ်အမှုန်တို့ ထတတ်သည်။
*ထင်တိုင်းလည်း နှိပ်၍မဆိုနှင့်၊ ၀င်တိုင်းလည်း သိပ်၍မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွားတတ်သည်။
ဝင်တိုင်း သိပ်၍မျိုက အန္တရာယ်များတတ်သည်။
*ဂေါဏမံသံကိုလည်း မစားနှင့် ၊ကောဓခြံရံကိုလည်း မပွားနှင့်။
ဂေါဏမံသံကို စားက မိဘသဖွယ်ဖြစ်ပေသည်။
ကောဓ ခြံရံကိုပွားက အဓိကရ အပါယ်နစ်ချေသည်။
*အယုတ်တရားကို အလိုမရှိနှင့်၊ မဟုတ်စကားကို မဆိုဘိနှင့်။
အယုတ်တရားကို အလိုရှိက ဘဂ၀ါ၏စကားတော်ကို ပါယ်ရာကျချေသည်။
မဟုတ်စကားကိုဆိုဘိက သမာဓိတရားတို့ ကွယ်လှာရလေသည်။
*မြှူသလိုပုံနှင့် ကလေးကို မစနှင့် ၊ လူကိုယုံသဖြင့် အကြွေးမချနှင့်။
မြှူသလိုပုံနှင့် ကလေးကိုစက ကလေးအမိုက်မို့ ဆဲတတ်သည်။
လူကိုယုံသဖြင့် အကြွေးချက အရေးမစိုက်သမို့ မွဲတတ်သည်။
*အမျိုးယုတ်သူ အဆင်းလှလျှင် သတိထားလင့်။
တန်းခိုးနုပ်သူ ထမင်းဝလျှင်၊မကျီစားနှင့်။
အမျိုးယုတ်သူ အဆင်းလှက စာဂ, တန်တတ်သည်။
တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။
*အဟုတ်အမှန်ကိုလည်း သိမှ၊ အလုပ်အကြံသည်လည်း ရှိမှ။
အဟုတ် အမှန်ကိုသိက သံသရာဘေးပ၍ အနေကျယ်ကြမည်။
အလုပ်အကြံရှိက ဆန်ရှာရေးလှ၍ အခြေတည်ကြမည်။
*သူဋ္ဌေးလိုကြွယ်သော်လည်း မာန်စွယ်မထနှင့်။
မြွေပွေးကို ငယ်သော်လည်း အလမ္ပါယ်မပြနှင့်။
သူဋ္ဌေးလိုကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနည်းလို့ ပြည်မုန်းတတ်သည်။
မြွေပွေးကို ငယ်သည်ဟု အလမ္ပါယ်ပြက ထိုမြေခဲလို့ သေဆုံးတတ်သည်။
*မတော်ဘဲ မ၀ယ်နှင့် ၊မခေါ်ဘဲ မလယ်နှင့်။
မတော်ဘဲ ၀ယ်လေက အသပြာဓန ရှုံးတတ်သည်။
မခေါ်ဘဲ လယ်ချေက မကြာခဏ မုန်းတတ်သည်။
*မတော်တာကို မမြီးမစားနှင့်၊ အဖော်မပါလျှင် ခရီးမသွားနှင့်။
မတော်တာကို မြီးစားက ဘေးရလို့ ရောဂါပွားတတ်သည်။
အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။
*ခရီးကိုလည်း အပြင်းမသွားနှင့်၊ မီးကိုလည်း အကြွင်းမထားနှင့်။
ခရီးကို အပြင်းသွာက မှားတတ်သည်။
မီးကို အကြွင်းထားက ပွားတတ်သည်။
*ဆရာပြောသမျှကို အပြီးမမှားလေနှင့်၊ အနာရောဂါကို မကြီးပွားစေနှင့်။
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။
အနာရောဂါကြီးပွားက ဒုက္ခရောက်တတ်သည်။
*စကား,စကား ပြောပါများ စကားထဲက ဇာတိပြ၍ မာနတံခွန်ထူတတ်သည်။
တရား,တရား ဟောဖန်များက တရားထဲက ပါဠိရ၍ ဒါန အလွန်လှုတတ်သည်။
*အမျိုးမြတ်မှ အရိုးကိုကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။
သံသရာလောက၊
နှစ်ဝအကျိုး၊ ပွားတိုးစေမှု၊ အာရုံပြုလျှက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊
နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ ဒကာ ဒကာမ။မှတ်သားကြ၍၊ နေ့ည
လေ့ကျက်ကြပါကုန်လော့……။
(သူ့အကျိုး ကိုယ့်အကျိုး သည်ပိုးနိုင်သူများ ဖြစ်နိုင်ကြပါစေ)
No comments:
Post a Comment